Friday, August 30, 2013
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်တည်ဆောက် လာနိုင်ခြင်းကို တရုတ်နိုင်ငံအနေဖြင့်ဝမ်းမြောက်ဝမ်းသာရှိပါကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီက မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သြဂုတ် ၂၈ ရက်က တွေ့ဆုံရာတွင် ပြောကြားသည်။
တရုတ်နိုင်ငံခြားရေး ၀န်ကြီးက မြန်မာသည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရောက် ရှိနေပြီဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဝန်ကြီးဝမ်က မြန်မာနှင့် တရုတ်သည် စီးပွားရေး လုပ်ငန်းများနှင့် ကုန်သွယ်ရေး လုပ်ငန်းများတွင် ပိုမို ပူးပေါင်းလုပ်ဆောင်ရန်၊ နှစ်နိုင်ငံကြား ဆက်သွယ်ရေး ပိုမိုဖွံ့ဖြိုးလာရန်နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ -မြန်မာ လေးနိုင်ငံ စီးပွားရေး စင်္ကြံပြုလုပ်နိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ပြောကြားသည်။