Thursday, May 31, 2012
ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည်
အခြေခံလစာနည်းပါးမှုကြောင့်လွန်ခဲ့သည့်ရက်(၂၀)ခန့်မှစတင်ဆန္ဒပြခဲ့ကြသောကိုရီးယားလူမျိုးပိုင်ဆိုင်သည့်ဟိုင်မိုဆံပင်တုစက်ရုံမှအလုပ်သမားများအရေးကိစ္စနှင့်ပတ်သက်ပြီးကိုရီးယားသံရုံးသို့အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ကြောင်း၈၈မျိုးဆက်ခေါင်းဆောင်ကိုမင်းကိုနိုင်ကပြောသည်။
ကိုမင်းကိုနိုင်က “ဒီကိစ္စကို ပစ်မထားဘူး။ ဒီထက်အခြေအနေ တိုးတက်အောင် တရားတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ နိုင်ငံတကာသိအောင် အစ်ကိုတို့အားလုံးဝိုင်းဝန်း ဖော်ထုတ်ပေးမယ်။ ကိုရီးယားသံရုံးကိုလည်း စာပို့မယ် ” ဟု ယနေ့နေ့လည် ဟိုင်မိုစက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အဆိုပါအကြောင်းကြားစာတွင် ဟိုင်မိုစက်ရုံအလုပ်သမားများ၏ ဆန္ဒပြရခြင်းဖြစ်စဉ်အား ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့အနေဖြင့် ပေးပို့သွားမည်ဖြစ်ပြီး အလုပ်သမားများဆန္ဒရှိပါက ၎င်းတို့၏ လက်မှတ်များနှင့် တကွပေးပို့သွားမည်ဟု ၄င်းကပြောသည်။
Hi Art ကုမ္ပဏီပိုင် ဟိုင်မို ဆံပင်တုစက်ရုံမှ အလုပ်သမားများသည် အခြေခံလစာ နည်းပါးမှုကြောင့် မေလ ၉ ရက်နေ့မှစတင်ကာ ဆန္ဒပြခဲ့ပြီး အခြေခံလစာတိုးမြှင့်ပေးရေးအပါအ၀င် တောင်းဆိုချက် အချက် ၄၀ ကျော်ကို တောင်းဆိုခဲ့သော်လည်း အခြေခံလစာ တိုးမြှင့်ပေးခြင်းကိစ္စကို လိုက်လျောပေးခြင်းမရှိသေးပေ။ အလုပ်ရှင်ဘက်မှ ဆန္ဒပြအလုပ်သမားများ အလုပ်ဆက်လက် လုပ်ကိုင်လိုခြင်းရှိမရှိကို ယနေ့နောက်ဆုံးထား၍ အကြောင်းကြားရမည်ဖြစ်ကြောင်း စာကပ်ထုတ်ပြန်ခဲ့သည်။
ဟိုင်မို စက်ရုံမှ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သည့် မယမင်းလွင်က အလုပ်သမား ၀န်ကြီးဋ္ဌာနမှ လာရောက်ညှိနှိုင်းပေးမှုများနှင့်ပတ်သက်၍ “ အလုပ်သမားဝန်ကြီးဌာနကလူတွေက ဖြေရှင်းပေးမယ်ပြောပြီးရောက်လာပေမယ့် သူတို့ကအလုပ်ရှင်ပြောတဲ့အတိုင်း လက်ခံဖို့ပဲပြောတယ်။ အလုပ်ရှင်ဘက်ကရော ကျွန်မတို့အလုပ်သမားတွေဘက်ကပါ ကျေနပ်လောက်တဲ့ နှုန်းထားတစ်ခုကို သတ်မှတ်ပေးတာမဟုတ်ဘူး ” ဟု YPI သို့ပြောသည်။
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့နေ့လည်တွင် ဟိုင်မိုဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမား များအား အနုပညာရှင်များလှူဒါန်းသည့် ဆန် (၁၀) အိတ်နှင့် ပေါင်မုန့်များပေးအပ်ခဲ့ပြီး၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ နှင့် ဆန်နီမြန်မာ စက်ရုံများရှိ ဆန္ဒပြအလုပ်သမားများအား သွားရောက်အားပေးစကား ပြောကြားခဲ့သည်။
ယခုလအတွင်း အခြေခံလစာတိုးမြှင့်ပေးရေးအတွက် အဓိက တောင်းဆိုသည့် အလုပ်သမားဆန္ဒပြမှုများ စက်ရုံပေါင်း (၃၀) ၀န်းကျင်တွင် ရက်ဆက်နီးပါး ဖြစ်ပွားခဲ့ရာ စက်ရုံအချို့သာ ပြေလည်မှု ရရှိခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO)နှင့် ဆက်သွယ်ဆောင်ရွက်သူများ ကွန်ရက်မှ ဦးသက်ဝေက ပြောသည်။
အလုပ်သမားဝန်ကြီးဌာန၊ ညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူ ဦးစိုးဝင်းက “ကျွန်တော်တို့ကတော့ အလုပ်ရှင်နဲ့ အလုပ်သမားပြေလည်အောင် မနားတမ်းညှိပေးနေတယ်။ အလုပ်သမားဘက်ကလည်းသူတို့လစာကို တိုးပြီးလိုချင်မှာပဲ။ ကျွန်တော်တို့ ဘက်ကတော့ ပြေလည်အောင်ထပ်ပြီးညှိသွားပေးမှာပါ”ဟု ပြောသည်။
ဟိုင်မို စက်ရုံတွင် အလုပ်သမား ၁၈၀၀ ကျော်ရှိပြီး ၂၀၀၅ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်ဟုသိရှိရသည်။
သစ်ထူးလွင်(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment