စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်အဖြစ်ခံယူထားတဲ့ မုံရွာမြို့လယ်တစ်နေရာက လူမှုဘ၀မြင်ကွင်းလေး တစ်ခုနဲ့ မိတ်ဆွေများကို..မိတ်ဆက်ပေးချင်ပါတယ်လို့ အစချီပြောထားတာလေးက ဓာတ်ပုံပိုင်ရှင်ရဲ့ အကြောင်းပါ။အဒေါ်နာမည်က ဒေါ်ငြိမ်းအေးလို့ခေါ်ပါတယ်...။ အမည်ကသာ ဒေါ်ငြိမ်းအေး ဆိုပေမယ့် သူ့ဘ၀က ငြိမ်းအေးချမ်းသာစွာ နေရသူတော့ မဟုတ်ပါဘူး။ ဘ၀ကို သူရုန်းကန်နေရတာက နေရတော့ လယ်တီရပ်ကွက်၊
သားသမီးက ၅ ယောက်။
၉ တန်းကျောင်းသား ၁ ယောက်၊ ၆ တန်း၊ ၃တန်း စတဲ့ ကျောင်းသားတွေပါ။ ကလေးတွေ အဖေဖြစ်သူက ဟို..ရင်တလောကပဲ ဆုံးသွားပါတယ်တဲ့။
အခု ကျောင်းတွေက ပြန်ဖွင့်ချိန်၊ ဒီအချိန်ရောက်တိုင်း ကျောင်းသား မိဘတွေ ခေါင်းကိုက်တတ်ကြတာ ကြုံဖူးသူတိုင်း သိကြမှာပါ။ သူ့ခင်ပွန်းဆုံးသွားတာနဲ့ပတ်သက်လို့ သူ့ အပြောကတော့ --
"ဆင်းရဲတဲ့ ဒဏ်တွေကြောင့်လို့ပြောလို့ရပါ တယ်..။ ဖျားနာတာကစပြီး ရတဲ့ရောပါ..ပြည်သူ့ဆေးရုံသွားတက် တယ်..ဆေးရုံရောက်တော့..ပိုပြီးမျက်နှာငယ်ရတဲ့ အကြောင်းက အဒေါ်တို့က ဓနမှမရှိခဲ့တာကိုး..။ ဖျာနာဆောင်ထဲမှာတက်ခဲ့တယ်..။ ရုတ်တရက်ကြီးဆုံးသွားရတာပါ...။ယောင်္ကျား ဆုံးသွားပြီးကတည်းက မိသားစုအတွက်ဆိုရင် အိမ်ဦးနတ်ရော..အိမ်နောက်နတ်ပါ အဒေါ်တစ်ယောက်ထဲ ဦးဆောင်ခဲ့ရတယ်..။ အစကတော့ အဒေါ်အလုပ်က စက်မှုဇုန်မှာရှိတဲ့ ခေါက်ဆွဲစက်ရုံမှာလုပ်ပါတယ်...။ မပိုလျှံပေမယ့် မိသားစု စားလောက်တယ်..။ အခုတော့ လျှပ်စစ်မီး မလာတာကြောင့် စက်ရုံလည်း အလုပ်မဆင်းရတော့ဘူး။ ကလေးတွေကျောင်းအပ်ဖို့လည်း ပိုက်ဆံမရှိဘူး"လို့ ဒေါ်ငြိမ်းအေးက ပြောဆိုရင်း မျက်ရည်များကျလာပါ တယ်။
ဒီလို မငြိမ်းအေးတဲ့ ဒေါ်ငြိမ်းအေးလို့ ဘ၀တွေ မြန်မာပြည်မှာ အများကြီးရှိနေတယ်ဆိုတာ လေအေး စက်ကြီးများ အချိန်ပြည့် တပ်ဆင် အသုံးပြုထားသော အစိုးရ လူကြီးမင်းများမြင်စေချင်နေမိသည်မှာ အခါခါပါ..။ ကျောင်းအပ်ဖို့အတွက်ပိုက်ဆံမရှိတာကြောင့် အခုလို အမျိုးသမီးတန်ပဲ.နဲ့ ဆိုက္ကားထွက်ပြီးနင်းရ တာပါ....။ ဆင်းရဲနွမ်းပါးမှုများ ပပျောက်ပါစေ...။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment