Thursday, August 01, 2013

ဦးဘရန်ရှောင်အမှု (၁၁) ကြိမ်မြောက် ရုံးချိန်းတွင် ဗိုလ်ကြီးတစ်ဦးအား တရားလိုပြစစ်ဆေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တရားရုံးတွင် သမီးသေဆုံးသည်ကို နိုင်ငံတော်သမ္မတနှင့် လူအခွင့် အရေးကော်မရှင်ထံသို့ တိုင်ကြားစာများ ပေးပို့ခဲ့သူ ဦးဘရန်ရှောင်အမှု (၁၁) ကြိမ်မြောက် ရုံးချိန်းခဲ့ပြီး မဂျာဆိုင်းအိန်သေဆုံးမှုဖြစ်စဉ်တွင် ပစ်ခတ်မှုများဖြစ်ပွားသော တပ်ရင်းနှင့် ပါဝင်ခဲ့သူ ဗိုလ်ကြီးဇော်မင်းအား တရားလိုပြ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ကြီးဇော်မင်း၏ စစ်ဆေးခံချက်အရ မိမိတို့တပ်ရင်းမှာ ၎င်းရွာသို့ နံနက် ၄ နာရီတွင် ရောက်ရှိလာပြီး စခန်းချနေကြောင်း၊ ညနေ ၃ နာရီကျော်တွင် ၎င်းရွာမှ ထွက်ခွာလာကြောင်း၊ စစ်ကြောင်းရုံးဖွင့် သည့်နေရာနှင့် ကိုက် ၅၀ အကွာတွင် ပေါက်ကွဲမှုဖြစ်ကြောင်း၊ တပ်ကြပ်တစ်ဦး ကျဆုံးပြီး အရာရှိ အပါအ၀င်သုံးဦးဒဏ်ရာရကြောင်း၊ မိုင်းပေါက်ကွဲမှုအနီးတွင်မရှိဘဲမီးခိုးသာမြင်ရကြောင်း၊ အပစ်အခတ်ဖြစ် ပွားပြီး အခင်းဖြစ်ပွားချိန်တွင် လမ်းမပေါ်တွင် ကျောင်းသား/သူများ၊ အရပ်သားများရှိကြောင်း၊ ဒဏ်ရာရသူ စစ်သားများပြန်ကောက်ချိန်တွင် ဆရာမဆိုသူ တစ်ဦးက မိမိကလေး ဒဏ်ရာရသည်ဆိုပြီး ပွေ့လာကြောင်း၊ ၎င်းကလေးငယ်မည်ကဲ့သို့ဒဏ်ရာရသည်ကိုမသိကြောင်း၊ ဆေးဗိုလ်ကြီးကဆေးထိုး၊ ဆလိုင်းချိတ် လုပ်ကြောင်း၊ မိမိမှာ တာဝန်အရထွက်ခွာလာကြောင်း ထွက်ဆိုခဲ့သည်။ ဦးဘရန်ရှောင်၏ ရှေ့နေဖြစ်သူက ဦးဘရန်ရှောင်၏လူ့အခွင့်အရေးကော်မရှင်သို့တိုင်ကြားစာကိုဖတ်ပြီးပြီလားဟုမေးရာ မဖတ်ရသေးကြောင်း၊ မိမိတို့ဘက်မှလည်း တပ်ကြပ်တစ်ဦး ကျဆုံးသွားသဖြင့် နစ်နာမှုရှိကြောင်း ပြောကြားသည်။

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် ဒဏ်ကြေးငွေကို မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ရန် လျာထား

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း မလေးရှားရောက်တရား မ ၀င်မြန်မာအလုပ်သမားများပြည်တော်ပြန်နိုင်ရေးအတွက်ကူညီဆောင်ရွက်ပေးနေသောကိုသီဟမောင်မောင် က The Daily Eleven သို့ ပြောကြားသည်။
"သူတို့ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဒီနေ့ကျွန်တော် ပူထရာဂျာရာသွားတော့ ရင်းဂစ် ၄၀၀ နဲ့ လုပ်ပေးဖို့ လျာထားဆောင်ရွက် နေတယ်လို့ ပြောပါတယ်" ဟု ကိုသီဟမောင်မောင် က ပြောကြားသည်။

မြန်မာနိုင်ငံမှ ပေးချေရန်ရှိသော ချေးငွေ ယူရို ၁ ဒသမ ၁ ဘီလျံအနက် သန်း ၅၅၀ ကျော်အား ပြင်သစ်ပယ်ဖျက်

ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ပေးချေရန် ရှိနေသော ကြွေးမြီ ယူရို ၁ ဒသမ ၁ ဘီလျံအနက် သန်း ၅၅၀ အား ပယ်ဖျက်ပေးလိုက်ကြောင်း ဇူလိုင် ၃၁ ရက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ၌ ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး Nicole Bricq က ပြောကြားသည်။
"ဒီနေ့မနက်မှာပဲ နေပြည်တော်မှာ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနဲ့ နားလည် မှု စာချွန်လွှာ ရေးထိုးပြီးတော့ မြန်မာနိုင်ငံကနေပြီး ပြင်သစ်နိုင်ငံကို ပေးချေဖို့ရှိတဲ့ ကြွေးမြီ ၁ ဒသမ ၁ ဘီလျံထဲက ထက်ဝက်ဖြစ်တဲ့ သန်း ၅၅၀ ကို ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပထမဦးဆုံး စာချွန်လွှာ ရေးထိုးခြင်းပါပဲ။ ကျန်ရှိနေတဲ့ ကြွေးမြီတွေကိုတော့ အတိုးနှစ်ရာခိုင်နှုန်း ၀န်းကျင်နဲ့ သတ်မှတ်ပြီးတော့ ၁၅ နှစ်အတွင်းမှာ ပြန်လည်ပေးဆပ်နိုင်ဖို့ ကတိ က၀တ် ပြုထားခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ၏ ဒုတိယအကြိမ် ရုံးချိန်း၌ တရားလိုပြ သက်သေခြောက်ဦး စစ်ဆေး

ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာအား ဖားကန့်မြိုနယ် တရားရုံးက ဒုတိယအကြိမ် ရုံးချိန်း ခဲ့ပြီး တရားလိုပြသက်သေ ခြောက်ဦးအား တရားရုံးမှ ယနေ့စစ်ဆေးခဲ့သည်။ တရားလို ရဲအုပ်ကျော်မြ၀င်း က ဦးဇော်ဂျာသည်ရင်ကျပ်ရောဂါ ခံစားနေရပြီး နယ်လှည့်ဆေးကုဆရာမ ဒေါ်ဘောက်ဂျာက ထိုးဆေးနှစ် လုံးထိုးပြီး သေဆုံးသွားကြောင်း၊ ဒေါ်ဘောက်ဂျာမှာ ဆေးကုသလိုင်စင် မရှိ၍ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်တွင် ကာမိုင်းရဲစခန်းမှ ပ/၁၀/၂၀၁၁၊ ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ-၄၁ ၊ (ပ)၉/၂၀၁၁၊ ပြစ်မှုပုဒ်မ ၃၀၄-က၊ ပ ၄၂/၂၀၁၁ ယစ်မျိုးဥပဒေပုဒ်မ ၃၃ တို့ဖြင့် တရားစွဲဆို ခဲ့ပြီး အသေးစိတ်ကို မိမိရှေ့က တာဝန်ထမ်းဆောင်သော ရဲအုပ်ဦးထွန်းဝင်းသာသိကြောင်း အစစ်ခံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် အာဃာတထားရှိခြင်း မရှိကြောင်းဒေါ် အောင်ဆန်းစုကြည်က ဇူလိုင် ၃၁ ရက်က သတင်းထောက် များနှင့် တွေ့ဆုံ စဉ် ပြောကြားသည်။"အရင်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးလုပ်တဲ့ ဖြစ်စဉ်ကြောင့် အကျယ်ချုပ် ချခံရ တာတွေ ရှိခဲ့တယ်။ ဘယ်သူ့ကိုမှ မုန်းတီးမှု မရှိပါဘူး။ နိုင်ငံရေးလုပ်လို့ ဖြစ်ရတယ်လို့ပဲ သဘောထားတယ်။ ဦးသန်းရွှေကို ဒီလိုလုပ်ခဲ့တယ်ဆိုပြီး မုန်းတီးနေတာ မရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို စင်ကာပူနိုင်ငံ ဆေးရုံတစ်ခုမှ အခမဲ့ခွဲစိတ် ကုသပေးမည်

ခန္ဓာကိုယ် အစိတ်အပိုင်း အလွန်အမင်း ကြီးထွားသော ရောဂါရှိသည်ဟု ယူဆရသည့် အရပ် ၇ ပေ၊ ၁၀ လက်မရှိသော ကိုဝင်းဇော်ဦး၏ ဆေးစစ်ချက် ရလဒ်များ ထွက်လာပြီ ဖြစ်သဖြင့် စင်ကာပူနိုင်ငံ ဆေးရုံ တစ်ခုမှအခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း ကိုဝင်းဇော်ဦး၏ဆေးကုသမှုနှင့် ပတ်သက်၍လိုက်လံဆောင် ရွက်ပေးနေသည့် ဒေါက်တာမြတ်သူမင်းက ဇူလိုင် ၃၁ ရက်က Daily Elevenသတင်းစာ သို့ ပြောကြားသည်။ ကုသပေးမည့် ဆေးရုံနှင့် ကုသမည့် အချိန်ကာလကို လောလောဆယ်တွင် တိုင်ပင်ညှိနှိုင်း နေသောကြောင့် မပြောနိုင်သေးကြောင်း သိရှိရသည်။
"ကျွန်တော်တို့ဆီမှာ အခုကိုဝင်းဇော်ဦးရဲ့ စင်ကာပူကို ပို့ထားတဲ့ ဆေးစစ်ချက်တွေ ရထားပြီပါပြီ။ ရလဒ်အရ ခွဲစိတ်ကုသရမယ်ဆိုတော့  စင်ကာပူနိုင်ငံ ဆေးရုံတစ်ခုက ကိုဝင်းဇော်ဦးရဲ့ ခွဲစိတ်ကုသမှုကို အကုန်အကျ ခံမယ်လို့ သိရတယ်" ဟု ဒေါက်တာမြတ်သူမင်းက ပြောကြားသည်။

Wednesday, July 31, 2013

အီးယူသံတမန်နဲ့ ထိန်းသိမ်းခံရတဲ့ အီဂျစ်သမ္မတတို့ တွေ့ဆုံ

Wednesday, July 31, 2013
ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေးရာတာဝန်ခံ Catherine Ashton နဲ့ ရာထူးကနေဖယ်ရှားခံရပြီး စစ်တပ်အထိန်းသိမ်းခံထားရတဲ့ အီဂျစ်သမ္မတ Mohammad Morsi တို့ လျှို့ဝှက်တဲ့နေရာတခုမှာ နှစ်နာရီကြာတွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။
အခုတွေ့ဆုံမှုဟာ ရာထူးကနေဖယ်ရှားခံရတဲ့ အီဂျစ်သမ္မတ Mohammad Morsi အတွက် နိုင်ငံခြားသားနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံတဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ Mohammad Morsi ဟာ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေတဆင့် သတင်းအချက်အလက်တွေ ရယူနိုင်ခွင့်ရှိပြီးတော့ ရှေ့ဆက် ဘယ်လိုသွားရမလဲဆိုတဲ့ ကြောင်းအရာတွေကိုပဲ ပြောခဲ့တယ်လို့ Catherine Ashton ကဆိုပါတယ်။

