ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်ပင်လယ်ကမ်းခြေတလျှောက် ရေထဲမှာ မျောပါလာတဲ့
လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့ရဲ့ကိုယ်ပေါ်ကမြန်မာကျပ်ငွေ(၄) သောင်း ကိုရှာဖွေတွေ့ရှိတဲ့အတွက်သူတို့ဟာမြန်မာနိုင်ငံသားတွေဖြစ်ပြီးမြန်မာဘက်ကနေဘင်္ဂလာဒေခ်ျ့
ရေပြင်ထဲ ကိုမျောပါလာတဲ့အလောင်းတွေဖြစ်တယ်လို့ဘင်္ဂလာဒေခ်ျ့အာဏာပိုင်တွေက
ပြောပါတယ်။အလောင်းတွေဟာမနေ့ကတက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေ
ဘာဟာချရ ( Bahachara) နဲ့ ဆားပြင် ( Sabrang) အကြား မျောပါနေတာကို တွေ့တဲ့
အတွက် ရွာသားတွေက ဘင်္ဂလာ အာဏာပိုင်တွေကို အကြောင်းကြား ခဲ့တယ်လို့ဆိုပါတယ်။ တက်ကနက်ရဲအဖွဲ့က သွားရောက်ဆယ်ယူရာမှာမနေ့က အလောင်း ၂၂ လောင်း ကို
တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ရှာဖွေရာမှာ အလောင်း (၂) လောင်းကို ထပ်မံ
တွေ့ရှိခဲ့ အတွက် အခု အချိန်ထိ စုစုပေါင်း အလောင်း ၂၄ လောင်းကို ရှာဖွေ
ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိ သူတွေက သတင်းဌာနတွေကို ထုတ်ဖေါ်
ပြောဆို ပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကျန်တာတွေကတော့ အမျိုး သားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။အခု ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေဟာ မေလ ၁၃ ရက်နေ့က ပေါက်တောမြို့နယ်
ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းကနေ ဖရုံကာကျွန်းမှာရှိတဲ့ အနောက်ရဲ
မူဆလင်ရွာကို မဟာစင် မုန်တိုင်း အန္တရာယ် ကို ရှောင်ကွင်းဖို့ သွားရာကနေ
စက်လှေနစ်ရာမှာ ပါဝင်သွားခဲ့တဲ့ သူတွေလို့ ခန့်မှန်း ရပါတယ်။နစ်သွား တဲ့ စက်လှေမှာမူဆလင် ဒုက္ခသည် ၁၃၈ ယောက်ပါဝင်ပြီး ၄၃ သာအသက်ရှင်ကျန်ရစ်ကာ၉၅ဦး ပျောက် ဆုံးနေတယ်လို့ သိရပါ တယ်။ ဒီအလောင်းတွေကို မြန်မာဘက်ကို လွှဲမှာလား၊ ဘင်္ဂလာဒေခ်ျ့မှာ
သဂြိုလ် မှာ လားဆိုတာကိုတော့ ခုလောလောဆယ်မှာ သဲကွဲစွာ မသိရသေးဘူးလို့ တက်ကနက်
ဒေသခံ တစ်ဦး က နိရဉ္စရာကို ပြော ပါတယ်။
နိရဉ္စရာ

No comments:
Post a Comment