Friday, May 17, 2013
မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်ပင်လယ်ကမ်းခြေတလျှောက် ရေထဲမှာ မျောပါလာတဲ့ လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့ရဲ့ကိုယ်ပေါ်ကမြန်မာကျပ်ငွေ(၄) သောင်း ကိုရှာဖွေတွေ့ရှိတဲ့အတွက်သူတို့ဟာမြန်မာနိုင်ငံသားတွေဖြစ်ပြီးမြန်မာဘက်ကနေဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲ ကိုမျောပါလာတဲ့အလောင်းတွေဖြစ်တယ်လို့ဘင်္ဂလာဒေခ်ျ့အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့အား ၇ နှစ်အကြာတွင် ပြန်လည်ရယူခဲ့သည့် Bill Gates
Microsoft ထူထောင်သူ Bill Gates ဆိုသည်မှာ ကမ္ဘာပေါ်တွင် အချမ်းသာ ဆုံးနဲ့ ပေးကမ်းစွန့်ကြဲမှု အများဆုံး ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ ယင်းထူထောင်ခဲ့သည့် Microsoft ကနေ ထွက်ခွာလာခဲ့ပြီးနောက် Bill & Melinda Gates Foundation ကနေတဆင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍများမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်ပံ့ပေးလှူ နေခဲ့သူလည်း ဖြစ်ပါတယ်။
အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည်
အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည်
ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးကနေဆင်းသွားအောင် ဆက်ပြီး ဖိအားပေးသွားဖို့အတွက် အမေရိကန်သမ္မတ Barack Obama နဲ့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan တို့က သဘောတူ ခဲ့ကြပါတယ်၊ သမ္မတအာဆတ်အနေနဲ့ အသွင်ကူးပြောင်းရေးအုပ်စုကို အာဏာလွှဲပြောင်းပေး သင့်တယ် ဆိုတာကို သူနဲ့ တူရကီဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြတယ် လို့ အိမ်ဖြူတော်မှာ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာသမ္မတအိုဘားမားကပြောခဲ့ပါတယ်။
ကာကွတ်မြို့ ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား
အီရတ်နိုင်ငံ မြောက်ပိုင်းက ကာကွတ်မြို့နဲ့ ဘဂ္ဂဒက်မြို့တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ဘာသာရေး အုပ်စုကွဲတွေကြား အခြေအနေ တင်းမာမှု တိုးလာနေတဲ့ ကာကွတ်မြို့မှာ ရှီးအိုက် ဗလီကျောင်း တခုကို အသေခံ ဗုံးခွဲသမားက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူရှစ်ယောက် သေဆုံးခဲ့ပါတယ်။ဘဂ္ဂဒက်မြို့က ရှီးယား မွတ်ဆလင်တွေ အများစု နေထိုင် ရာ ဒေသမှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားခဲ့ပါတယ်။ အီရတ်နိုင်ငံမှာရှီးယားမွတ်ဆလင်တွေဦးဆောင်တဲ့အစိုးရနဲ့လူနည်းစုဆွန်နီမွတ်ဆလင် ခေါင်းဆောင်တွေကြား ကာလရှည်ကြာ နိုင်ငံရေးအာဏာလုမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဘာသာရေး အုပ်စု ကွဲတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြှင့် ပြင်းထန်လာ ခဲ့ပါတယ်။
BBC Burmese
ကာကွတ်မြို့ ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား
Friday, May 17, 2013
အီရတ်နိုင်ငံ မြောက်ပိုင်းက ကာကွတ်မြို့နဲ့ ဘဂ္ဂဒက်မြို့တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
ဘာသာရေး အုပ်စုကွဲတွေကြား အခြေအနေ တင်းမာမှု တိုးလာနေတဲ့ ကာကွတ်မြို့မှာ ရှီးအိုက် ဗလီကျောင်း တခုကို အသေခံ ဗုံးခွဲသမားက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူရှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဘဂ္ဂဒက်မြို့က ရှီးယား မွတ်ဆလင်တွေ အများစု နေထိုင်ရာ ဒေသမှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားခဲ့ပါတယ်။