အိမ်ထောင်မရှိသူ အမျိုးသားတွေကို ပါပူဝါနယူးဂနီပို့ဖို့ သြစီ စီစဉ်

Wednesday, July 31, 2013
သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းလိုသူတွေကို သြစတြေးလျနိုင်ငံမှာ မထားဖို့ အစိုးရက ဆုံးဖြတ်ပြီးနောက် ခုအခါမှာ အိမ်ထောင်မကျသေးတဲ့ အမျိုးသားတွေကို ပါပူနယူး ဂနီနိုင်ငံ ကို ပထမဦးဆုံးအနေနဲ့ ပို့ဆောင်တော့မယ်လို့ သိရပါတယ်။
ခုလောလောဆယ် ပါပူဝါနယူးဂနီနိုင်ငံ Manus ကျွန်းရှိ ထိန်းသိမ်းရေးစခန်းကို အိမ်ထောင်မရှိသေးတဲ့ ခိုလှုံခွင့်တောင်းလိုသူ ဘယ်နှစ်ယောက်ကို ပို့ဆောင်မလဲဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် အစိုးရရဲ့ မူဝါဒသစ် အသေးစိတ်ကို ဒီကနေ့ ထုတ်ဖော် နိုင်တယ်လို့ မျော်လင့်နေကြပါတယ်။
ပါပူဝါနယူးဂနီနိုင်ငံကိုမပို့ခင်သြစတြေးလျနိုင်ငံမှာ ကျန်းမာရေးစီစစ်မှုတွေ လုပ်ခဲ့ပြီးအခြေအနေ ကောင်းမွန် သူတွေကိုသာပို့ဆောင်မှာဖြစ်ကြောင်းသြစတြေးလျလူဝင်မှုကြီးကြပ်ရေးဝန်ကြီး တိုနီဘ့ာခ်က ပြောပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း ပထမအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေး

Wednesday, July 31, 2013
အစ္စရေးနဲ့ ပါလက်စတိုင်းနှစ်နိုင်ငံက သုံးနှစ်အတွင်း ပထမဆုံးအကြိမ်တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုတွေပြု လုပ်နေပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ အစ္စရေးနဲ့ ပါလက်စတိုင်းနှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးရေး သမားတွေ ဆွေးနွေးနေကြတာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးမှုအပြီး နှစ်နိုင်ငံစလုံးအတွက် ရှေ့ဆက်မှာ ခက်ခဲတဲ့ ဖြေရှင်းမှုတွေ၊ ဆွေးနွေးမှုတွေ အများကြီး လုပ်ရဦးမယ်ဆိုတာကို အားလုံးက မျော်လင့်နေကြပါတယ်။

ပင်လယ်ရေထဲ ရေနံယိုစိမ့်မှုကြောင့် ထိုင်း ခရီးသွားလုပ်ငန်းထိခိုက်

Wednesday, July 31, 2013

ထိုင်းနိုင်ငံ ပင်လယ်ကွေ့မှာ ရေနံယိုစိမ့်မှုတွေ ဖြစ်နေတဲ့အတွက် Koh Samet အပန်းဖြေကျွန်းရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အကြီးအကျယ် ထိခိုက်နစ်နာနေရတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ရေနံပိုက်လိုင်းယိုစိမ့်မှုကြောင့် ထိုင်းနိုင်ငံပိုင် ပင်လယ်ရေမျက်နှာပြင်တချို့မှာ ရေညစ်ညမ်းမှုဖြစ်နေတဲ့ အတွက် Koh Samet အပန်းဖြေကျွန်းရှိ Ao Phrao ကမ်းခြေက ကမ္ဘာလှည့်ခရီးသည်တွေ အစုလိုက် အပြုံ လိုက် ထွက်ခွာ ကုန်ကြပြီး အနီးအနားကမ်းခြေတွေမှာ ကမ္ဘာလှည့်ခရီးသည်တချို့ ကျန်ရှိနေသေးပေမယ့် တဖြေးဖြေးနဲ့ မြို့တော် ဘန်ကောက်မြို့ဆီကို ဦးတည် ထွက်ခွာနေကြတဲ့အတွက် ဒေသတွင်းမှာ စီးပွားရေး နစ်နာဆုံးရှုံးမှု ဖြစ်နေရတယ်လို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနက ပြော ပါတယ်။

တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ

Wednesday, July 31, 2013

လွန်ခဲ့သော နှစ်ကိုးဆယ်နီးပါးက ပြဌာန်းထားသည့် ဥပဒေဟောင်းကို ဖျက်သိမ်းပြီး ဇူလိုင် ၂၉ ရက်တွင် အသစ်ပြဌာန်းလိုက်သည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေသစ်တွင် တရားသူကြီးက အမိန့်ချမှတ်ပြီးသည့် အမှုကို ဝေဖန်နိုင်ကြောင်း ထည့်သွင်းပြဌာန်းထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းပြဌာန်းချက်သည် “ စီရင်ချက် ချလိုက်လို့ အဲ့ဒီ စီရင်ချက်ကြီးက မမှန်ကန်ဘူး၊ မမျှတဘူး၊ တစ်ဖက်ဖက်ကို ဘက်လိုက်တဲ့အကြောင်း ရှိနေတယ်၊ ဘာညာ သုံးသပ်မယ်ဆိုရင် သုံးသပ်လို့ ရသွားပြီပေါ့ဗျာ။ အင်မတန် ကောင်းတဲ့အချက်ပါပဲ”ဟု မှတ်ချက်ပြုသည်။

သြဂုတ်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း

Wednesday, July 31, 2013

တနင်္ဂနွေ ။ ။ မိတ်ဆွေ၏ ဂတိပျက် သစ္စာမဲ့မှုကြောင့် လုပ်ငန်းများ အဆင်မပြေဖြစ်မည်။ မျက်နှာပျက်ရမည်။ မမျှော်လင့်ဘဲ ငွေကြေးအကြပ်အတည်း အနည်းငယ်တွေ့မည်။ မြေ၊ အမွေ ကိစ္စများ ဝင်ရောက်စွက်ဖက်ခြင်းကို ရှောင်ပါ။ ငယ်ရွယ်သူများ ပညာရေး ကံမကောင်းပါ။ ငွေကုန်ကျခံမှ အဆင်ပြေမည်။ ခေါင်းကိုက်ဝေဒနာ ခံစားရလိမ့်မည်။ ခရီးသွားရင်း ချစ်သူတွေ့လိမ့်မည်။

ယတြာ ။ ။ အုန်းရည် (၆)ခွက်ကို မိမိအိမ်၏ အနောက်ဘက် လူသွားလမ်းတွင် သွန်ပစ်ပါ။

Monday, July 29, 2013

တွင်းထွက်သယံဇာတတူးဖော်မှုအပါအဝင်လုပ်ငန်းရဝကျော်ပတ်ဝန်းကျင်ထိ ခိုက်မှုဆိုင်ရာဆန်းစစ်ခြင်း လုပ်ကိုင်ရမည်

Monday, July 29, 2013
တွင်းထွက်သယံဇာတတူးဖော်ရေးအပါအဝင်လုပ်ငန်းပေါင်းရဝကျော်ကိုပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများလုပ်ကိုင်ရမည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိခိုက် မှုဆိုင်ရာ ဆန်းစစ်ခြင်း လုပ်ထုံး လုပ်နည်း (မူကြမ်း)တွင် ဖော်ပြ ထားသည်။ ယင်းမူကြမ်းကို နိုင်ငံတော် ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်ရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်ယိုယွင်းမှု အနည်းဆုံး ဖြစ်စေရန်၊ နိုင်ငံတော်နှင့်အတူ စီးပွားရေး လုပ်ငန်းရှင် များ၊ ပြည်သူလူထုအားလုံး ပူးပေါင်းကာ ကွယ်တားဆီးနိုင်ရန်၊ သယံဇာ တ ရေရှည်စဉ်ဆက်မပြတ် သား စဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင် ရန်ဖြစ်ကြောင်း သိရသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦး နေအေးက ''ကျွန်တော်တို့ဒီမူကြမ်း ကို နိုင်ငံငါးနိုင်ငံရဲ့ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ခြင်းလုပ် ထုံးလုပ်နည်းတွေကို အခြေခံရေး ဆွဲထားတာပါ။ နောက် ADB/ JICA /တာမဲခေါင်ဒေသခွဲ ပတ် ဝန်းကျင်ထိန်းသိမ်းရေး ဗဟိုဌာန ခွဲက ပညာရှင်တွေ ပါဝင်သလို အခြားအဖွဲ့အစည်းတွေလဲပါဝင် ပါတယ်''ဟုပြောသည်။
မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန်အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ အမှန်ပြောရရင် ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက်စေချင်ဘူး။(ယုသန္တာတင်)
Monday, July 29, 2013


Photo: မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန်အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ အမှန်ပြောရရင် ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက်စေချင်ဘူး။(ယုသန္တာတင်)
Monday, July 29, 2013

မေး - မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို အများ ဆုံးဝတ်ဆင်လာတာ တွေ့ရတယ်နော်။ မြန်မာ ဝတ်စုံကိုကြိုက်တာလား။

ဖြေ - အင်းဟုတ်တယ်။ အခုလို မြန်မာဆန်ဆန် ပုံစံလေးတွေဝတ်ဆင်ရတာကို ပိုသဘောကျတယ်။ နောက်ပြီးတော့ ယုအဲဒီလိုမျိုးဝတ်တာကို ပရိသတ် ကလည်း လက်ခံအားပေးတယ်။ ကြိုက်နှစ်သက် တယ်။ နောက်တစ်ခုက ယုကိုယ်တိုင်လည်း ကြိုက် လို့ပါ၊

မေး - မြန်မာဝတ်စုံတွေကို ဘယ်အချိန်ကနေစပြီး နှစ်သက်ခဲ့တာလဲ။ ဒီဇိုင်နာနဲ့အပ်ပြီး ဝတ်တာလား။ 

ဖြေ - ယုတို့ ပဉ္စမတန်းနှစ်တက်တုန်းက ကျောင်းစိမ်းအကျÐက ထဘီနဲ့တွဲပြီးဝတ်ရတာဆို တော့ အဲဒီကတည်းက နှစ်သက်ခဲ့တာ။ နောက်ပြီး တော့ ဘုရားသွား၊ ကျောင်းကန်တွေသွားရင်လည်း ဝတ်တဲ့အခါမှာ တအားကိုကျက်သရေရှိတဲ့ မြန် မာဝတ်စုံတွေကိုဝတ်ရတာ ပိုပြီးတော့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိလာတယ်လို့ထင်တယ်။ ဝတ်စုံ တွေကို ဒီဇိုင်နာဆီမှာအပ်ပြီးချုပ်ဝတ်တာ တော် တော်များပါတယ်။

မေး - ယုသန္တာတင်ရဲ့ အခုလတ်တလောအနု ပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - အခုက ရမည်းသင်းဆေးရုံမှာ ကြော်ငြာ တစ်ခုရိုက်နေတယ်။ ဩဂုတ်ကျရင်တော့ ဗီဒီယို ဇာတ်ကားရိုက်ဖို့ရှိတယ်။ 'ကျန်စစ်မင်းကြီး အား တရားစွဲပေးပါ'ဆိုတဲ့ ဇာတ်ကားပါ။ ဒါရိုက်တာ ဒေါနရိုက်ကူးထားပြီး ကိုနေတိုးနဲ့ပါ။

မေး - အခုချိန်မှာ အချိန်တိုအတွင်း အောင်မြင်တဲ့ သူတွေထဲမှာပါလာပြီဆိုတော့ အရင်နဲ့ အခု ဘာတွေ ကွာသွားလဲ။

ဖြေ - ပရိသတ်က ယုကို လက်ခံအားပေးတဲ့အ တွက် ကြိုးစားထားတဲ့အရာတစ်ခုက ပြန်ရသလို ပဲ တအားဝမ်းသာတယ်။ အခက်အခဲတွေက တော့ အများကြီးပဲပေါ့။ နောက်တစ်ခုက ဒီလော ကထဲကိုဝင်ဖို့ စပြီးတော့ ကြိုးစားကတည်းက အခက် အခဲတွေကရှိတာပေါ့နော်။ အောင်မြင်မှုတစ်ခုရ ဖို့ဆိုတာ ဘယ်တော့မှ အလွယ်တကူမရပါဘူး။ အလွယ်တကူနဲ့ရတဲ့အောင်မြင်မှုကလည်း ရေ ရှည်မတည်မြဲဘူးလို့ ယု ထင်ပါတယ်။

မေး - 'အနုပညာပျိုးခင်း'ကနေ တက်လာတာဆို တော့ အဲဒီက ဘယ်လိုအထောက်အပံ့တွေပေးသလဲ။

ဖြေ - အခု ယုရိုက်နေတဲ့ဇာတ်ကားတွေက လည်း 'အနုပညာပျိုးခင်း'နဲ့ပဲ ရိုက်နေတာပါ။ ရှေ့ ဆက်ပြီးတော့လည်း သူတို့နဲ့ပဲ ဇာတ်ကားတွေရိုက် ဖို့ရှိပါတယ်။

မေး - 'အနုပညာပျိုးခင်း'က အနုပညာမောင်နှမတွေ ကရော ယုတို့ကို ဘယ်လိုမျိုးတွေ သင်ကြားပေးခဲ့လဲ။

ဖြေ - သူတို့က အကောင်းဆုံးဖြစ်အောင် သင်ကြားပေးတယ်။ နောက်ပြီးတော့ ဇာတ်လမ်းတွေကိုလည်း ရွေးပြီတော့ ယုနဲ့ လိုက်ဖက်မယ့် ဇာတ်ကားတွေကိုရွေးပြီး တော့ ရိုက်ခိုင်းတယ်။

မေး - 'အနုပညာပျိုးခင်း'ကနေ အခုလို တက်လာတာဆိုတော့ ယုသန္တာတင်အနေ နဲ့ ဘယ်လိုပြောင်းလဲမှုမျိုးတွေ ဖြစ်ပေါ် ခဲ့လဲ။

ဖြေ - ကားတွေကို ယုနဲ့လိုက်မယ့် ဇာတ်ကားတွေကို ရွေးပြီးပေး တယ်။ သူတို့ကြောင့်ပဲ သရုပ်ဆောင် တစ်ဦးအနေနဲ့ အနုပညာလောက ထဲမှာ အခုလို ပရိသတ်တော်တော် များများ သိလာတာပါ။

မေး - ယုသန္တာတင်က ဆံပင်အရောင် ဆိုးတာ သိပ်မတွေ့ရသလိုပဲ ဘာဖြစ် လို့လဲ။

ဖြေ - ယုက ဆိုးတာတော့ ဆိုး တယ်။ ဒါပေမဲ့ ကာလာအရောင် ရဲရဲကြီးတွေဆိုးတာကို မကြိုက် ဘူး။ မနှစ်သက်ဘူး။ အဲဒါကြောင့် ခပ်ပါးပါးနဲ့ အရောင်သိပ်မထွက် တဲ့ ကာလာလေးတွေကို ဆိုးတာ ပါ။ နောက်ပြီးတော့ နောက် ရိုက်မယ့် ဇာတ်ကားတွေမှာ လည်း မြန်မာဆန်တဲ့ပုံစံတွေကို ပဲ အများဆုံးရိုက်ဖြစ်မှာဆို တော့လေ။ ယုက တက္ကသိုလ် ဝင်တန်းနှစ်ကတည်းကစ ပြီး ဆံပင်ကို အရှည်ထား ထားတာပါ။

မေး - ညီမရုပ်ရှင်ကား တွေရိုက်ထားတာရောရှိ လား။

ဖြေ - ရုပ်ရှင်ကားကြီး ရိုက်ထားတာလဲ မရှိသေးပါ ဘူး။

မေး - မြန်မာမိန်းကလေးတစ် ဦးအနေနဲ့ မြန်မာ ဝတ်စုံလေးတွေ နဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ - မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန် အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ လိုက်ဖက်မှာ ပါ။ အမှန်ပြောရရင်တော့ ကိုယ့်မြန်မာဝတ်စုံတွေ ကိုတော့ မပျောက်ပျက်စေချင်ဘူး။

ရတနာစုစည်းသည်။

Yangon Media Group

မြန်မာနိုင်ငံဖြတ်ကာ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်

Monday, July 29, 2013
မြန်မာမှ တရုတ်ကိုသွယ်တန်းထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်း ပြီးစီးသွားပြီဖြစ် သဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ သဘာဝဓာတ်ငွေ့များကို ဇူလိုင် ၂၈ရက် ညနေပိုင်းက စတင်ပို့ လွှတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။မြန်မာတရုတ်ကိုရီးယားအိန္ဒိယ လေးနိုင်ငံမှကုမ္ပဏီ ခြောက်ခုရင်းနှီးမြှုပ်နှံ ထားသောအဆိုပါဓာတ်ငွေ့လိုင်းမှာယခုအခါပြီးစီးခဲ့ပြီဖြစ်သဖြင့် မြန်မာ နိုင်ငံအနေဖြင့် အဆိုပါစီမံကိန်း မှ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗ မီတာ ၂ဘီလျံကိုခွဲတမ်းရရှိတော့ မည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေအောက် အင်တာနက်ဆက်ကြောင်းလိုင်းချို့ယွင်းမှု ရက်ပေါင်း ၂၀ အတွင်း ပြန်ကောင်းနိုင်မည်

