Friday, March 06, 2020

ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်တဲ့ပစ္စည်းတွေ မပြည့်စုံဘူးလို့ အိမ်ဖြူတော်ဝန်ခံ

Image may contain: 3 people, text that says 'DO NOT ENTER'

ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ပစ္စည်းတွေ ပြည့်ပြည့်စုံစုံမရှိဘူးလို့ အမေရိကန်အိမ်ဖြူတော်က ဝန်ခံလိုက်ပါတယ်။

ကာလုံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းမရှိ၍ ယနေ့အချိန်ကာလအထိ နယ်မြေမတည်ငြိမ်ပဲ တရားဥပဒေစိုးမိုးရေး မဆောင်ရွက်နိုင်ခြင်းဖြစ်ဟုဆို


Image may contain: indoor
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း မရှိ၍ ယနေ့အချိန်ကာလအထိ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးပြီး နယ်မြေမတည်ငြိမ်ပဲ တရားဥပဒေ စိုးမိုးရေးကို မဆောင် ရွက်နိုင် သည်ကို တွ့ရှိရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်က ပြောကြားလိုက်သည်။

စစ်ရေးတင်းမာနေမှုများကြောင့် ပြည်နယ်လူထုမဲပေးခွင့်မရမည်ကို စိုးရိမ်ဟုပြော

Image may contain: 1 person, standing
လာမည့်ရွေးကောက်ပွဲတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ဒေသများတွင်နေထိုင်ကြသည့် ဒေသခံပြည်သူလူထုအနေဖြင့် မဲပေးခွင့်ဆုံးရုံှးရမည်ကို စိုးရိမ်နေကြောင်း စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့ (UNA)အတွင်း ရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်က ပြောသည်။

ရန်ကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်သည့်အတွက် စက်ရုံ၁၃ရုံပိတ်မည်ဟုဆို

Image may contain: sky, cloud, house, tree and outdoor
ကုန်ကြမ်းပြတ်လတ်ခြင်း၊ ကုန်ချောတင်ပို့ရန်အခက်အခဲရှိခြင်း၊ မြေဆက်ငှားရန်အခက်အခဲရှိခြင်း၊ အရှုံးပေါ်ခြင်း စသည်တို့မှာ အကြောင်းပြချက်များဖြစ်သည်ကုန်ကြမ်းရှားပါးခြင်း၊ မြေငှားရမ်းခကြီးခြင်း နှင့် အရှုံးပေါ်ခြင်း စသည့်အကြောင်းပြချက်များဖြင့် ရန်ကုန်တွင် အခြေစိုက်သည့် လက်ခစားစက်ရုံ ၁၃ ရုံပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းအစိုးရ အရာရှိများကို ကိုးကားပြီး အလုပ်သမားခေါင်းဆောင်များက ပြောကြားလိုက်သည်။

ဂန္တ၀င်မြန်မာ့တယောပညာရှင်ကြီး ဦးတင်ရီ ကွယ်လွန်

Image may contain: one or more people, people on stage, people playing musical instruments and people sitting
ဂန္တ၀င်မြန်မာ့တယောပညာရှင်ကြီးဖြစ်တဲ့ တယောဦးတင်ရီဟာ ဒီကနေ့မနက်ပိုင်း ၁၀ နာရီ ၅၈မိနစ်က နှလုံးသွေးကြော ပိတ်ရောဂါနဲ့ အသက် (၇၉) နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဆေးကုသမှုခံယူရန်အတွက် မတ်လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည်


Image may contain: 1 person, sitting
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ဆေးကုသမှုခံယူဖို့အတွက် မတ်လထဲမှာ ထိုင်းနိုင်ငံကို သွားရောက် မယ်လို့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ကပြောပါတယ်။ 

မန္တလေး ကန်တော်နဒီဆေရုံးတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးသေဆုံး


Image may contain: one or more people, plant, tree and outdoor, text that says 'File NOT CROSS POLICE LINE DO NOT'
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စောင့်ကြည့်လူနာတစ်ဦး မတ်(၅)ရက် ညနေပိုင်းက မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ သေဆုံးသွားပါတယ်။ 

ဟွာရှိန်အထည်ချုပ် ငွေကျပ် သိန်းပေါင်းတစ်ထောင်ကျော်အား ခိုးယူခဲ့သည့် တရာခံ ၄ ဦး ဖမ်းဆီးရမိ

Image may contain: 4 people, people standing
သာယာဝတီမြို့ "ဟွာရှိန်"အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦးချင်းစီ၏ လစာငွေကျပ်( ၁၂၉၅၉၆ဝ၅ဝိ)အား ခိုးယူခဲ့သည့် တရာခံ ၄ ဦးကို ယနေ့ မတ်လ ၅ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သာယာဝတီမြို့မ ရဲစခန်းမှ သိရသည်။

လူငယ်လူရွယ်များကြား တွင်ကျယ်စွာအသုံးပြုနေကြသည့် အီးစီးကရက်နှင့်ရှီရှားကဲ့သို့ ရေပြောင်းဖြင့်ရှူရသည့် ပစ္စည်းများကို ထိန်းချုပ်အရေးယူရေးအဆို ပြည်သူ့လွှတ်တော်တွင်တင်သွင်း


Image may contain: 2 people
အီးစီးကရက်နှင့်ရှီရှားကဲ့သို့ ရေပြောင်းဖြင့်ရှူရသည့် ပစ္စည်းများကို ထိန်းချုပ်အရေးယူရေး ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆို တစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်သို့တင်သွင်းသွားသည်။

ကိုဗစ် -၁၉ နှင့်ပတ်သက်၍ ပြည်သူလူထု သတင်းအမှန်ရရှိစေရန် မီဒီယာတွေ့ဆုံပွဲပြုလုပ်


Image may contain: 4 people, people standing and indoor
ကိုဗစ်-၁၉ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုမှ သတင်းအမှန်ရရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ နှင့် ဗဟိုရောဂါကူးစက်တိုက်ဖျက်ရေးဌာနခွဲတို့မှ ယနေ့(မတ်လ ၆ ရက်) နံနက်ပိုင်းတွင် မီဒီယာဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

ဗစ်တိုးရီးယား၏ဖခင်ပါ ခြောက်ဦးအမှု တရားစွဲဆိုရန်မသင့်ကြောင်း ဥပဒေရုံး မှတ်ချက်ပေး


Image may contain: 7 people, people standing
Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား၏ဖခင် အပါအဝင်ခြောက်ဦးကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားသော အမှုသည် တရားစွဲဆိုခွင့် မရရှိခဲ့ပေ၊၊

ကွတ်ခိုင်မြို့နယ်အတွင်းငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ၊မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများဖော်ထုတ်ဖမ်းဆီးရမိမှုကိစ္စသတင်းစာရှင်း

Image may contain: 1 person, standing and flower
ကွပ်ခိုင်မြို့နယ်အတွင်းငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ၊မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေကို လာရိှုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ခန်းမတွင်ယနေ့နံနက်ကကျင်းပခဲ့သည်။

မြဝတီနယ်စပ်မြို့တွင် ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦး ရိုက်နှက်ခံခဲ့ရသည် ဟု သတင်းထောက်များအား ပြောကြား

Image may contain: 2 people, outdoor, text that says 'Frontier Myanmar Naw Betty Han The Myanmar Times Mar Naw'
မြဝတီနယ်စပ်မြို့တွင် ဖမ်းဆီးခံရသည့် ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ရိုက်နှက်ခြင်းများ ခံရသည်ဟု သတင်းထောက်များက ပြောကြားသည်။မြဝတီနယ်စပ်မြို့တွင် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သတင်းလာယူသော ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ယောက်မှာ နယ်စပ်သဲပုံဆိပ် ဂိတ်အနီးတွင် သတင်းဓာတ်ပုံ ရိုက်ယူခဲ့ခြင်းကြောင့် မတ် ၄ ရက်ညနေ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အကူအညီပေးဖို့ ကမ်းသည့် လက်ကို ဒုက္ခပေးသည့် လက်လို့ ထင်ခဲ့တဲ့သူဟာ စောလူးမင်းအပြင် နောက်ထပ်မရှိစေချင်တော့ ဟု တပ်ကိုယ်စားလှယ် ပြော


Image may contain: 2 people, people sitting
အကူအညီပေးဖို့ ကမ်းသည့်လက်ကို ဒုက္ခပေးဖို့ကမ်းတဲ့လက်လို့ ထင်ခဲ့သူဟာ မြန်မာ့သမိုင်းတွင် စောလူးမင်းအပြင် နောက် ထပ်မရှိစေချင်တော့ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော် ကပြောသည်။

'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိကြီးအဖွဲ့ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်

Image may contain: 4 people, people standing, tree, plant, outdoor and nature

မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်များအား နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိကြီးအဖွဲ့ ၅ရက်ကြာဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၃၈၅ ယောက်၊ ကူးစက်သူ ၉၈၄၅၁ ယောက် ရှိလာ

Image may contain: one or more people, people standing, sky and outdoor
COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၃၈၅ ယောက်ရှိလာပြီး ကူးစက်သူ ၉၈၄၅၁ ယောက် ရှိလာပြီလို့ ဒီနေ့ မနက် worldometer ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

လန်ဒန်မြို့တော် လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်လည်ရုပ်သိမ်း

Image may contain: 3 people, people sitting and people standing

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ နိုင်ထက် စီးနင်း လုပ်ရပ်တွေကို ရှုတ်ချပြောဆိုဖို့ ပျက်ကွက်ခဲ့တာအတွက် ဒီဂုဏ်ထူးဆောင်ဆု ရုပ်သိမ်းဖို့ လန်ဒန်မြို့ တော်ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့ပေမဲ့ ယာယီဆိုင်းငံ့ထားရာက ဒေါ်အောင်ဆန်းစုကြည်ဘက်က အကြောင်းပြန်ကြားဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ အခုလို အပြီးတိုင် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

Thursday, March 05, 2020

ခွေးထံသို့ COVID-19 ရောဂါကူးစက်နိုင်ချေ အနိမ့်ဆုံးအဆင့်တွင်သာရှိကြောင်း တွေ့ရှိ


Image may contain: one or more people and text
တရုတ်နိုင်ငံ ဟောင်ကောင်၌ အိမ်မွေးတိရစ္ဆာန် ခွေးတစ်ကောင်အား အကြိမ်ကြိမ်စစ်ဆေးပြီးနောက်တွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှုမှာ အနိမ့်ဆုံးအဆင့်တွင်သာရှိပြီး ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရအဖွဲ့က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

ခြေ/ဥ ပြင်ဆင်ရေး ဆွေးနွေးမှုများအား လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ယခုလ ဒုတိယအပတ်တွင် ဆောင်ရွက်မည်


Image may contain: 1 person, sitting and indoor
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၂၅ ရက်မှ စတင် ဆွေးနွေးခဲ့ပြီး မတ်လ ၅ ရက်အထိ ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါမောက္ခ ဝီလီယံရှာဘတ်စ် ဟောပြောနေစဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဆန္ဒပြ

Image may contain: 4 people, crowd and outdoor
ICJ တွင် မြန်မာနိုင်ငံဘက်က ငှါးရမ်းထားသည့်ရှေ့နေ ပါမောက္ခ ဝီလီယံရှာဘတ်စ် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့( မတ်လ ၅ ရက်) ကဟောပြောနေစဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းJavier Perez de Cuellar ကွယ်လွန်

Image may contain: 1 person, eyeglasses, suit and closeup
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Javier Perez de Cuellar ဟာ ဇာတိဖြစ်တဲ့ ပီရူး မှာ အခုလ(၄) ရက်နေ့က ကွယ်လွန်သွားပြီဖြစ်တယ်လို့ သူ့ရဲ့သားက ပြောပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၁၀၀)နှစ် ရှိပါပြီ။

လွှတ်တော် အဆောက်အအုံကြီးများကို မည်သူတည်ဆောက်ပေးခဲ့သလဲဟု တပ်ကိုယ်စားလှယ်မေးခွန်းထုတ် ဒီမိုကရေစီကိုလျှောက်လှမ်းနိုင်ရန် ခမ်းနားသည့် လွှတ်တော် အဆောက်အအုံကြီးများကို တပ်မတော်က တည်ဆောက်ပေးခဲ့ဟု ၎င်းကိုယ်တိုင် ပြန်လည်ဖြေကြား

Image may contain: 3 people, people sitting

တပ်မတော်သည် ဒီမိုကရေစီကိုလျှောက်လှမ်းနိုင်ရန် ခမ်းနားသည့် လွှတ်တော်အဆောက်အအုံ ကြီးများကို တည်ဆောက်ပေးခဲ့ ခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ညီညီလွင်ကပြော သည်။

ဧရာဝတီတိုင်း ကျွန်းပေါ်ထားမယ့် ဒေါ်အောင်ဆန်းစုကြည် ရုပ်ကြွရုပ်တု

Image may contain: one or more people and outdoor
မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည် စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ကြွရုပ်တု မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ စကျင်ကျောက်များထွက်ရှိရာ ပန်းတမော့နယ်မြေ စကျင်ရွာတွင် ပြုလုပ်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ဟာသဇာတ်ကားတွေကိုလည်း အကယ်ဒမီပေးသငလ့တယ်ဟု ရွှေသမီးပြော

Image may contain: 1 person, standing
အကယ်ဒမီနဲ့ပတ်သက်ရင် ဇာတ်ကားကောင်း၊ သရုပ်ဆောင်ကောင်းတွေများနေလို့ ကိုယ်တိုင်ရင်မခုန်ရဲပါဘူးလို့ သရုပ်ဆောင် ရွှေသမီးက ဆိုပါတယ်။

လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းက အနိုင်ရမည်ကို ၇၅ ရာခိုင်နှုန်းက စိုးရိမ်နေခြင်းသည် မဖြစ်သင့်ဟု ရခိုင်အမတ် ဝေဖန်


Image may contain: 2 people
လွှတ်တော်အတွင်း ဆွေးနွေး ဆုံးဖြတ်ရာတွင် ၂၅ ရာခိုင်နှုန်းက အနိုင်ရမည်ကို ၇၅ ရာခိုင်နှုန်းက စိုး ရိမ်နေခြင်းသည် မဖြစ်သင့်ဟု မြေပုံမဲဆန္ဒနယ်မှ ကိုယ်စားလှယ်ဦးဖေသန်းက ဝေဖန်ပြောကြားခဲ့သည်။

My Blog List