အီရတ်နိုင်ငံမှာ ရှီးယား မွတ်ဆလင်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ လူနည်းစု ဆွန်နီ မွတ်ဆလင် ခေါင်းဆောင်တွေကြား ကာလရှည်ကြာ နိုင်ငံရေး အာဏာလုမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဘာသာရေး အုပ်စုကွဲတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြှင့် ပြင်းထန်လာ ခဲ့ပါတယ်။
BBC Burmese
ဗုံးကွဲ တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ Kirkuk မြို့
ဗုံးကွဲ တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ Kirkuk မြို့
ဒေးဗစ်ဘက်ခမ်းဘောလုံး လောက က အနားယူတော့မည်
အင်္ဂလိပ်ဘောလုံးအကျော် အမော်၊ David Beckham က သူဘောလုံး ကစားတာကနေ အနားယူတော့မယ် လို့ ကြေညာလိုက် ပါတယ်၊ ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကြာကစားခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီအကုန်မှာ အနားယူတော့မယ်လို့ အသက် ၃၈ နှစ်အရွယ် ဘောလုံး အကျော်အမော်က ကြာသပတေးနေ့က ပြောလိုက်တာဖြစ်ပါတယ်။
ဆီးရီးယားမှာ ဓါတု လက်နက် သုံးကြောင်း ပိုခိုင်မာလာ
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရဲ့ အနောက်တောင် ပိုင်းမှာ ရှိတဲ့ ဆာရာကက်ဘ် မြို့ကို ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သတင်းတွေကို ပိုခိုင်မာသွားစေတဲ့ မျက်မြင် သက်သေတွေရဲ့ ပြောဆိုချက်တွေကို ဘီဘီစီက ကြားသိခဲ့ရပါတယ်။အဆိပ်ဓါတ်ငွေ့တွေ ပါတဲ့ အနည်းဆုံး ဗုံးနှစ်လုံးလောက်ကို ဆီးရီးယား အစိုးရ ရဟတ်ယာဉ်တွေက ကြဲချခဲ့တယ်လို့ မျက်မြင်သက်သေတွေက အဲဒီ မြို့ကို သွားရောက်ခဲ့တဲ့ ဘီဘီစီသတင်းထောက်ကို ပြောပြကြပါတယ်။
Thursday, May 16, 2013
ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၇၅,၀၀၀ ကျော် ပေါ်ပေါက်ခဲ့
Thursday, May 16, 2013
နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အ တွင်း လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်း ၇၅,၀၀၀ ကျော် ရရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှမှ သိရသည်။
မုန်တိုင်း အားပျော့၊ ရခိုင်ဘက်ကို ၀င်ရောက်ရန် အခြေအနေ နည်းပါးသွား
Thursday, May 16, 2013
မဟာဆန်မုန်တိုင်းမှာတဖြည်းဖြည်းအားပျော့သွားပြီး မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်တွင်စိုးရိမ်လောက် သည့် အနေအထားတွင် မရှိတော့ကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးဇလဗေဒက ယနေ့ နေ့လည် ၁ နာရီ ၃၀တွင် သတင်း ထုတ်ပြန်သည်။ မုန်တိုင်းသည် မိုးအကြီးအကျယ် ရွာသွန်းမူကြောင့် အားပျော့သွားခဲ့ကြောင်း၊ ယနေ့နံနက်က အင်အား အကောင်းဆုံး အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ န၀ါခါလီမြို့နှင့် စစ်တကောင်းးမြို့ကို ဦးတည်နေကြောင်း ပြောဆိုသည်။
ရန်ကုန် ဘတ်စ်ကားလိုင်း စနစ်များ ပြင်မည်
Thursday, May 16, 2013
ရန်ကုန်မြို့တွင်း နေ့စဉ် သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေရန်အတွက် ဘတ်စ်ကားလိုင်းများ လက်ရှိပြေး ဆွဲနေသော စနစ်ကို ပြန် လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း အသစ်ဖွဲ့စည်းလိုက်သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့(Yangon City Public Transport Authority-YCPTA)က ပြောသည်။“ကျစ်လျစ်တဲ့ ယာဉ်လိုင်းစနစ်ဖြစ်အောင် ပြန်ပြင်မယ်၊ လိုင်းတွေ ပြန်သန့်မယ်၊ ကုမ္ပဏီပိုင်၊ အဖွဲ့အစည်းပိုင် စနစ်မျိုးနဲ့သွားမယ်၊ ပိုင်ဆိုင်မှု စုစည်းတာမျိုး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို လစာပေးတဲ့စနစ်နဲ့ သွားတာမျိုးဖြစ်နိုင်အောင် လုပ်ဖို့ အစီအစဉ် တွေရှိပါတယ်၊