Monday, July 29, 2013
ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းချို့ယွင်းမှုရက် ၂၀ ကျော် ဝန်းကျင် တွင်လည်း ပြန်လည်ကောင်းမွန်နိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆက်ကြောင်းချို့ယွင်းမှု ပြုပြင်ရန် ခန့်မှန်းကြာမြင့်ချိန် ၁ လခန့်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။ “တစ်လက အများဆုံး ကြာမြင့်ချိန်ကို သတ်မှတ်ထားတာဖြစ်ပါတယ်။ ရက် ၂၀၊ ၂၅ ရက် ဝန်းကျင်နဲ့လည်း ကောင်းသွားနိုင်တယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ချို့ယွင်းမှုမှာ ၂၀၁၁ ခုနှစ်ကလည်း ဖြစ်ဖူးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ လက်ရှိ ချို့ယွင်းမှုအား ပြုပြင်ရန်အတွက် စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟင်္သာတတွင် လမ်းပိတ်ဆို့သည့် မော်တော်ယာဉ်များကို ရွေ့လျားအဖွဲ့ အရေးယူမည်

Monday, July 29, 2013
မြန်မာနိုင်ငံ၏ လူနေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်သည့် ဟင်္သာတမြို့တွင် လမ်းပေါ်၌ စည်းကမ်းမဲ့ ရပ်နားမှုများကြောင့် လမ်းပိတ်ဆို့မှု ဖြစ်စေ သည့် မော်တော်ယာဉ်များကို ရွေ့လျားစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စိစစ်အရေးယူမည် ဖြစ်ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ယာယီတာဝန်ခံ ရဲတပ်ကြပ်ကြီး မျိုးမြင့်အောင်က ပြောကြားသည်။
မြို့တွင်းလမ်းများ ပိတ်ဆို့ပျက်စီးမှုနှင့် ပတ်သက်၍ တိုင်ကြားသည့်အတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စိစစ်ရန်အ တွက် ရွေ့လျားစစ်ဆေးရေး အဖွဲ့ကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး လမ်းပိတ်ဆို့မှု အဓိက ဖြစ်စေသည့် ကုန်တင် မော်တော်ယာဉ်များနှင့် အခြားမော်တော်ယာဉ်များကို ဒဏ်ငွေရိုက်၍ အရေးယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရာသီကြို ပထမဆုံး ရှုံးပွဲတွေ့မှုအပေါ် ဂွါဒီယိုလာ ကာကွယ် ပြောဆို

Monday, July 29, 2013
ဂျာမန် ဆူပါကပ် ပြိုင်ပွဲတွင် ဒေါ့မွန်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း၌ ဂိုးပြတ် အနိုင် ရရှိသွားမှုအပေါ် ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက အသင်းဘက်မှ ကာကွယ် ပြောဆိုကြောင်း BBC ၌ ဖော်ပြထားသည်။
Photo: ရာသီကြို ပထမဆုံး ရှုံးပွဲတွေ့မှုအပေါ် ဂွါဒီယိုလာ ကာကွယ် ပြောဆို
Monday, July 29, 2013

ဂျာမန် ဆူပါကပ် ပြိုင်ပွဲတွင် ဒေါ့မွန်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း၌ ဂိုးပြတ် အနိုင် ရရှိသွားမှုအပေါ် ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက အသင်းဘက်မှ ကာကွယ် ပြောဆိုကြောင်း BBC ၌ ဖော်ပြထားသည်။

နည်းပြသစ် ဂွါဒီယိုလာသည် ဘိုင်ယန်အသင်းကို စတင် ကိုင်တွယ်ခဲ့ ပြီးနောက် ကစားခဲ့သည့် ၁၀ ပွဲ မြောက် ပွဲစဉ်တွင် ရှုံးပွဲ စတင် ကြုံတွေ့ ရခြင်း ဖြစ်သော်လည်း ရာသီကြို ဖလား နှစ်လုံးကို အသင်းအတွက် ရယူပေးနိုင်ခဲ့သည်။

ဒေါ့မွန်အသင်းကလည်း ပြီးခဲ့သည့် ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘိုင်ယန်အသင်းကို အရှုံးပေးခဲ့ရပြီးနောက် ယခုအကြိမ်တွင် ရှေ့တန်း ကစားသမား မားကို့ရှူ့စ်၏ ခြေစွမ်းပြ သွင်းဂိုး နှစ်ဂိုး အပါအဝင် လေးဂိုး၊ နှစ် ဂိုးဖြင့် ပြန်လည် လက်စားချေနိုင်ခဲ့ခြင်း ဖြစ်သည်။

စပိန်နိုင်ငံသား နည်းပြက “ကျွန်တော်တို့ ဒီပွဲမှာ ရလဒ်အရ ရှုံးခဲ့သော် လည်း ဒေါ့မွန် ကစားပုံဟာ ဘိုင်ယန်လောက် မကောင်းခဲ့ပါဘူးလို့ ကျွန်တော် ခံစားရပါတယ်” ဟု ဖွင့်ဟခဲ့သည်။

ထိုပြိုင်ပွဲတွင် ဘိုင်ယန် အသင်း၏ အဓိက ကွင်းလယ် ကစားသမားများ ဖြစ် သည့် ရီဘာရီ၊ မာတီးနက်ဇ်၊ ဂေါ့ဇီတို့နှင့်အတူ ဂိုးသမား နူအာတို့ ဒဏ်ရာ ပြဿနာများကြောင့် ပါဝင်လာခြင်းမရှိသလို ရှဝိန်းစတိုင်ဂါကိုမူ ဒုတိယပိုင်းမှသာ ထည့်သွင်းခဲ့သဖြင့် အသင်း အားနည်းခဲ့ခြင်း ဖြစ်သည်။

