ရန်ကုန်၊ ဇူလိုင် ၁၅
မြန်မာနိုင်ငံ၏ ထင်ရှားသော နိုင်ငံရေး
လှုပ်ရှားသူ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ပထမဆုံးသော
လက်ရာဖြစ်သည့် နောက်ကြည့်မှန် စာအုပ်ကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁
နာရီက ရန်ကင်းစင်တာတွင် စတင်ထုတ်ဝေ ဖြန့်ချိလိုက်ပြီး နာရီပိုင်းအတွင်း
ရောင်းကုန် သွားကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။
အဆိုပါ
စာအုပ်သည် မင်းကိုနိုင်၏ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က အကျဉ်းထောင်အတွင်း
အတွေ့အကြုံများကို ခံစားရေးသားထားခြင်း ဖြစ်ကြောင်း စာအုပ်မိတ်ဆက်တွင်
ရေးသား ဖော်ပြထားချက်အရ သိရသည်။
ယင်းစာအုပ်ကို ၎င်းအသက် ၂၆ နှစ်အရွယ်
ကျောင်းသားတစ်ဦးဘဝတွင် ရေးသားခဲခြင်း ဖြစ်ပြီး လွန်ခဲသော ၂၄ နှစ်ခန့်က
လက်ရာဖြစ်ကာ ငယ်မူလက်ရာကို မြင်တွေ့ရမည် ဖြစ်ကြောင်းလည်း စာအုပ်မိတ်ဆက်တွင်
ဖေါ်ပြထားသည်ကို တွေ့ရသည်။“ဒီစာအုပ်ကို ကောင်းကောင်း မဖတ်ရသေးပေမဲ့
သူ့ဘဝရဲ့အတွေ့အကြုံတွေက စာဖတ်သူအတွက် message တစ်ခုတော့ ရသွားမှာပါ" ဟု
မြန်မာနိုင်ငံ လူငယ်အစည်းအရုံးမှ တာဝန်ရှိသူ ဒေါ်ခိုင်က ပြောကြားသည်။
ယင်းစာအုပ်တန်ဖိုးမှာ
ကျပ်နှစ်ထောင်ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရုံးခန်းတွင်
လာရောက် ဝယ်ယူနိုင်ကြောင်း ရောင်းချနေစဉ်က ပြောကြားခဲ့သည်။ သို့သော်
နာရီပိုင်းအတွင်း ရောင်းကုန်သွားသဖြင့် ထပ်မံ ရိုက်နှိပ်ရန် စီစဉ်နေသည် ဟု
သိရှိရသည်။
မင်းကိုနိုင်သည် ၁၉၈၈ နောက်ပိုင်း ထောင်အတွင်း နှစ် ၂၀
ခန့် အကျဉ်းကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် သရက်ထောင်မှ ပြန်လည်လွတ်မြောက်
လာခဲ့သည်။
ယင်းစာအုပ်ကို ကိုမင်းကိုနိုင်မှ ကိုယ်ပိုင်ထုတ်ဝေခြင်း
ဖြစ်ပြီး အရှေ့ကြယ် စာပေမှ ဖြန်ချိခြင်း ဖြစ်ကာ အုပ်ရေ ၅၀၀၀ ထောင်
ဖြန့်ချိခြင်း ဖြစ်သည်ကို ကိုမင်းကိုနိုင်ထံမှ သိရှိရသည်။
The Voice Weekly
သစ်ထူးလွင်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


No comments:
Post a Comment