Tuesday, May 14, 2013
ဘူးသီးတောင်မှာ တစ်အိမ်တက်တစ်အိမ်ဆင်း မုန်တိုင်းအန္တရာယ်အသိပေးပြီ
စစ်တွေ၊မေလ-၁၃ မဟာစင်မုန်တိုင်းဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မှာ မုန်တိုင်း အန္တရာယ်ကိုတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံအသိပေးနေပြီလို့ဘူးသီးတောင်နေဒေသခံအချို့ထံကသိရ ပါတယ်။“ရေကြောင်းသွားလာရေးတွေကို ရပ်နားထားဖို့ရှိနေတယ်၊ ကယ်ဆယ်ရေးစခန်းတွေကိုလည်း စာသင်ကျောင်းတွေနဲ့ဘုန်းကြီးကျောင်း၊မုန်တိုင်းဒဏ်ခံနိုင်တဲ့နေရာတွေမှာကြိုတင်ဖွင့်ထားတယ်၊ ရပ်ကွက် လှည့်ပြီး ခဏခဏလည်းကြေညာပေးနေတယ်”လို့ ဒေသခံဦးဇော်ဝင်းကပြောပါတယ်။
နှစ်ကတ်တွဲနဲ့  အပြတ်ကဲနိုင်ဖို့  View Sonic ရဲ့  View Pad 7D Tab (Dual Sim)
Friday, May 10, 2013
မြန်မာတက္ကသိုလ်တွေ အဆင့်မြင့်ရေးကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား
အရင်စစ်အစိုးရရဲ့ဖိနှိပ်မှုတွေကြောင့် နာလန်မထူနိုင်ဖြစ်ခဲ့ရတဲ့ မြန်မာတက္ကသိုလ်တွေကို ဗြိတိန်တက္က သိုလ်တွေအနေနဲ့ လိုအပ်သမျှ အကူအညီတွေပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှာ ဗြိတိသျှကောင်စီနဲ့ လန်ဒန်တက္ကသိုလ်တို့ပူးတွဲပြီး မနေ့ကကျင်းပခဲ့တဲ့ ဗြိတိန်မြန်မာမူဝါဒရေးရာဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ဗီဒီယိုကတဆင့် အမှာစကားပြောကြား ခဲ့ တာပါ။
Thursday, May 09, 2013
မိုးသည်းထန်စွာရွာသွန်းစဉ် ရှေးဟောင်းစေတီပြိုကျရာမှ ဌာပနာပစ္စည်းများတွေ့ရှိထိန်းသိမ်းထား
၈-၅-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဘုရားနီကျေးရွာတွင် မိုးသည်း ထန်စွာ ရွာသွန်းစဉ် ယခင်ပြိုပျက်လျက်ရှိသည့် ရှေးဟောင်းစေတီတော် ထပ်မံပြိုကျခဲ့ရာ စေတီတော် အတွင်းမှ ကြေးဗုဒ္ဓဆင်းတုတော် ၇၄ ဆူ၊ နဂါးရုံ/ကျောက်စိမ်း/မြ ဘုရား ၃ ဆူ၊ ဘိလပ်မြေ ဆင်းတုတော် ၃ ဆူ၊ ရဟန်းကြေးဆင်းတု ၅ ဆူ၊ ရှင်ဥပဂုတ္တ ၂ ဆူ၊ ရှင်သီဝလိ ၂ ဆူ၊ ဓါတ်တော်ပုလင်း ၄၄ လုံး၊ စေတီ ၈ ဆူ၊ ကျောင်းဆောင် ၁ ခု၊ ကြက်လျှာတိုင် ၁ ခု၊ လက်စွပ်မျိုးစုံ ၂၅ ကွင်း၊ ဆွဲပြားမျိုးစုံ ၅ ပြား၊
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ထွက်ပြေးလာသူတစ်ထောင်ကျော် အကူအညီလိုအပ်နေ
နယ်မြေမငြိမ်သက်မှုကြောင့် ၂၀၁၂ခုနှစ်ဇွန်လမှ စတင်၍ဘင်္ဂလားဒေ့ရှ်နယ်စပ်မှမောင်တောဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသူအရေအတွက်မှာ တစ်ထောင်ကျော်ရှိနေပြီး အရေးပေါ်အကူအညီများ လို အပ်နေကြောင်းသတင်းရရှိသည်။ ယမန်နှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် နေထိုင်သော ရခိုင်၊ ဒိုင်းနက်၊ သက်စသည့် ရခိုင်မျိုးနွယ်စုများမှာ ရန်ပြုခြင်း များကိုခံခဲ့ရပြီးနောက် မောင်တောဒေသသို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။
ကြောက်မက်ဖွယ်ရာ ဖယောင်းတိုင် ရဲ့ ဆိုးကျိုး
ဖယောင်းတိုင်ထွန်းခြင်းဟာသဘာဝပါတ်ဝန်းကျင်ကိုထိခိုက်သလိုကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက် ဆုံး ရှာဖွေလေ့လာမှုများ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါ တယ်။
ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း များနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများကို (၂၀၁၃) ခုနှစ် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်
ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများကို (၂၀၁၃) ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ စီမံကိန်းများမှာ ဆူးလေဘုရား လမ်းပေါ်ရှိ Center Point Tower Hotel စီမံကိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်း လမ်းပေါ်ရှိ Rose Garden Hotel စီမံကိန်း၊ ကန်တော်ကြီး ကန်ရိပ်သာလမ်းရှိ Shangrila Hotel စီမံကိန်း၊ ကမာရွတ်မြို့နယ်၊ ပြည် လမ်းမပေါ်ရှိ Novotel Yangon Hotel စီမံကိန်း၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ Pyi Garden Condominium စီမံကိန်းများဖြစ်ကြောင်း သိရသည်။
၁၅၀၀ တန်ဖုန်း မေလနောက်ဆုံးပတ် ထပ်ရောင်းမည်
နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို မေလနောက်ဆုံးပတ်အတွင်း ဒုတိယ အကြိမ်ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအကြီးတန်းအရာရှိတစ်ဦးက ပြောကြား သည်။ CDMA 800 MHz မိုဘိုင်းလ်ဖုန်းလိုင်းကတ် ၃၅၀၀၀၀ ကို ဧပြီလ ၂၄ ရက်နေ့တွင် ပထမအကြိမ် ရောင်းချပေးခဲ့ပြီး ယခု မေလတွင်လည်း ယခင်လအတိုင်း ၂၄ ရက်နေ့ ဝန်းကျင်တွင် ရောင်း ချနိုင်မည်ဟုမျှော်လင့်ရကြောင်း ဆက်သွယ်ရေးသင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ထပ်မံအ တည်ပြုသည်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(ဆောင်းပါး)
ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရစစ်တပ်တိုက်ပွဲ များ အခုတစ်လော ဖြစ်ပွားလာပါသည်။
ကရင်ပြည်နယ်တွင် DKBA နှင့် BGF ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSA/SSPP နှင့် အစိုးရစစ်တပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ၌ RCSS နှင့် အစိုးရစစ်တပ် စသဖြင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါသည်။
သံရုံး ဗုံးခွဲရန်ကြံစည်မှု မသင်္ကာသူများကို အင်ဒိုရဲက စီးနင်းတိုက်ခိုက်၊ စစ်သွေးကြွ ၇ ဦး သေဆုံး
အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲရန် ကြံစည်မှုတွင် ပါဝင် ပတ်သတ်သည်ဟု ယူဆရသည့် အစ္စလာမ်မစ် စစ်သွေးကြွများကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ဝင်များက ၂၄ နာရီကြာ စီးနင်းတိုက်ခိုက်ခဲ့ရာ သီးခြား စစ်ဆင်ရေး သုံးခုအတွင်း စုစုပေါင်း စစ်သွေးကြွ ၇ ဦး သေဆုံးခဲ့ပြီး အခြား စစ်သွေးကြွ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု အေပီ သတင်းဌာနတွင် ရေး သားဖော်ပြထားသည်။
MAI ၏ Airbus ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေ ၂၆ ရက်တွင် စတင် ပျံသန်းပေးမည်
ရန်ကုန် (မဇ္ဈိမ)။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ Airbus ဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို မေလ ၂၆ ရက်တွင် စတင် ပျံသန်းပြေးဆွဲတော့မည် ဖြစ်သည်။“ရန်ကုန်-မန္တလေး ခရီးစဉ်ကို အပတ်စဉ် အဂါင်္၊ ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်း ပြေးဆွဲပေး သွားမှာပါ။ ခရီးစဉ်အနေနဲ့ ရန်ကုန်ကနေ မနက် ၆ နာရီခွဲမှာ ထွက်ခွါမှာ ဖြစ်ပြီး မန္တလေးကို မနက် ၇ နာရီ မိနစ် ၄၀ မှာ ရောက်ရှိပါမယ်။ မန္တလေးမှ ရန်ကုန်ကို မွန်းလွဲ ၂ နာရီမှာ ထွက်ခွါပေးမှာ ဖြစ်ပြီး ရန်ကုန်ကို ညနေ ၃ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာပါ” ဟု MAI မှ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါ်အေးမရသာ က ပြောသည်။
ယင်းခရီးစဉ်အတွက် လူဦးေ၇ ၁၂၀ ဆံ့ Airbus A319 ဖြင့် ပျံသန်းပြေးဆွဲသွားမည် ဖြစ်သည်။
Wednesday, May 08, 2013
အကြမ်းဖက်တိုက်ပွဲတွေကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၃၀ ခန့် သေဆုံး
Hefajat-e-Islam-Horror-Dhaka
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံဟာ နိုင်ငံရေး၊ လူမူရေး  မတည်ငြိမ်မူတွေနဲ့ အတူ လမ်းမတွေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတဲ့ အတွက် လွန်ခဲ့တဲ့ (တနင်္ဂနွေ ညဉ့်နဲ့ တနင်္လာနေ့)  ၂ ရက်တာ အတွင်း လူပေါင်း  (၃၀) နီးပါးခန့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
သေဆုံးသူ အများစုဟာ နိုင်ငံရဲ့ အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ထဲက တက်ကြွ လူပ်ရှာသူတွေ ဖြစ်ကြပြီး ကုန်လွန်ခဲ့တဲ့ ၂ ရက် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်း  ပစ်ခတ်စဉ်မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ထုတ် The Independent သတင်းစာမှာတော့ သေဆုံးသူ ၃၁ ဦးရှိတယ်လို့ ဖေါ်ပြပြီး The Daily Star သတင်းစာမှာတော့ ၂၃ ဦး အထက်မှာ သေဆုံးခဲ့တယ်လို့ ဖေါ်ပြပါတယ်။
New Age သတင်းစာမှာတော့ သေဆုံးသူ ၂၄ ဦးရှိတယ်လို့ ဖေါ်ပြပြီး အဲဒီအထဲမှာ ဒက္ကားမြို့တော်မှာ သေဆုံးသူ (၁၀) ဦး၊ နာရာဂန်ဂျီမြို့မှာ (၈) ဦး၊ စစ်တကောင်းမြို့မှာ (၅) ဦးနဲ့ ဘာဂါဟက်မြို့မှာ (၁)  ဦး ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။
ရာပေါင်းများစွာသော လူတွေဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးး အတွင်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ကတော့ သူတို့ အဖွဲ့ထဲက ဒက္ကားမြို့ မူတီဂျေးလ် ( Motijheel) ဧရိယာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်းမူကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၀၀ ခန့်ရှိပြီး မြောက်များစွာသော သူ့အဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေတယ်လို့ ပြောဆိုပါတယ်။  ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီး မိုဟိန်ဒူလ် ခန် အလမ်ဂီယာ ပြောတာကတော့ ဒက္ကားမြို့မှာ သေဆုံးသူဟာ (၉) ဦးဘဲ ရှိတယ်လို့ ပြောပါတယ်။
မနေ့ညဉ့်ကလည်း ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ BGB ( နယ်ခြားစောင့်တပ်ဖွဲ့)၊ RAB ( အထူးတန်ပြန် မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့) နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒက္ကားမြို့ပေါ်က စီးပွားရေး အရ အရေးပါတဲ့ ရပ်ကွက်တွေကို ရှင်းလင်းခဲ့ရာမှာ အနည်းဆုံး လူ (၁၀) ဦးသေဆုံးခဲ့တယ်လို့ ဆေးရုံ သတင်းရပ်ကွက်တွေကို ကိုးကားပြီး သတင်းစာတွေက ဖေါ်ပြပါတယ်။
ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရာနဲ့ချီတဲ့ သင်္ကာမကင်းခံရသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အစ္စလာမ်မစ်  Hefajat –e- Islam  ဘာသာရေး အဖွဲ့တို့ကြား နိုင်ငံ အနှံ့အပြားမှာ တိုက်ခိုက်မူတွေ အပြန်အလှန် ပေါ်ပေါက်နေတဲ့ အတွက် ခရီးသွားလာရေး လုပ်ငန်း တွေဟာလည်း ရပ်တန့်နေပါတယ်။
အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ အတူ အပြန်အလှန် တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ အစ္စလာမ်မစ်  Hefajat –e- Islam  အဖွဲ့ဝင်တွေဟာ ဆန္ဒပြပွဲ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်တွေ၊ ဘဏ်တွေ၊ ဘတ်စ်ကား တွေကို မီးတင်ရှို့ခဲ့ကြပါတယ်။
အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ဟာ ဘင်္ဂလာဒေခ်ျ့ အစိုးရကို အချက် (၁၃) ချက်ပါတဲ့ တောင်းဆိုချက်ကို တောင်းဆိုထားပြီး အစိုးရက အဲဒီတောင်းဆိုချက်တွေကို ပယ်ချလိုက်ပြီးတဲ့ နောက်ပိုင်းမှာ တနင်္ဂနွေနေ့က ဒက္ကားမြို့တော်ကို လေးဘက် လေးတန်က ၀ိုင်းပြီး ဆန္ဒပြ တောင်းဆိုမူတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲကို အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ဝင် သိန်းချီပြီး ပါဝင်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီက ထောက်ခံထားပြီး အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ဝင်တွေ သေဆုံးသွားတဲ့ အတွက် မနက်ဖြန် မေလ ၈ ရက်နေ့က စပြီး (၂) ရက်တာ အထွေထွေ သပိတ် ခေါ်ထားပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တာဝန်ရှိသူတွေက အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ အကြီးအကဲ Allama Shafi ကို ဒက္ကားကနေ သူ့နေရပ် စစ်တကောင်းမြို့ကို လေယာဉ်နဲ့ အတင်းအကျပ်  ပြန်ပို့လိုက်ပြီ အထွေထွေ အတွင်းရေ့းမှူး Junaid Babunagari ကိုတော့ မနေ့ညက  ဖမ်းဆီးလိုက်ပါတယ်။
ခုလို ဖြစ်ပျက်နေတဲ့ အပေါ် ဘင်္ဂလာဒေခ်ျ့က သာမန်ပြည်သူတွေ အကြားမှာ အထူး စိုးရိမ်မူတွေလည်း တိုးပွားနေပါတယ်။
လယ် ယာမြေပြဿနာ များ ရန် ကုန်တိုင်း အစိုးရ ကိုင် တွယ်ဖြေရှင်း ရာမှာ အား နည်း
ရန်ကုန် (မဇ္ဈိ)။ ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေပြဿနာများ တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်း ရာတွင် အားနည်းမှုများရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော် က ပြောသည်။ “တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြလို့ အစိုးရအဖွဲ့က လာဖြေရင် တိကျတဲ့အဖြေမျိုး ပေးမသွားဘူး။ အစိုးရအဖွဲ့ကို စာတင်ပြီး တင်ပြတာတောင် ဖြေရှင်းပေးမှုမျိုး လုပ်ပေးတာ မတွေ့ရသေးဘူး” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ဒဂုံမြိုသစ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်များ၊ ထန်းတပင်၊ မင်္ဂလာဒုံ ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ ကျောက်တန်းနှင့် သန်လျင်မြို့နယ်များတွင် လယ်ယာ သိမ်းဆည်းခံရမှုများ ဖြစ်ပေါ်နေသည်။
ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံရခြင်းမှာ လက်ရှိတွင် ဧကပေါင်း ၁ သိန်း ၆ သောင်း   ကျော် ရှိကြောင်း လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။
သိမ်းဆည်းခံထားသော လယ်ယာမြေများကို တိုင်းအစိုးရအဖွဲ့မှ ကုမ္ပဏီများကို လုပ်ကိုင် ခွင့် ပြုခြင်းကြောင့် ပြဿနာ ပိုမိုခက်ခဲနေခြင်း ဖြစ်သည်။
“လယ်ယာမြေပြဿနာတွေက ယခင်အစိုးရလက်ထက်က လုပ်ခဲ့တာတွေ ဖြစ်တယ်။
အစိုးရသစ် လက်ထက်မှာ လယ်ယာမြေ ပြဿနာက ပိုကြီးထွားလာတယ်” ဟု ရန်ကုန်တိုင်း စိုက်ပျိုး
မွေးမြူရေး ဝန်ကြီး ဦးစိုးမင်း က ပြောသည်။
ထိုသို့ သိမ်းဆည်းခံရမှုများကြောင့် လယ်သမားများ လယ်ယာလုပ်ကိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံးနေ ရသည်။
စုံစမ်းစစ်ရေး ကော်မရှင်ကို နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်မှ လွှတ်တော်အမတ် ၆၄ ဦးဖြင့် အဖွဲ့ခွဲ ၁၀ ခုခွဲ၍ ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် လိုက်လံ စစ်ဆေးလျက်ရှိသည်။
မြေအသိမ်းခံရမှုများအတွက် မြေပြန်လည်ရရှိရေး၊ ထိုက်တန်သည့် လျော်ကြေးရရှိရေးတို့ အပါအဝင် နစ်နာမှုများအား ထုတ်ဖော်ဆန္ဒပြပွဲများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်
မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို Rohingya Solidarity Organization(RSO)၊ Arakan Rohingya National Organization(ARNO) တို့လို အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာ ဖြစ်ပြီး၊ ဒီနှစ်အတွင်းမှာ အဲဒီလို အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကိုခံရတဲ့ မြန်မာနိုင်ငံသား တစ်ဦးရှိပြီး၊ နှစ်ဦးကတော့
ယခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံတကာက ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲသလို နစကတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာ အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်တာတွေ မရှိကြောင်း နစက တပ်ဖွဲ့ အကြီးအကဲက အခုလို ငြင်းဆိုပါတယ်။
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုင်ကြားလို့ ကျွန်တော်တို့ဆီမှာ ခုံရုံးဖွဲ့ပြီး၊ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်၊ ဘာတွေ့လဲဆိုတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက တစ်ချို့ ရာဇဝတ်မှုတွေမှာ တရားခံ
ဖမ်းဆီးရေးကို ရွာတွေမှာ ဝင်ရောက်လှုပ်ရှားတယ်၊ ကင်းပုန်းဝပ်တယ်၊ စောင့်ဆိုင်းတယ်၊ လျှက်တပြက်
ရှာဖွေတယ်၊ အဲဒါတွေကို ရပ်တန့်သွားစေချင်လို့  သူတို့ဘက်က ဒီလိုတုံ့ပြန်တာတွေ ဝါဒဖြန့်တာတွေ တွေ့ရပါတယ်။”
ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘင်္ဂလားဒေရှ့်နယ်မြေအတွင်းမှာ အခြေစိုက် လှုပ်ရှားတာတွေရှိတယ်လို့ ဘင်္ဂလားဒေရှ့်နဲ့မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ နှစ်ခုကြား ပြုလုပ်တဲ့ အလံတင်အစည်းအဝေးတွေမှာ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ဝန်ခံ ပြောကြားတာတွေ ရှိပါတယ်။
မြန်မာ- ဘင်္ဂလားဒေ့်ရှ်နယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မောင်းတောခရိုင်အခြေစိုက် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် နစကတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
RFA
မြန်မာအစ္စလာမ်ဘာသာအဖွဲ့များက ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဆိုသည့်ေ ကြညာချက်ကိုလက်မခံနိုင်ကြောင်း ထုတ်ပြန်
ပြီးခဲ့သည့်ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ အကျဉ်းချခံထားရသူ တာလီဘန်ခေါင်းဆောင် ၏ မြန်မာနိုင်ငံ အပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသွားမည်ဆိုသည့်ကြေညာချက်ကိုလက် မခံနိုင်ကြောင်း မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၄)ဖွဲ့၏ လက်မှတ် ထိုးဖြင့် ယမန်နေ့ကထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင်အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် နှင့် သာသနိကအဆောက်အဦးများ ၊ ဗလီဝတ်ကျောင်းတော်များ ပျက်စီးဆုံးရှုံးခဲ့မှု အပေါ် ပြည်တွင်းနှင့် နိုင်ငံတကာမှ စာနာ ထောက်ထား သူများကိုကျေးဇူးတင်ကြောင်းနှင့် ၊ ပြည်တွင်းရှိ ညီနောင်ဗုဒဘာသာဝင်များအပေါ်ဆန့်ကျင်တိုက်ခိုက်ရန် လှုံ့ဆော်မှုများကို လုံးဝလက်မခံကြောင်းဖေါ်ပြ ထားသည်။
အစ္စလာမ်ဘာသာရေးအဖွဲ့(၄)ဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် အကြမ်းဖက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု များကို နိုင်ငံတော် မှ ကမကထပြု၍ ပြန်လည်ပြုပြင်ပေးရန် ၊ လူသားချင်း စာနာသည့် အကူအညီများ အလျှင် အမြန်ပြုလုပ်ပေးရန် ၊ အကြမ်းဖက်မှုများ နောက်ထပ်မဖြစ်ပေါ်လာစေရန်အတွက် အကြမ်းဖက်သူ များအား ဖမ်းဆည်းအရေးယူရန် ၊ နောက်ကွယ်မှ ကြိုးကိုင် သူများအား ဖေါ်ထုတ် အရေးယူ ရန် တောင်း ဆိုထားသည့်အချက်များအပါအ၀င် အချက်(၃)ချက်ဖြင့် ထုတ်ပြန်ခဲ့ သည်။
" အဲဒီကြေညာချက်ထုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ကျနော်တို့နဲ့ ဘယ်လိုမှမပတ်သတ်ဘူးဆိုတာကို အာဏာပိုင်တွေရော ဗုဒ ဘာသာဝင်တွေရော သိစေချင်ပါတယ် ၊ ကျနော်တို့တွေ အကြိမ်ကြိမ်ခံစားနေရ သလို ကျနော်တို့ကို အကာအကွယ်ပေးတဲ့ ထဲမှာ ဗုဒဘာသာဆရာတော်ကြီးတွေလဲပါဝင်ပါတယ် " ဟု ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအိုလမာ သာသနာ့ ပညာရှင်များ အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာသည့်အကူအညီများကို အလျှင်အမြန်လုပ်ပေးသွားမည် ဟုမျှော်လင့်ကြောင်း ၊ နောက်နောင် အကြမ်းဖက်မှုများမဖြစ်ပွားလာရန်အတွက် နိုင်ငံတော်မှ အကာ အကွယ်များ ပေးသွားရန် လိုအပ်ကြောင်းကို တစ်ဆက်တည်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမတ္တဦးသိန်းစိန်၏ မေလ(၆)ရက်နေ့ကပြောကြားခဲ့သောမိန့်ခွန်းတွင် လက်ရှိ ကြုံတွေ့နေ ရသော ပြသနာများကို ဖြေရှင်းရာတွင် တစ်ဖက်နှင့်တစ်ဖက် အပစ်တင်ခြင်းများကို ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ကြ သည့်နည်းလမ်းနှင့် ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းပေါ်ပေါက်ရန် အချိန်ကြပြီဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့် သွင်းပြောကြားသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပြီးနောက်ပိုင်းတွင် မထ္တီလာ ၊ ပဲခူးအရှေ့ ဖက်ခြမ်း ဒေသများ ၊ ဥက္ကံ မြို့များတွင် အရေးအခင်းများ ရက်ပိုင်းဆက်တိုက်ပေါ်ပေါက်ခဲ့ကာ အရေးပေါ် အခြေအနေများ ကြေညာခဲ့သည်အထိ ရောက်ခဲ့ရပြီ လူသေဆုံးမှုများရှိခဲ့ကြောင်း မီဒီယာများကဖေါ်ပြ ခဲ့ကြသည်။
မင်းမင်းလတ်- မန္တလေး (မြစ်မခ)
အသံ ထက် ငါးဆမြန်သော လေ ယာဉ် အမေ ရိကန်တို့ တီ ထွင်အောင်မြင်
Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ ဖြစ်ပါတယ်။ ကုန်းပေါ်က တစ်နာရီမိုင် ၂၆၀ ပြေးတဲ့ ကားတောင် ကမ္ဘာ့အမြန်ဆုံး မြေပေါ် သွားကားလို့ သတ်မှတ် ထားတာ။ လေထဲမှာ တစ်နာရီ မိုင် ၄၀၀၀ နဲ့သွားရင် မြင်တောင် မြင်လိုက်ရမှာ မဟုတ်ပါဘူး။ မျက်စိ တစ်မိတ် အတွင်းကို Boeing X-51 အစီး ၅၀ အစဉ်လိုက်ဖြတ်ပြန် သွားရင်တောင် မြင်ရဖို့ ခဲနိုင်ပါတယ်။
စုစုပေါင်း ၄ စီးရှိပြီဖြစ်ပြီး နောက်ဆုံးအစီးမှာ အောင်မြင်သွားတာပါ။ အမြင့်ပေ ၅သောင်းကနေပြန်သန်းပြီး အသံထက် စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့ ပူးပေါင်းဖန်တီးထားတဲ့ လေ ယာဉ် ဖြစ်ပါတယ်။ လူမပါပါဘူး။ လူမဲ့လေယာဉ် ဖြစ်ပြီး စွယ်စုံ အသုံးပြုမှာ ဖြစ်ပါတယ်။
အရွယ်အစားလည်း ကြီးတဲ့အတွက် အာကသစခန်းပို့တာမျိုး၊ တိုက်ခိုက်ရေးမှာ အသုံးပြုတာမျိုး တို့ ပြုလုပ် ပါ။ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ထက်တောင် သူက အများကြီးမြန်နေပါတယ်။ မြေပြင်ထိန်းချုပ်ရေး အဖွဲ့ က အရေးကြီး ပါတယ်။
Boeing X-51 တစ်စီး ရဲ့  ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။
My Blog List