ဒေါ့မွန်နည်းပြ ကလော့ပ်က “အလွန် ကြီးကျယ်တဲ့ ပွဲ တစ်ပွဲလို့ ဆိုရမှာ ပါ။ နှစ်သင်းစလုံးရဲ့ အတက်အဆင်း ကစားပုံဟာ မနက်ဖြန်ဆိုတာကို မေ့နေ ကြသလိုပါပဲ၊ ကျွန်တော်တော့ ဂုဏ်ယူပါတယ်” ဟု ဆိုခဲ့သည်။

ဂွါဒီယိုလာသည် လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း ဘာစီလိုနာ အသင်းနှင့် လက်တွဲခဲ့ရာတွင် ဆုဖလား ၁၃ လုံးထိ ရယူပေးနိုင်ခဲ့ပြီး ဘိုင်ယန် နည်းပြအဖြစ်မှ နုတ်ထွက်သွားသည့် နည်းပြ ဟေးလ်နက်စ်၏ နေရာ၌ အစားထိုး ဝင်ရောက်လာသူလည်း ဖြစ်သည်။

ယခုအခါ ဒေါ့မွန်အသင်း၏ ငါးကြိမ်မြောက် ရယူနိုင်ခဲ့သည့် ဆူပါဖလား အကြိမ် အရေအတွက်သည် ဘိုင်ယန်အသင်း ရယူနိုင်ခဲ့သည့် အကြိမ် အရေအတွက်နှင့် တူညီသွားခဲ့ပြီ ဖြစ်သည်။

The Voice Weekly နည်းပြသစ် ဂွါဒီယိုလာသည် ဘိုင်ယန်အသင်းကို စတင် ကိုင်တွယ်ခဲ့ ပြီးနောက် ကစားခဲ့သည့် ၁၀ ပွဲ မြောက် ပွဲစဉ်တွင် ရှုံးပွဲ စတင် ကြုံတွေ့ ရခြင်း ဖြစ်သော်လည်း ရာသီကြို ဖလား နှစ်လုံးကို အသင်းအတွက် ရယူပေးနိုင်ခဲ့သည်။

မြစ်ရေကြီးမှုအခြေအနေသတင်း

Monday, July 29, 2013
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ (၁၃:၀၀)နာရီ အချိန် ထုတ်ပြန်ချက်)
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂၈-၇-၂၀၁၃)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ် အထက်(၁၀၇)စင်တီမီတာ (၃-ပေခွဲခန့်) ကျော်လွန်နေ ပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှနောက်(၄၈)နာရီအတွင်း (၆၀)စင်တီမီတာ(၂-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ရန်ကုန်နှင့် နေပြည်တော်ပွဲများ ချန်ပီယံ ဖြစ်ရေးအတွက် အရေးပါ

Monday, July 29, 2013
မြန်မာနေရှင်နယ်လိဂ် (MNL) အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးရန် နှစ်ပွဲသာ ကျန်ရှိတော့သည့် အချိန်၌ ယနေ့ ကစားမည့် ရန်ကုန် ယူနိုက်တက်နှင့် နေပြည်တော် နှစ်သင်းလုံးအတွက် အမှတ်ပေးပွဲစဉ် ၂၁ သည် ချန်ပီယံ ဖြစ်ရေးအတွက် အရေးကြီးသည့် မိနစ် ၉၀ အချိန် ဖြစ်လာ သည်။
မြက်ခင်းတု ကွင်းတွင် တစ်ကြိမ်မျှ အမှတ် မဆုံးရှုံးဖူးသည့် ရန်ကုန် ယူနိုက်တက်အသင်းက မကွေး အသင်းကို အနိုင်ယူပြီး သုံးနှစ်ဆက် ချန်ပီယံ ဟူသည့် ဂုဏ်ကို ဆောင်နိုင်မည်လား နေပြည်တော် အသင်း က ဇေယျာရွှေမြေ၏ အိမ်ကွင်းတွင် အနိုင်ကစားပြီး ချန်ပီယံဆုအတွက် ဆက်လက် မျှော်လင့် နိုင်မည်လား ဆိုသည်ကို ယနေ့ညနေတွင် တစ်ပြိုင်နက်တည်း ယှဉ်ပြိုင် ကစားကြမည့် အမှတ်ပေး ပွဲစဉ် ၂၁ ကို စောင့်ကြည့်ရမည် ဖြစ်သည်။

ကော်ဖီသောက်ခြင်းဖြင့် အသက်ရှည်နိုင်

Monday, July 29, 2013
စစ်ဆေး စမ်းသပ်ချက်များအရ ကော်ဖီသောက်ခြင်းသည် အံ့သြဖွယ် ကောင်းလောက်အောင် ရောဂါ များ ပျောက်ကင်းပြီး အသက် ရှည်နိုင်ကြောင်း The World Journal of Biological Psychiatry လစဉ် ထုတ် ကျန်းမာရေး ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။
ကော်ဖီကို ပုံမှန် သောက်သုံးသူများသည် အရေပြားကင်ဆာ၊ အယ်လ်ဇိုင်း မားခေါ် ဦးနှောက်မှတ်ဉာဏ် ချွတ်ယွင်းသည့် ဝေဒနာ၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုး၊ အသည်းရောဂါ ဖြစ်ခြင်းများကို အကာအကွယ် ပေးနိုင် သည့်အပြင်၊ ကော်ဖီ သောက်သုံးသူများသည် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု နှုန်းလည်း အလွန် နည်းပါးသည်ဟု ယင်းဂျာနယ်က ဆိုသည်။

Sunday, July 28, 2013

ဒေါင်းယောင်ဆောင်သော ကျီးများ မဖြစ်စေလိုပါ(ဆောင်းပါး)

 မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ ၆၅ နှစ်ကျော်ခဲ့ပါပြီ။ ယနေ့တိုင် စစ်မှန်သော ငြိမ်းချမ်းရေး ပန်းတိုင် ကို အရောက် မလှမ်းနိုင်သေးတာကို တွေ့နေရပါသေးတယ်။ ဘာကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရခဲ့ သလဲဆိုလျှင် ပြည်သူအားလုံး၏ အကျိုးစီးပွားများကို ဦးစားမပေးဘဲ ကိုယ်ကျိုးအတ္တတွေနဲ့ အကျိုး စီးပွားတွေကို ဦးစားပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ အတိတ်သမိုင်းကြောင်းတွေကြည့်ပြီး ဘယ်သူ၊ ဘယ်ဝါကြောင့် ရယ်လို့ ယနေ့အချိန်မှာ အပြစ်တင် ပြောဆိုနေမဲ့အစား ရှေ့ဆက်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးပန်းတိုင်ကို ဘယ်လို ချီတက်ကြမလဲဆိုတာကို စားပွဲဝိုင်း မှာ ညှိနှိုင်းအဖြေရှာဖို့ လိုပါတယ်။ ဒီလို အဖြေရှာမယ်ဆိုရင်လဲ တစ်ဖက်နဲ့ တစ်ဖက် မျှမျှတတ အပေးအယူ လုပ်ဖို့လိုပါမယ်။ တစ်ထိုင်တည်း ကိုယ်လိုချင်တာတွေ ချည်း တောင်းလို့မရနိုင်ပါဘူး။ တဖြည်းဖြည်းချင်း တောင်းယူမှ ရပါမယ်။ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းတာ (၂)နှစ်ကျော်လောက်ပဲ ရှိပါသေးတယ်။

နိုင်ငံသားအခွင့်အရေး ဆုံးရှုံးသည်ဟုဆိုကာ လူ၂၀၀ ခန့် ဆန္ဒထုတ်ဖော်

Sunday, July 28, 2013
ရွှေပြည်သာမြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားသော နိုင်ငံသား အခွင့်အရေး ဆုံးရှုံးသည် ဟုဆိုကာ ဇူလိုင်လ ၂၇ ရက်နေ့၌ လူ ၂၀၀ ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင်ဆန္ဒ ထုတ်ဖော်သူ ရွှေပြည်သာမြို့နယ် (၇) ရပ်ကွက်နေ ဒေါ်မျိုးမျိုးအေး က ပြောကြားသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒထုတ်ဖော်ဖို့ကို ပလပ်လိုက်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးကို အယူခံဝင် တယ်။ ခုခွင့်ပြုချက်ရလို့ တရားဝင် ဆန္ဒထုတ်ဖော် တာပါ” ဟု ၎င်းကရှင်းပြသည်။

အီဂျစ်ပဋိပက္ခ သေဆုံးသူများပြား

Sunday, July 28, 2013
အီဂျစ်နိုင်ငံမှာ ရာထူးကနေဖယ်ရှားခံရတဲ့ သမ္မတဟောင်းမိုဟာမက်မော်စီကိုထောက်ခံသူတွေနဲ့ လုံခြုံရေး တပ်တွေကြား ပဋိပက္ခဖြစ်ပွားမှုမှာ လူပေါင်း ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ အီဂျစ်အစိုးရ တာဝန်ရှိ သူတွေနဲ့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ မစ္စတာမော်စီကိုထောက်ခံသူတွေကတော့ သေဆုံးသူအရေ အတွက်အများကြီးပိုများတယ်လို့ ပြောပါတယ်။
သောကြာနေ့ကတည်းက မော်စီထောက်ခံသူတွေ စုဝေးနေတဲ့ ကိုင်ရို မြို့တော်မှာရှိတဲ့ Rabia el-Adawiya ဗလီနားအပါအဝင် အီဂျစ်နိုင်ငံထဲ က နေရာတော်တော်များများမှာ ဒီကနေ့ မငြိမ်မသက်ဖြစ်ပွားနေပါတယ်။ ဒီကနေ့စနေနေ့မှာဗလီထဲက လူတွေကအနီးအနားမှာရှိတဲ့ ရပ်ကွက်တွေအပေါ်ပစ်ခတ်တယ်လို့ အီဂျစ် တာဝန်ရှိသူတွေက ပြောပါတယ်။

လစ်ဗျားအကျဉ်းသား ၁,၀၀၀ ကျော် ထောင်ဖောက်ပြေး

Sunday, July 28, 2013
လစ်ဗျားနိုင်ငံတလွှား ဆန္ဒပြသူတွေက နိုင်ငံရေးပါတီရုံးတွေကို ၀င်စီးခဲ့ရာကနေ လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့နားက အကျဉ်းထောင်ကနေ အကျဉ်းသား ၁,၀၀၀ ကျော် လွတ်သွားခဲ့ပါတယ်။
စနေနေ့က Al-Kuifiya အကျဉ်းထောင်ဖောက်မှုဟာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်မှုရှိမရှိ၊ အကျဉ်းသားတွေဟာ အပြင်ကလူတွေရဲ့ အကူအညီ ရယူခဲ့ခြင်း ရှိမရှိဆိုတာကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ၀န်ကြီးချုပ် Ali Zeidan က သူတို့ပတ်ဝန်းကျင်မှာ အကျဉ်းထောင်ရှိနေတာကို မလိုလားတဲ့ဒေသခံတွေက ထောင်ဖောက် ဖျက်နိုင်အောင် အကျဉ်းသားတွေကို အကူအညီပေးခဲ့တယ်လို့ အပြစ်ဖို့ ပြောဆိုသွားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ထရစ်ပိုလီနဲ့ ဘန်ဂါဇီ မြို့တွေမှာ ထောင်နဲ့ချီတဲ့ လစ်ဗျားပြည်သူတွေဟာ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ အပါအ၀င် နိုင်ငံရေးပါတီတွေကို ဆန့်ကျင်တဲ့ ကန့်ကွက်ပွဲတွေကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။ သူတို့က တိုင်းပြည်တ၀ှမ်းဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ ပြစ်တင်ပြောဆိုထားပါတယ်။

My Blog List