Wednesday, February 03, 2016

ဖားကန့်မြေပြိုမှု သေဆုံးသူတွေအနက် သတင်းထောက်တဦး ပါဝင်




လုံးခင်း အထက်မှော်မှာ ဖားကန့်မြေစာပုံပြိုကျချိန် မြေစာပုံပြိုကျတာကို သတင်းဓာတ်ပုံရိုက်ကူးနေတဲ့ ဓာတ်ပုံသမားတဦးအပေါ်ကို မြေစာပုံပြိုကျလို့ မြေပြိုတဲ့အထဲပါသွားပြီး အခုချိန်အထိ အလောင်းတူးဖော်လို့မရဘဲ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။အခုလို မကြာခဏ မြေပြိုကျမှုတွေဖြစ်ပြီး လူရာချီသေဆုံးနေရတဲ့ ဖားကန့်ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကို NLD ဘက်က စိစစ် စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို လွှတ်တော်သစ်အနေနဲ့ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေ စနစ်တကျရှိစေရေးနဲ့ ဒေသခံပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့အရေး အရေးတကြီး လုပ်ဆောင်သင့်ကြောင်း လွှတ်တော်တာဝန်ရှိသူတွေကို တင်ပြဖို့ ဒေသခံ တွေနဲ့ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေက စီစဉ်ဆောင်ရွက်နေပါတယ်။

တိုင်းရင်းသားအမတ်များ လွှတ်တော်သစ်ကို မျှော်လင့်ချက်ထား


တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်အသစ် ခြောက်ဦးက သူတို့၏ မျှော်လင့်ချက်၊ တွန်းအား ဖြစ်စေမည့် အကြောင်းအရာ၊ မဟာမိတ်ဖွဲ့ကြမည့် ပုံစံတို့အကြောင်း ပြောပြကြသည် ။ ဖေဖော်ဝါရီလဆန်း လွှတ်တော် အစည်းအဝေးတွင် တွေ့မြင်ရသည့် ကိုယ်စားလှယ်များမှာ မျက်နှာသစ်များ ဖြစ်နေလိမ့်မည်။

Tuesday, February 02, 2016

ဟီလာရီ ကလင်တန်နဲ့ Ted Cruz တို့ ရှေ့ပြေးနေ


Iowa ​ပြည်နယ်ရဲ့ ​သမ္မတလောင်း ​ရွေးချယ်ရေးမှာ ​ဒီမိုကရက်တစ်ပါတီက ​သမ္မတလောင်း ​ဟီလာရီ ​ကလင်တန်က ​တပါတီတည်းသား ​ပြိုင်ဘက် ​Bernie ​Sanders ​ကို ​အနည်းငယ်အသာရရှိနေပါတယ်။ ရီပါပလေကန် ​ပါတီအတွက် ​သမ္မတလောင်းပြိုင်ပွဲမှာတော့ ​Ted ​Cruz ​က ​Donald ​Trump ​ရှေ့ကို ​ရောက်ရှိနေပါတယ်။

ဆီးရီးယား အတိုက်အခံတွေ ကုလနဲ့ တွေ့ဆုံ


ဆီးရီးယားနိုင်ငံရဲ့ ​အတိုက်အခံ ​သူပုန်အဖွဲ့က ​ကုလသမဂ္ဂနဲ့ ​တရားဝင် ​တွေ့ဆုံဆွေးနွေးမှု ​လုပ်ခဲ့ပေမယ့် ​ဆီးရီးယား ​အစိုးရနဲ့ ​တိုက်ရိုက်မဟုတ်တဲ့ ​ငြိမ်းချမ်းရေး ​ဆွေးနွေးမှု ​လုပ်မယ်မလုပ်ဘူးဆိုတာ ​မသိရသေးပါဘူး။အခုလောလောဆယ် ​အခန်းတခန်းထဲမှာ ​ဆီးရီးယား ​အတိုက်အခံတွေ ​ရှိနေပြီး ​နောက်တခန်းမှာတော့ ​ဆီးရီးယား ​အစိုးရရဲ့ ​ကိုယ်စားလှယ်တွေ ​ရှိနေပါတယ်။

