ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ဟာ ဇာတိဒေသ ကျောက်တန်းမြို့နယ်က ခနောင် စံပြရွာ စာကြည့်တိုက်နဲ့ နေ့ကလေးထိန်း ကျောင်းဖွင့်ပွဲ ကို ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ကတက်ရောက်ခဲ့တယ် လို့ ပေါ်ပြူလာ မြန်မာ သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒါဟာ ဦးခင်ညွန့်အနေနဲ့ ရဟန်းဝတ်က ပြန်ထွက်လာပြီးနောက်ပိုင်း လူမြင်ကွင်းကို ပထမဆုံး ထွက်လာတာဖြစ် ပါတယ်။
ဦးခင်ညွှန့်တို့ မိသားစုက ခနောင်စံပြရွာ အထက ကျောင်းက ၂၀၁၁- ၂၀၁၂ စာသင်နှစ်အတွင်းက တက္ကသိုလ် ၀င်တန်းမှာ ထူးထူး ချွန်ချွန် အောင်မြင်သူတွေကိုလည်း ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသေးတယ်။
ဒီစာကြည့်တိုက်ဖွင့်ပွဲမှာ စာပေဟောပြောပွဲ အထိမ်းအမှတ် ကျင်းပခဲ့တာမှာ ဆရာ ချစ်စံဝင်း၊ ဆရာ ချစ်ဦးညိုနဲ့ ဆရာမ ကြူကြူသင်းတို့လည်း တက်ရောက်ဟောပြောခဲ့ကြပါသေးတယ်တဲ့။
ဧရာဝတီ(Blog)
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇
နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့
နိုင်ငံ...
15 hours ago

No comments:
Post a Comment