၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ကိုမင်းကိုနိုင်ကသူ့ရဲ့အမည်နဲ့ဖောင်ဒေးရှင်းတစ်ခုထူထောင်ဖို့စီစဉ်နေတယ်လို့သိရပါတယ်..၁၉၈၈ခုနှစ်မှစပြီးတော့ယနေ့အချိန်အထိနိုင်ငံတကာကနေချီးမြှင့်ပေးအပ်ထားတဲ့ဆုတံဆိပ်တွေနဲ့ငွေသားတွေကိုမတည်ထူထောင်သွားမှာဖြစ်ပါတယ်…မင်းကိုနိုင်ဖောင်ဒေးရှင်းကနေနိုင်ငံရေးမျိုးဆက်သစ်တွေပြုစုပျိုးထောင်မှုတွေ၊နိုင်ငံအုပ်ချုပ်မှုစီမံခန့်ခွဲမှုနည်းပညာသင်တန်းတွေတက်ရောက်စေမှုတွေ၊ပြည်ပနိုင်ငံတွေကိုပညာတော်သင်စေလွှတ်ပြီးတော့နိုင်ငံရေးဆိုင်ရာသင်တန်းတွေတက်ရောက်စေမှုတွေကိုဆောင်ရွက်သွားဖို့စီစဉ်ထားပြီးတော့ဖောင်ဒေးရှင်အတွက်ငွေကျပ်သိန်း(၃၀၀)မတည်မှာဖြစ်ပါတယ်…မင်းကိုနိုင်ဖောင်ဒေးရှင်းအတွက်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှကိုဘိုကြည်ကလည်းငွေကျပ်သိန်း(၁၀၀)ထည့်ဝင်လှူဒါန်းပေးသွားမယ်လို့၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တစ်ဦးကပြောပြတယ်….
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇
နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့
နိုင်ငံ...
21 hours ago

No comments:
Post a Comment