Drone တွေကို လိုက်ဖမ်းဖို့ လင်းယုန်ငှက်ကို သင်တန်းပေး


မိုးပေါ်မှာ ​မလိုလားအပ်တဲ့အချိန်မှာ ​ပျံသန်းနေတဲ့ ​drone ​လေယာဉ်ငယ် ​တွေကို ​လိုက်ဖမ်းဖို့ ​ဒတ်ခ်ျရဲတွေက ​လင်းယုန်ငှက်ကို ​သင်တန်းပေးနေပါတယ်။ကင်မရာပါတဲ့ ​drone ​တွေ ​ဈေးပေါလာတဲ့အတွက် ​အပေါ်စီးကနေ ​မြင်ရတဲ့ ​ရှုခင်းကို ​မြင်ချင်တဲ့ ​လူတွေဟာ ​အဝေးထိန်း ​ခလုတ်တွေနဲ့ ​drone ​တွေကို ​အသုံးပြုကြတာ ​ဖြစ်ပါတယ်။

NLD အစိုးရသစ်နှင့် လွှတ်တော်သစ်အပေါ် သူတို့အမြင်


၂၀၁၆ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ် များ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်သို့ ပထမဆုံးတရားဝင် တက်ရောက် ခွင့်ရရှိသည့်နေ့ ဖြစ်သည်။ မြန်မာ့ ဒီမို ကရေစီ အုတ်မြစ် အခြေချသည့်နေ့၊ သမိုင်းဝင် ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီ အင်အားစုများ လွှတ်တော်တွင်း ပထမဆုံး ရောက်ရှိ လာသည့်နေ့လည်း ဖြစ်သည်။ ထို့ကြောင့် ယခု အခင်းအကျင်းအပေါ် အမြင်များနှင့် NLD အစိုးရလက်ထက် ပြည်သူလူထု၏ မျှော် လင့်ချက်များကို ဧရာဝတီ သတင်းထောက်များ ဖြစ်သည့် သူဇာ၊ ထွန်ထွန်း၊ ဇူးဇူးနှင့် မေစိုးစံတို့က စုစည်းတင်ပြထားပါသည်။

သမိုင်းဝင် ပင်နီလွှမ်းသော ခွပ်ဒေါင်းလွှတ်တော်



NLD ဦးဆောင်သော ပြည်သူ့လွှတ်တော်စတင်သော်လည်း သတင်းမီဒီယာအခန်း ဆက်လက်ပိတ်ထားခြင်းကြောင့် လွှတ်တော်ရောက် သတင်းသမားများ အခက်ကြုံ


ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးဆုံးရန် လပိုင်းမျှသာ လိုတော့သည့်အချိန်မှ စတင်၍ ပိတ်ထားခဲ့သည့် မီဒီယာအခန်းအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ချိန်ထိ ပြန်လည် ဖွင့်လှစ်ခြင်းမရှိသည့်အတွက် လွှတ်တော်တွင် သတင်းရယူနေသည့် သတင်းမီဒီယာသမားများအခက်ကြုံခဲ့ရသည်။

အစိုးရသစ်လက်ထက် နိုင်ငံရေးအကျဉ်းသား မရှိရေးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး သဘောထားပေါ် မူတည်ဟုဆို


အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသား မရှိရေးဆိုသည်ကို ဦးတည်၍ သွားမည်ဆိုသော်လည်း ယင်းကိစ္စသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး၏ သဘောထားပေါ်တွင် မူတည်နေသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းအချို့က သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

ရှမ်း ဒုက္ခသည်တွေအရေး အစိုးရသစ်ဖြေရှင်းပေးဖို့ ဒေသခံတွေ တောင်းဆို


လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရှမ်းပြည်နယ်တွင်း ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒုက္ခသည် ပြဿနာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဦးဆောင်တဲ့ လွှတ်တော်သစ်မှာ တင်ပြနိုင်ဖို့ စီစဉ်နေကြပါတယ်။

ကန် သမ္မတ ကိုယ်စားလှယ်လောင်းအမည် တင်သွင်းမှု Iowa ပြည်နယ် ရလဒ် အများစောင့်ကြည့်


အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီတွေကို ကိုယ်စားပြု ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ပါတီတွင်း အမည်တင်သွင်းမှု တွေအတွက် လယ်ယာစိုက်ပျိုးရေး အခြေခံတဲ့ Iowa ပြည်နယ်သားတွေ တနင်္လာနေ့က မဲပေးခဲ့ကြပါတယ်။

တိုင်းနဲ့ပြည်နယ်အစိုးရ တွေမှာ တိုင်းရင်းသားတွေကို ထည့်သွင်းမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် နေရာ တွေကို ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားမယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဗွီအိုအေ နဲ့တွေ့ဆုံစဉ် ပြောဆိုသွားပါတယ်။ ပြည်နယ်နဲ့တိုင်း အစိုးရတွေ ဖွဲ့စည်းရာမှာတော့ တိုင်းနဲ့ ပြည်နည်မှာရှိတဲ့ တိုင်းရင်းသား ပါတီက ကိုယ်စားလှယ်တွေကို ထည့်သွင်းသွားမှာ ဖြစ်တယ်လို့လဲ ပြောပါတယ်။ 

ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် ထိုင်ဝမ် လွှတ်တော် ကျင်းပ


သမိုင်းစဉ်ဆက် တရုတ်ပြည်မကြီးအစိုးရ လွှမ်းမိုးမှုကို ဆန့်ကျင်လာခဲ့တဲ့ ထိုင်ဝမ် အတိုက်အခံပါတီဟာ ပြီးခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရပြီးတဲ့နောက် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေး တွေကို ဒီကနေ့ တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။

သမ္မတရာထူး အတွက် မျှော်လင့်ချက်


လွှတ်တော် အမတ်အသစ်တွေနဲ့ ဒီကနေ့ စတင်လိုက်တဲ့ ပြည်သူ့လွှတ်တော်မှာတော့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စတွေကို အရင်ကထက် ပိုပြီး ထိထိရောက် ရောက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာနေပါတယ်။ လွှတ်တော် ၂ ရပ်စလုံးကို ကြီးစိုးပြီး အစိုးရသစ်လည်း ဖွဲ့စည်းဖို့ ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အမတ်တွေရော တိုင်းရင်းသားပါတီ တချို့က လွှတ်တော်ကိုယ်စားလှယ်တွေကပါ သမ္မတသစ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လိုလားချက်ကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကြ ပါတယ်။

ဇီကာရောဂါပိုးကြောင့် ဦးနှောက် ချို့ယွင်းမှု လူထု ကျန်းမာရေး အရေးပေါ် အခြေအနေ WHO ကြေညာ


WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ဇီကာကူးစက်ရောဂါပိုးနဲ့ ဆက်စပ်ပြီး ဖြစ်ပွားနိုင် မယ့် အလားအလာရှိတဲ့ Microcephaly ခေါ် ဦးနှောက်သေး၊ ခေါင်းသေးရောဂါနဲ့ ဦးနှောက်အာရုံ ချို့ယွင်းမှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ လူထုကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်တယ်လို့ ကြေညာလိုက်ပါ တယ်။

မြန်မာ့ လွှတ်တော်သစ် နိုင်ငံတကာ ကြိုဆို


မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နေရာ အများစု ရထားတဲ့ ပြည်သူ့လွှတ်တော် ဒုတိယသက်တမ်း မနေ့က စတင်နိုင်ခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မြန်မာ့သမိုင်းဝင်နေ့အဖြစ် ဂုဏ်ပြုစကားအသီးသီး ပြောဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အလွန်အရေးကြီးတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့ လည်း အသိအမှတ်ပြု ထုတ်ဖေါ်ပြောခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဦးစားပေးဆောင်ရွက်နေ


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိုသာ အဓိကဦးစားပေး ဆောင်ရွက်နေ ပြီး ၎င်းသမ္မတဖြစ်ရေးသည်နောင် လာမည့် ရက်သတ္တပတ်များတွင် ဖြစ်ပေါ်လာမည့် လွှတ်တော်၏ အခြေအနေပေါ်၌ မူတည်နေ ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် က ဖေဖော်ဝါရီ ၁ ရက် တွင်ပြောသည်။

သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦးဝင်းမြင့်ထံ တာဝန်များ လွှဲပြောင်းပေး


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ဦးဝင်းမြင့် အား ယခင်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဥက္ကဋ္ဌရုံးခန်းတွင် ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်း၌ တာဝန်များလွှဲ ပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ပြောကြားသောမိန့်ခွန်း


လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ.....
‘‘ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်လာ ကြတဲ့ကိုယ်စားလှယ်များအားလုံး၊ဧည့်သည်တော်များအားလုံးကာယသုခ၊စိတ္တသုခနှစ်ဖြာသော သုခနဲ့ပြည့်စုံကြပါစေလို့ဆု တောင်းမေတ္တာပို့သအပ် ပါတယ်။ ဒီလွှတ်တော်အစည်းအဝေးကြီးကို ခေါ်ယူပေးတဲ့အပြင် လွှတ်တော် ကိုယ်စားလှယ်များရဲ့စာရေးသောက်ရေး၊ နေရေးထိုင်ရေး၊ သွားရေးလာရေး အစစအဆင်ပြေအောင် ကြိုတင်မျှော်တွေးဆောင်ရွက်ပေးတဲ့ နာယကကြီး သူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင် ရှိကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျား၊

‘‘မျက်ရည်ဝဲတယ်။ ဒါဝမ်းသာတဲ့ မျက်ရည်ပေါ့။ ဒီလိုအခြေအနေထိ ရောက်အောင် ဒေါ်စုနဲ့တကွ၊ ဦးတင်ဦးနဲ့တကွ ပြည်သူအားလုံးကို ကျေးဇူးတင်တယ်’’ ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်နှင့် တွေ့ဆုံခြင်း


နှစ်ပေါင်း ၂၈ နှစ်ကြာ ဒီမို ကရေစီခရီးကြမ်းကို ဖြတ်သန်းပြီး နောက် ပြည်သူလူထု၏တစ်ခဲနက် ထောက်ခံမှုဖြင့် အနိုင်ရလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်နေရာအများစု ရရှိထား သည့် ပြည်သူ့လွှတ်တော်အသစ် ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်ဦးဝင်းမြင့်က ဥက္ကဋ္ဌတာဝန်ကို အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြု


မိမိအားပေးအပ်သည့် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသားများ၏ အခြေခံလူ့အခွင့် အရေးများပိုမိုရရှိလာစေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း အားထုတ်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင် မြှောက်ခံရသည့် ဦးဝင်းမြင့်က ပြောသည်။

လွှတ်တော်သစ်ကို ဂုဏ်ပြုကြောင်းနှင့် အမတ်သစ်များကို ဆက်လက် ထောက်ခံမည် ဖြစ်ကြောင်း အမေရိကန်သံရုံးထုတ်ပြန်



Monday, February 01, 2016

ပြည်သူ့လွှတ်တော်ဥက္ကဌအသစ် ဦးဝင်းမြင့်ရဲ့ ပထမဆုံးမိန့်ခွန်း


ရွေးကောက်ခံအမတ်နေရာ ၃၂၃နေရာအနက် နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်အရ NLDပါတီက အမတ်နေရာ ၂၅၅နေရာ နေရာရထားသည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းပထမနေ့အဖြစ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်တွင် စတင်လိုက်သည်။ အစည်းအဝေး ပထမနေ့တွင်ပင် ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများကို NLDပါတီက အဆိုပြုသူများဖြစ်သည့် ဦးဝင်းမြင့်က လွှတ်တော်ဥက္ကဌ၊ ဦးတီခွန်မြတ်က လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်။

ဟံသာဝတီ လေဆိပ် တည်ဆောက်ရေး မူဘောင်သဘောတူညီချက် ရေးထိုး


ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအတွက် အကျိုးတူကုမ္ပဏီ များဖြစ်ကြသော JGC Corporation, Yongnam Holdings Limited နှင့် Changi Airports International တို့သည် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မူဘောင် သဘောတူညီချက် ရေးထိုးခဲ့သည်။

NLD အစိုးရ၏ စီးပွားရေးမူဝါဒကို လွှမ်းမိုးနေမည့် မုန်တိုင်းတိမ်တိုက်ကြီးနှစ်ခု


လာမည့် ဧပြီတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့်အစိုးရ တရားဝင် အာဏာရရှိတော့မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ အပေါ်ထားရှိသည့် မြန်မာပြည်သူများ၏မျှော်လင့်ချက်များမှာ အလွန်တရာ မြင့်မားပါသည်။ ရွေးကောက်ပွဲကြေညာစာတမ်းပါ NLD ၏ စီးပွားရေး ရည်မှန်းချက်များမှာ အပေါ်ယံမျှသာဖြစ်သည်။

My Blog List