Wednesday, July 04, 2012
ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး မှတ်ပုံတင်အတု ကိုင်ဆောင်သူတွေ့ပါက ဥပဒေအရ အရေးယူမည်
ရခိုင်ပြည်နယ်တွင် မှတ်ပုံတင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ရက်နေ့က နေပြည်တော်စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ''နောက်ကြောင်း ပြန်ပြောရရင် ၁၉၇၈ ခုနှစ်က နဂါးမင်း စစ်ဆင်ရေး တစ်ခါလုပ်ခဲ့ပါတယ်။ ဒါက သိပ်ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ထဲမှာ လူစိမ်း၊ သူစိမ်းတွေများ ရောက်နေသလား စစ်လိုက်တဲ့အခါမှာ လုပ်တယ်။ စစ်တော့ တချို့ကကြောက်လန့်ပြီး ထွက်ပြေးကြတယ်။
အဲဒီမှာ ဟင်္သာ စီမံချက်နဲ့ ပြန်လက်ခံတာ။ ဒီလိုလုပ်ငန်းတွေ ရှိခဲ့တယ်''ဟု ပြောပါသည်။
ဆက်လက်၍ ''အခုလည်း ဒီလိုလုပ်ငန်းတွေလိုပဲ ပြဿနာဖြစ်တဲ့အခါမှာ စစ်တာပါ။ ရခိုင်ပြည်နယ်အ တွင်းမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၆၇ ခုမှာရှိတဲ့လူတွေနဲ့ ကျန်တဲ့စစ်လို့ရတဲ့နေရာတွေ အကုန်လုံး ပြန်စစ်နေပါတယ်။ အတုတွေ့ရင် criminal case အနေနဲ့ သွားမှာပါ။ အတုကိုင်တာတို့ လိမ်လည်တာတို့ စတဲ့ ကိစ္စတွေကို ရာဇသတ်ကြီးနဲ့ဆိုင်တဲ့ ပုဒ်မတွေအတိုင်း တရားစွဲဆို အရေးယူသွားမှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
http://news-eleven.com/
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment