Monday, February 18, 2013

မဲခေါင်ဒေသ(၆)နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိကြီးများ အစည်းအဝေးကို ထိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ထိုင်းနယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်ရန် ဆွေးနွေးမည်

Photo: မဲခေါင်ဒေသ(၆)နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိကြီးများ အစည်းအဝေးကို ထိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ထိုင်းနယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်ရန် ဆွေးနွေးမည်
Sunday, February 17, 2013

၉ ကြိမ်မြောက် မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး  အစီအစဉ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံတွင်
ဖေဖော်ဝါရီလ ၂၁၊ ၂၂ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး
မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံတို့နှင့် သီခြားတွေ့ဆုံရန် ရည်ရွယ်ထားပြီး နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးများ ထပ်မံဖွင့်လှစ်ရန်
ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေး တက်ရောက်မည့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းထံမှ သိရှိရသည်။

မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ်(Coordinated Mekong Ministerial Initiative against Trafficking-COMMIT) အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဦးစီးအရာရှိချုပ်၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူးနှင့် UNIAP ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၊
မြန်မာနိုင်ငံအခြေစိုက် World Vision Myanmar ၊ Save the Children ၊ IOM နှင့် UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့မှုများ၊ လုပ်အားအတွက် လူကုန်ကူးမှု ဖြစ်ပွားနေမှုအား တား ဆီးကာကွယ်ရာတွင် တွေ့ကြုံခဲ့ရသည့် သင်ခန်းစာဖော်ထုတ်ချက်များအား တင်ပြခြင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍမှ လူကုန်ကူးမှု တားဆီးရေးတွင် ပူးပေါင်းပါဝင်လာမှုများကို နိုင်ငံအလိုက် တင်ပြခြင်း၊ တရားစီရင်ရေးတွင် 
ပူးပေါင်းဆောင်ရွက်မှုများ တင်ပြခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးတွင်
တွေ့ရှိချက်များ တင်ပြခြင်းများကို အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အဆိုပါအစည်းအဝေးနှင့် ပတ်သက်၍ ရဲမှူးကြီးဝင်းနိုင်ထွန်းက ''အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်
ကြမလဲဆိုတာရယ်၊ ပြီးခဲ့တဲ့ အတွေ့အကြုံတွေ ဖလှယ်ဖို့ဖြစ်ပါတယ်။
နှစ်နိုင်ငံ အစည်းအဝေးငယ်တွေလည်း  ပြုလုပ်သွားမှာဖြစ်ပြီး တရုတ်၊ထိုင်းနိုင်ငံတို့နဲ့ သီးခြား တွေ့ဖို့ ရည်ရွယ်ထားပါတယ်။ အချိန်ရရင်တော့ လာအိုနိုင်ငံနဲ့ပါ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်''ဟု
ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်ကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူထားသည့် လုပ်ငန်းစဉ်များ၊
နှစ်နိုင်ငံ တတိယမြောက် နယ်စပ်ဆက်ဆံရေး ရုံးဖွင့်မည့်ကိစ္စများ၊ ထိုင်းနိုင်ငံနှင့် တွေ့ဆုံစဉ်  နှစ်နိုင်ငံ လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုရေး လုပ်ငန်းစဉ်များ ထိရောက်မှု ရှိစေရေး၊ မြ၀တီနှင့် မဲဆောက်တွင် တတိယမြောက် နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်မည့်ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံနှင့် တွေ့ဆုံဖြစ်ပါက လာအိုနိုင်ငံတွင်း ၀င်၍ ကာဆီနို လောင်းကစားလုပ်ငန်းများတွင် တရားမ၀င် သွားရောက်အလုပ်လုပ်နေကြသူများအနေဖြင့် လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ်မှုများ ကြုံတွေ့နေရကြောင်း သတင်းများ ထွက်ပေါ်နေမှုအပေါ် မည်သို့ကိုင်တွယ် ဆောင်ရွက်သွားမည်ဆိုသည့် အချက်ကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ဝှမ်းဒေသအတွင်း  လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရန်အတွက် မဲခေါင်ဒေသ ခြောက်နိုင်ငံဖြစ်သည့် မြန်မာ၊တရုတ်၊ထိုင်း၊ လာအို၊
ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ တို့ဖြင့် (Coordinated Mekong 
Ministerial Initiative against Trafficking-COMMIT) ကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group၉ ကြိမ်မြောက် မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီ အစဉ်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုထိုင်းနိုင်ငံ တွင်ဖေဖော် ၀ါရီလ ၂၁၊ ၂၂ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံ အနေဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံတို့နှင့် သီခြားတွေ့ဆုံရန် ရည်ရွယ် ထားပြီး နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးများ ထပ်မံဖွင့်လှစ်ရန်ဆွေးနွေး သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေး တက်ရောက်မည့်မြန်မာနိုင် ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်း ထံမှ သိရှိရသည်။
Photo: လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် ဖုန်းသုံးစွဲနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသွားသည်။

လက်ရှိမြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲမှုမှာ ၇ ရာခိုင်နှုန်းသာရှိကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။

ဓာတ်ပုံ - ဖေဖော်ဝါရီ ၁၆ ညနေ၃နာရီခွဲခန့်က ချင်းပြည်နယ်ဟားခါးမြို့သို့
နိုင်ငံတော်သမ္မတရောက်ရှိစဉ် ဒေသခံများက ရိုးရာဝတ်စုံအပ်နှင်း၍ ကြိုဆို
(သီဟ)

7Day News Journal
လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် ဖုန်းသုံးစွဲနိုင်ရန်အတွက် ကြိုးပမ်းသွား မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသွားသည်။
လက်ရှိမြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲမှုမှာ ၇ ရာခိုင်နှုန်းသာရှိကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။
ဓာတ်ပုံ - ဖေဖော်ဝါရီ ၁၆ ညနေ၃နာရီခွဲခန့်က ချင်းပြည်နယ်ဟားခါးမြို့သို့နိုင်ငံတော်သမ္မတရောက် ရှိစဉ် ဒေသခံများက ရိုးရာဝတ်စုံအပ်နှင်း၍ ကြိုဆို
(သီဟ)

7Day News Journal

Sunday, February 17, 2013

နိုင်ငံခြားသားအခြေချသူ လက်ခံမဲ့အစီအစဉ် စင်္ကာပူမှာဆန့်ကျင်

Photo: နိုင်ငံခြားသားအခြေချသူ လက်ခံမဲ့အစီအစဉ် စင်္ကာပူမှာဆန့်ကျင် 
Sunday, February 17, 2013

စင်ကာပူနိုင်ငံမှာ ပြည်ပက အခြေချနေထိုင်သူတွေကို လက်ခံပေးပြီး
တော့ နိုင်ငံရဲ့ လူဦးရေကို တိုးမြှင့်ဖို့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ရှားရှားပါးပါး အစိုးရဆန့်ကျင်ဆန္ဒပြပွဲမှာ လူပေါင်း ထောင်ပေါင်းများစွာ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိ လူဦးရေ ၅.၃ သန်းကနေ ၃၀ ရာခိုင်နှုန်း တိုးမြင့်မယ့် အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေး၊ မကျေနပ်ကြောင်းရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီးတော့ မိုးထဲရေထဲမှာ ဆန္ဒပြခဲ့ကြတာပါ။

လက်ရှိ အာဏာရ People’s Action Party က ဒီအစီအစဉ်ကို အဆိုပြုချက် မူကြမ်းကို ဇန်န၀ါရီလထုတ် မူဝါဒရေးရာ စာစောင်မှာဖော်ပြခဲ့တာ
ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ သားဖွားနှုန်းနည်းပါးတာကို တန်ပြန်ဖို့ရယ်၊
ငွေရောင်ဆူနာမီ ဒီရေလှိုင်းလို့ခေါ်တဲ့ အသက်ကြီးရင့်သူတွေ ပိုပြီးတော့ များလာတာရယ်ကို ကာမိဖို့အတွက် လူဦးရေ တိုးပွားဖို့လိုတယ်လို့ အစိုးရက ပြောပါတယ်။

ပြည်ပက အခြေချနေထိုင်သူတွေ များပြားလာရင် နိုင်ငံရဲ့ လူဦးရေ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆန့်ကျင်ဆန္ဒပြသူတွေကတော့
နိုင်ငံခြားသားတွေ အများကြီး ရောက်လာမယ်ဆိုရင် စင်ကာပူရဲ့ ယဉ်ကျေးမှု အမှတ်အသားတွေ ပျောက်သွားနိုင်တယ်လို့ ပြောနေတာပါ။ နေထိုင်သူတွေ အများကြီး တိုးလာရင်လည်း အိမ်ဈေးတွေ၊ အခွန်အကောက်တွေ
မြင့်နေပြီးသား အခြေအနေ ပိုဆိုးသွားမယ်လို့ ပြောကြပါတယ်။ 

ဗွီအိုအေစင်ကာပူနိုင်ငံမှာ ပြည်ပက အခြေချနေထိုင်သူတွေကို လက်ခံပေးပြီး
တော့ နိုင်ငံရဲ့ လူဦးရေကို တိုးမြှင့်ဖို့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ရှားရှားပါးပါး အစိုးရဆန့်ကျင်ဆန္ဒပြပွဲမှာ လူပေါင်း ထောင်ပေါင်းများစွာ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိ လူဦးရေ ၅.၃ သန်းကနေ ၃၀ ရာခိုင်နှုန်း တိုးမြင့်မယ့် အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင် တဲ့ ကြွေးကြော် သံတွေ ဟစ်ကြွေး၊ မကျေနပ်ကြောင်းရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီးတော့ မိုးထဲရေထဲမှာ ဆန္ဒပြခဲ့ကြတာပါ။

အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့် ကိုက်ညီစေရန် ပြန်လည်ရေးဆွဲရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

Photo: အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့် ကိုက်ညီစေရန်
ပြန်လည်ရေးဆွဲရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း
Sunday, February 17, 201

အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုများ ရှိစေရန် ပြန်လည်ပြင်ဆင် ရေးဆွဲရန်လိုကြောင်း အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် 
Weekly Eleven ဂျာနယ်သို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြန်လည်ပြင်ဆင် ရေးဆွဲမှုများ
ပြုလုပ်သင့်ကြောင့် အကြံပြု ဆွေးနွေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က "ပြည်သူ့ဆန္ဒတွေကို လွှတ်တော်ကနေ
တစ်ဆင့် ဖော်ထုတ်နေတယ်လို့ ထင်တယ်လေ။ အခုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောနေတဲ့ အမျိုးသားစီမံကိန်းဆိုင်ရာ ကိစ္စတွေကို အသိအမှတ်ပြုပြီးတော့ ပြန်လည်ပြင်ဆင်ရမယ်လို့ နားလည်တယ်လေ။ အခုဟာက ဒါကိုလွှတ်တော်က ရေးဆွဲတာမဟုတ်တော့ လွှတ်တော်ဆန္ဒလို့ ပြောလို့မရဘူးပေါ့။ ပြည်သူ့ဆန္ဒလုံးဝ ရောင်ပြန်မဟပ်ဘူးလို့တော့ ပြောဖို့ခက်ပါတယ်။အတိုင်းအတာတစ်ခုအထိ ရောင်ပြန်
ဟပ်တာတော့ရှိမှာပေါ့။ ပြည်သူ့ဆန္ဒနဲ့ လွှတ်တော်ဆန္ဒ ကိုက်ညီအောင်
တော့ ပြုပြင်ရမှာပေါ့" ဟု လက်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် တင်သွင်းဆွေးနွေးနေသည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက "အမျိုးသား စီမံကိန်း ရေးဆွဲတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့ ရည်မှန်းချက်တွေကို
ပြည်သူ့ဆန္ဒပါဖို့ လိုပါတယ်။ ဒါ့ကြောင့် စီမံကိန်းတွေ ရေးဆွဲတဲ့အခါမှာ မူလစတင်ရေးဆွဲစဉ် ကတည်းက ပြည်သူလူထုရဲ့ ဆန္ဒရာနှုန်းပြည့် အပြည့်ပါမှသာလျှင် စီမံကိန်းများသည် ပြည်သူကို အကျိုးပြုမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို ၀န်ကြီးဌာနတွေက ပေးပို့လာတဲ့ အမျိုးသား
စီမံကိန်းတွေကို လေ့လာကြည့်တဲ့အခါမှာ တချို့ဝန်ကြီးဌာနများသည် ပြီးခဲ့တဲ့နှစ်ကပါတဲ့ အချက်အတိုင်းပဲ ထပ်မံပေးပို့တာ တွေ့ရပါတယ်။ တချို့ဝန်ကြီးဌာနများသည် တချို့အပုဒ်များကို အထက်အောက်ရွှေ့ပြီးတော့ ပို့တာတွေ့ရပါတယ်။ ဒါ့ကြောင့် အမျိုးသားစီမံကိန်းကို ရေးဆွဲတဲ့အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးမှာရှိတဲ့ ၀န်ကြီးဌာနများသည် သာမန်အရာထမ်းများကို တာဝန်ပေးပြီး ရေးသားမယ်ဆိုရင်တော့ ပြည်သူ့
ဆန္ဒကို ထပ်တူပြုနိုင်မှာ မဟုတ်ပါဘူး" ဟု ဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က "ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ ဒီမိုကရေစီ စနစ်နှင့်အညီ ပြည်သူများမှ ၎င်းတို့၏ဆန္ဒများ၊ မကျေနပ်ချက်များ၊ တောင်းဆိုလိုသည်များအတွက် ဆန္ဒဖော်ထုတ်မှုများ
ဖြစ်ပေါ်နေလျက် ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနှင့် အဆိုပါပြည်သူများ၏ ဆန္ဒများကို အလေးထားလျက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်
ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့်အညီ အမျိုးသားစီမံကိန်းကို ချမှတ်ရေးဆွဲ ဆောင်ရွက်သင့်ပါတယ်။
ပြည်သူ့ဆန္ဒတချို့ကို လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်များတွင် တင်ပြလျက် ရှိသော်လည်း စီမံကိန်းရေးဆွဲရာတွင် လွှတ်တော်အသံများ ပါဝင်ထည့်သွင်း ရေးဆွဲထားမှု နည်းပါးနေတာကို တွေ့ရပါတယ်။ အမျိုးသားစီမံကိန်း ဥပဒေကြမ်းမှာ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းရှိသည့် တောင်သူ
လယ်သမားများ၏ လိုအင်ဆန္ဒကို ထင်ဟပ်သည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ချမှတ်ထားသည်ကို မတွေ့ရှိရပါ။ တောင်သူလယ်သမားများ၏ ဆန္ဒကို ထင်ဟပ်သည့် မူဝါဒများဖြစ်ရန် အမျိုးသားစီမံကိန်းကို ပြန်လည်ပြင်ဆင်
ရေးဆွဲသင့်ကြောင်း တင်ပြပါတယ်" ဟု ပြောကြားခဲ့သည်။

မွန်ပြည်နယ် ရေးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်မိမြင့်သန်းက "ကျွန်မရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကျေးရွာတစ်ရွာမှာဆိုရင် အုပ်ချုပ်ရေးမှူးတစ်ယောက်က နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်ရေးမှူး
အဖြစ် ဆောင်ရွက်လာခဲ့သော်လည်း ယခုလက်ရှိ လူငယ်တွေကို လက်တွဲခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ မိမိအာဏာ ဆက်လက်ရရှိဖို့အတွက် မဲဝယ်ခြင်း၊ လက်နက်ပြ ခြိမ်းခြောက်ခြင်း၊ ပြည်သူများအပေါ် မတရားအနိုင်ကျင့်ခြင်းများ ဖြစ်ပေါ်နေတာ တွေ့ရှိရပါတယ်။ အလားတူကိစ္စများ မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်နေတာကိုလည်း ကြားသိနေရပါတယ်။ ဒါတွေဟာ အမျိုးသားစီမံကိန်း ဥပဒေကြမ်းမှာပါရှိတဲ့ 'အုပ်ချုပ်မှုစနစ် မှန်ကန်ရေး' ဆိုတဲ့အချက်နဲ့ မကိုက်ညီပါဘူး။ ဒါ့ကြောင့် စာမျက်နှာထဲမှာပဲ လူမြင်ကောင်းအောင် ရေးသားထားခြင်း မဖြစ်စေဘဲ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်" ဟု ဆွေးနွေးခဲ့သည်။

အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတကိုယ်စား တင်သွင်းသူ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က "စီမံကိန်းကြီးတွေပါဝင်တဲ့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ၀န်ကြီးဌာနတွေအနေနဲ့က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကို အသေးစိတ်စဉ်းစားပြီး လိုအပ်တဲ့အချက်တွေကို ပြန်လည်
ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတွေ ဆောင်ရွက်ရမှာပါ။ အခုတော့ ကျွန်တော်တို့ နားထောင်နေတုန်းပဲ ဖြစ်ပါတယ်။ ၀န်ကြီးဌာန တစ်ခုချင်းစီအတွက် ဘယ်ကဏ္ဍတွေမှာ ဆွေးနွေးမှု ဘယ်လောက်များတယ်ဆိုတာကို စုစည်းတုန်းပဲ ရှိပါသေးတယ်။ စုစည်းပြီး ပြန်လည်သုံးသပ်တဲ့အခါမှာ ဘယ်ကဏ္ဍတွေကို ဒီနှစ်အတွင်းမှာ ပြင်ရမယ်။ ဘယ်ကဏ္ဍတွေကတော့ ကျန်တဲ့ငါးနှစ် စီမံကိန်းမှာ လိုတယ်ဆိုတာ စဉ်းစားဆောင်ရွက်ကြရမှာပါ။ အခုအချိန်မှာ နားထောင်မှတ်တမ်း ပြုတုန်းပဲ ရှိပါသေးတယ်" ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် Weekly Eleven ဂျာနယ်၏
မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင် အခန်းကဏ္ဍ ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်း ၃၄ ခုအတွက် ကျပ်သန်း ၄၆၈၉၆၁၉ ဒသမ ၈၆၂ ဖြစ်ကြောင်း အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရ သိရသည်။

Eleven Media Groupအမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုများရှိစေ ရန် ပြန်လည်ပြင်ဆင် ရေးဆွဲရန်လိုကြောင်း အမျိုးသားဒီမိုကရေ စီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည် က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် WeeklyElevenဂျာနယ် သို့ ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အများစုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြန်လည်ပြင်ဆင် ရေးဆွဲမှုများပြုလုပ်သင့်ကြောင့်

ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်ရှိ ဒေသခံများ၏ ရှင်သန်ရပ်တည်မှုနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို သုတေသန ပြုလုပ်ပြီး နိုင်ငံတော်သမ္မတထံ တင်ပြမည်

Photo: ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်ရှိ ဒေသခံများ၏ ရှင်သန်ရပ်တည်မှုနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို သုတေသန ပြုလုပ်ပြီး
နိုင်ငံတော်သမ္မတထံ တင်ပြမည်
Sunday, February 17, 2013

ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်တွင် အမှီပြု နေထိုင်နေကြသည့်
ဒေသခံများ၏ ရှင်သန်ရပ်တည်မှုဆိုင်ရာ အခြေအနေမှန်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် ဒေသခံများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို သုတေသန ပြုလုပ်ပြီး နိုင်ငံတော် သမ္မတကြီးထံ တင်ပြသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပသော ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့၏ ပထမအကြိမ် လူထုအကြံပြု အစည်းအဝေးမှ သိရှိရသည်။

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ ကို ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ဝင်များအဖြစ်
ရေပညာရှင်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နေသည့် ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ရေနှင့် ပတ်ဝန်းကျင်
ဆိုင်ရာ လုပ်ငန်းများတွင် အမြင့်ဆုံးလုပ်သက် နှစ် ၅၀ ရှိ အတွေ့အကြုံ
ရှိသော အငြိမ်းစား အစိုးရအဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းထား ကြောင်းလည်း သိရှိရသည်။

“ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ဧရာဝတီမြစ်ကြီးနဲ့ ပတ်သက်ပြီး လက်ရှိရှင်သန်နေရတဲ့ အနေအထားတွေကို သုတေသန ပြုလုပ်သွားဖို့ ရှိပါတယ်။ အဲဒီအတွက်လည်း ကျွန်မတို့ သုတေသနအဖွဲ့တစ်ခု ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ကနေ ဧရာဝတီရဲ့
ရေဝေရေလဲ ဒေသတွေမှာ မှီတင်း နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ အခြေအနေမှန်တွေ ပြောင်းလဲလာတဲ့ ရာသီဥတု အခြေအနေကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သုတေသန လုပ်သွားဖို့ရှိပါတယ်။ ဒီနေ့ အစည်းအဝေး ပြီးသွားတဲ့အခါမှာ သုတေသ နလုပ်ငန်းစဉ်တွေကို Natural Science နှဲ့Social Science ဆိုပြီး နှစ်ဖွဲ့ခွဲ ဆောင်ရွက်သွားမယ်။ ဒီသုတေသန ရလဒ်တွေကို သမ္မတကြီးဆီ တင်ပြပြီး ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (Ayeyarwaddy River Basin Research Organization-ARBRO) မှ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ဆွေဆွေအေးက ပြောကြားခဲ့သည်။

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသန အဖွဲ့အနေဖြင့် သုတေသန လေ့လာချက်များမှ ရရှိသော ရလဒ်များကို အခြေတည်၍ နိုင်ငံတော်၏ ပေါ်လစီ အသစ်များ၊ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းသစ်များအတွက် အကြံဥာဏ်ပေးများပေးရန် ရည်ရွယ်
ထားကြောင်းလည်း သိရှိရသည်။

“ဧရာဝတီကို မြတ်နိုးတန်ဖိုးထားရင် ကျွန်တော်တို့ အထူးဂရုစိုက် ရပါမယ်။ အမိဧရာဝတီ ရှင်သန်ရေးကို မျက်ကွယ်ပြုထားလို့ မရပါဘူး။ ကျွန်တော်တို့က ထိန်းသိမ်းစောင့် ရှောက်တတ်တဲ့ အလေ့အထ အားနည်းတော့ အဖြစ်အပျက် အချက်အလက် မှတ်တမ်းမှတ်ရာ စုဆောင်းထားရှိ မှုကိုလည်း တန်ဖိုးမထား တတ်ကြပါဘူး။ အမိဧရာဝတီ ရှင်သန်စေချင်ရင် သူဘာဖြစ်နေတယ်ဆိုတာကို ပြည့်ပြည့်စုံစုံသိဖို့ ကျွန်တော်တို့ သုတေသနတွေ လုပ်ရပါမယ်။ မြစ်တွေရဲ့သဘောက သူတို့ကိုထိရင် တုံ့ပြန်တတ်တဲ့ သဘောရှိပါတယ်။ အမှားလုပ်လို့ သူ့ကိုထိရင် ရင်းစား ပြန်ရဖို့ ရာစုနှစ်တစ်ခုမက ကြာတတ်ပါတယ်။ နောက်တစ်ခုက
မြစ်ကို ထိန်းသိမ်းစောင့်ရှောက် အသုံးပြုရာမှာ မိမိအသုံးချလိုတဲ့နေရာ ကွက်ကွက်လေးကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ မြစ်ဖျားကနေ
မြစ်ဝအထိ မြစ်ဝှမ်းတစ်ခုလုံးကို လေ့လာပြီး အားလုံးခြုံငုံ သုံးသပ်ပြီးမှ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်” ဟုလည်း ICEWE မှဥက္ကဋ္ဌဦးချိုချိုက ပြောကြား
ခဲ့သည်။

ဓာတ်ပုံ - ဧရာဝတီမြစ်ဝှမ်းအတွင်း အသက်မွေးဝမ်းကျောင်းပြုနေသူများကို
တွေ့ရစဉ်

Eleven Media Groupဧရာဝတီမြစ်ဝှမ်း တစ်လျှောက်တွင် အမှီပြု နေထိုင်နေကြသည့် ဒေသ ခံများ၏ ရှင်သန်ရပ်တည်မှုဆိုင်ရာ အခြေအနေမှန်နှင့် ရာသီဥ တု ပြောင်းလဲမှုများကြောင့် ဒေသခံများ ရင်ဆိုင်ကြုံတွေ့နေ ရသည့် အခက်အခဲများကို သုတေသန ပြုလုပ်ပြီး နိုင်ငံတော် သမ္မတကြီးထံ တင်ပြသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပသော ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေး ဆိုင်ရာ သုတေသနအဖွဲ့၏ ပထမအကြိမ် လူထုအကြံပြု အစည်းအဝေးမှ သိရှိရသည်။

လူထုက မကြောက်တော့ဘူး

Photo: လူထုက မကြောက်တော့ဘူး
Sunday, February 17, 2013 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အဖွဲ့ တောင်ကြီးမြို့ကို မကြာသေးခင်က ရောက်ရှိပြီး ဒေသခံနိုင်ငံရေး
အင်အားစုများနဲ့ ဆွေးနွေးခဲ့ပါတယ်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး)က ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ခရီးစဉ်အကြောင်း နဲ့ လက်ရှိ ပြည်တွင်းရေးအခြေအနေတချို့ကို
မေးမြန်းထားပါတယ်။

မေး။    ။ တောင်ကြီးကို SNLD  လာရတဲ့ ရည်ရွယ်ချက် သိလိုပါတယ်..။

ဖြေ။   ။    တောင်ကြီးမှာ ကျနော်တို့ ပါတီ ရုံးခွဲဖွင့်မယ်..၊ ပြီးတော့ Trust Building ယုံကြည်မှု တည်ဆောက်ဖို့ တွေ့ဆုံပွဲ လုပ်မယ်၊ပြီး ... သည်ဘက်
ပိုင်းပေါ့ဗျာ... (ရှမ်းပြည်) တောင်ပိုင်းကသူတွေရဲ့ အသံကို နားထောင်ဖို့ပါ။ သူတို့ ဖတ်ခဲ့တဲ့ စာတမ်းတွေ၊ ဟောပြောချက်တွေကိုလည်း ကျနော်တို့ ယူသွားမှာပါ။ လူမျိုးကြီး ၀ါဒတွေ တိုင်းရင်းသားဒေသတွေမှာ
လွမ်းမိုးခဲ့တာတွေရှိတယ်၊  ကြားနေရတယ်၊ မြင်နေရတယ်၊
ဒီတော့ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု တည်ဆောက်ဖို့ အရင်လုပ်ရမယ်၊ ဒါကိုနိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ကျနော်တို့ကို ဖိတ်တယ်။ ရန်ကုန်မှာ ရှမ်းတိုင်းရင်းသားတွေအတွက် ယုံကြည်မှု တည်ဆောက်ခြင်း
ဆွေးနွေးပွဲ သုံးရက်တိုင် ကျနော်တို့ လုပ်ခဲ့တယ်၊ အခုလည်းပဲ
ပြည်ထောင်စု ညီလာခံကြီးပဲ ခေါ်ခေါ်၊ ဒုတိယ ပင်လုံညီလာခံပဲ ခေါ်ခေါ် တစ်တိုင်းပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပါဝင်နိုင်တဲ့ ညီလာခံကြီး တစ်ရပ် ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ စီစဉ် ဆောင်ရွက်သွားပါမယ်..။ 

အခုက ရှမ်းတောင်မှာ လုပ်မယ်ဆိုတော့ ကယားပြည်နယ်ဘက်ကလည်း သူတို့လည်း ပါချင်ပါတယ်လို့ ကျနော်တို့ကို ပြောတော့ ရှမ်း ကယား
ပေါင်းပြီး လုပ်လိုက်တာပါ။ ယုံကြည်မှုတည်ဆောက်ရာမှာလည်း
ကျနော်တို့မူအတိုင်းပဲ သွားပါမယ်။ မူ ဆိုတာက ဘာကိုပြောတာလဲ ဆိုတော့ဗျာ....ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကို
ပြောတာပေါ့ဗျာ။

မေး။     ။ ရှမ်းပြည်နယ်နေ့အပြီး နောက်တရက်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းမှု
အတွက်ယုံကြည်မှု တည်ဆောက်ခြင်းပွဲကိုကော SNLD ကကျေနပ်
အားရမှုရှိခဲ့ပါသလား။ အတိုင်းတာဘယ်လောက်ထိအောင်မြင်ခဲ့ပါသလဲ။

ဖြေ။     ။ရှိတာပေါ့ ကျေနပ်မှု အပြည့်ရှိတယ်၊ ဘာလို့လဲ ဆိုရင်
တောင်ကြီးကလူတွေလည်း ပံ့ပိုးပေးတယ်။ လူထုထဲ မဆင်းရပေမယ့် 
ရှမ်းပြည်လူထုအတွက် ကျနော်တို့ လုပ်နေတာပဲလေ၊ အောင်မြင်တယ်
ပြောရမှာပေါ့။ တိုင်းရင်းသားလူမျိုး (၃၃ ) မျိုးရှိတယ်လို့ 
သူတို့ပြောတယ်၊ ရှာမတွေ့သေးဘူး၊ ဒီတော့ ၃၃ မျိုး ပြည့်အောင် လို့ရှာရမယ်။ ပြီးတော့ ... အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရယ်၊ ရှမ်းပြည်ပါတီတွေ အားလုံး စုစုပေါင်း (၁၆) ဖွဲ့ခန့် ရှိမယ်၊ မတ်လ လားရှိုးမှာလုပ်မယ့်ပွဲကို အားလုံး ပါအောင်လို့ ခေါ်သွားမယ်။

မေး။         ။  အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ နဲ့ အစိုးရတပ်တွေ  မကြာခဏ တိုက်ပွဲတွေပြန်ဖြစ်နေတယ်၊ အဲဒီဖြစ်ရပ်ကိုလည်း သုံးသပ်ပြောကြားပေးပါဦးဗျ။

ဖြေ။   ။အဲဒါက ကျနော်လည်း အမြဲတမ်းပြောနေတာပဲ၊ ဦးအောင်မင်းတို့နှင့် တွေ့တိုင်းလည်း ကျနော် တင်ပြတယ်၊ အဲဒီမှာ သူဘာပြန်ပြောသလဲဆို ဟုတ်ပါတယ်၊ စစ်တပ်ကလည်း ကာကွယ်ရေး ဦးစီးချုပ်အမိန့် နဲ့ လုပ်တယ်၊ သမ္မတကြီးရဲ့လုပ်ပိုင်ခွင့် မဟုတ်ဘူးလို့
ပြန်ပြောတယ်။ အဲဒါ အခြေခံဥပဒေအရ ဖြစ်လိမ့်မယ်၊ အဓိကကတော့ အခြေခံဥပဒေရဲ့ လိုအပ်ချက်လေးတွေ ဖြစ်ပါလိမ့်မယ်။

မေး။       ။ ကချင်မှာဖြစ်နေတဲ့ စစ်ပွဲ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။      ကချင်ကိစ္စကတော့ဗျာ...  သူတို့ အရင်လူတွေလုပ်ခဲ့တာကို အခုလူတွေက မကြိုက်ဘူး ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ၊
နောက်တမင်း ပြောင်းရင် ပျက်ပြန်ပြီလားပေါ့။ ဗိုလ်ချုပ်ခင်ညွန့် လုပ်ခဲ့တာ
( ၁၇) နှစ်လုံး တည်တံ့လာပြီးမှ သူတို့ အစိုးရတက်မှ   Road Map လမ်းပြမြေပုံကြောင့် ကွဲပြဲကုန်တယ်၊ အံမ၀င်တော့ဘူး။

မေး။     ။  လွှတ်တော် ပြင်ပအဖွဲ့အစည်းတွေအပေါ် ဘယ်လိုမြင်ပါသလဲ၊ နည်းနည်း ပြောပြပေးပါ။

ဖြေ။     ။   အင်း .... ဒီမိုကရေစီ စနစ်မှာတာ့ အရပ်ဖက်အဖွဲ့အစည်း ရှိမှာပဲ၊ ဥပမာ .... လိုက်ပြီး သီချင်း ဆိုကြတဲ့သူတွေလည်း ဒါသူတို့ ယုံကြည်မှုနဲ့ပဲ လုပ်တာပဲ၊ သန်ရာသန်ရာ လုပ်ကြတာပဲ၊ တနေ့ .....  နိုင်ငံရေးထဲ ၀င်လာမှာပါပဲ၊ အားလုံး မဟုတ်တောင် တချို့ကတော့ ၀င်လာကြမယ်။ 
လူထုနဲ့ ထိတွေ့တာလည်း ကောင်းပါတယ်၊ လူထုက မကြောက်တော့ဘူး၊
နိုးကြားလာတယ်၊ အကြောက်တရား ဖယ်ရှားပေးတာ ကောင်းပါတယ်။


အချိန်ယူဖြေကြားပေးတဲ့ ဦးခွန်ထွန်းဦးကို ကျေးဇူး တင်ပါတယ်။

ဧရာဝတီရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အဖွဲ့ တောင်ကြီးမြို့ကို မကြာသေး ခင်က ရောက် ရှိပြီး ဒေသခံနိုင်ငံရေး အင်အားစုများနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဂျွန်ချစ်ငြိမ်း (တောင်ကြီး)က ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ခရီးစဉ်အကြောင်း နဲ့ လက်ရှိ ပြည်တွင်းရေးအခြေအနေတချို့ကိုမေးမြန်း ထား ပါတယ်။
မေး။ ။ တောင်ကြီးကို SNLD လာရတဲ့ ရည်ရွယ်ချက် သိလိုပါတယ်..။

ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီဆောက်လုပ်မှု ပဋိပက္ခဖြစ်

Photo: ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီဆောက်လုပ်မှု ပဋိပက္ခဖြစ်
Sunday, February 17, 2013 

သာကေတမြို့နယ် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ ကြား အနောက်ဘက်တွင် ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် ဒေသခံ ၁၀၀ ကျော်နှင့် အုပ်ချုပ်သူများ အကြား အငြင်း ပွားမှုများ ပေါ်ပေါက် ခဲ့သည်။

ယင်းဆောက်လုပ်ဆဲ ဗလီသည် မွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အဖြစ် ယခင်က အသုံးပြု ခဲ့ကြောင်း၊ ယခုအခါ ဗလီအဖြစ် ဆောက်လုပ်ရန် ရုပ်လုံးဖော်ဆဲ အဆင့်တွင် သာကေတ မြို့နယ် ရန်ပြေလမ်း အတွင်း ရှိ ပြည်သူ ၁၀၀ ကျော်က သိရှိကာ ပြန်လည် ဖျက်သိမ်းပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သာကေတ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။

ယင်းမွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း ကို လွန်ခဲ့သော တစ်နှစ်ခန့်က ဗလီအဖြစ် ဆောက်လုပ်ရန် ကြိုးပမ်း
သော်လည်း ဒေသခံ ပြည်သူများ၏ ဝိုင်းဝန်း ကန့်ကွက်မှု ကြောင့် ပျက်ပြယ် သွားကြောင်း၊ ယခု ဆောက်လုပ်မှုတွင် စည်ပင်သာယာ၏ ခွင့်ပြုချက် အရ ဆောက်လုပ်ခြင်း မဟုတ်ကြောင်း သာကေတ မြို့နယ် ရန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်းနေ ပြည်သူများ ထံမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကနဦး စုံစမ်းမှု အရ သိရသည်။

“တရားပွဲ လုပ်ရင်တောင် ခွင့်ပြုချက် တောင်းရပြီး သူတို့ ဗလီဆောက်တော့မှ ခွင့်ပြုချက်မရှိဘဲ ဆောက်နေတာ” ဟု သာကေတနေ ပြည်သူ တစ်ဦးက
ဆိုသည်။

လူအုပ်စုကြီးသည် ဆောက်လုပ်ဆဲ ဗလီအား ဖျက်သိမ်းပေးရန်
တောင်းဆို နေကြပြီး ရပ်ကွက်လူကြီး များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ထိန်းသိမ်းရန် ကြိုးစားလျက်ရှိရာ သုံးရက်အတွင်း ဖျက်ပေးရန် ညှိုနှိုင်း
နေသည်ဟု ဒေသခံများ ထံမှ သိရသည်။

ပဋိပက္ခ ဖြစ်ပွားရာ အဆောက်အဦးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဗလီ မဟုတ်
ကြောင်း၊ ဘာသာရေး စာသင်ကျောင်းသာ ဖြစ်ပြီး အမိုးပြင်နေခြင်းသာ
ဖြစ်ကြောင်း အဆောက်အဦး ပိုင်ရှင် ဦးသန်းတင်က The Voice Weekly သို့ ပြောကြားသည်။

ယခုအချိန်တွင် သာကတ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းက အဆောက်အဦးကို ဖျက်ခိုင်းရန် ခံဝန် ထိုးခိုင်းကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်ထောက် ဌာနမှူး ဦးငွေစိုးသောင်းက ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင်ပင် ယင်းအဆောက်အဦး ကို အပြီး ဖျက်ခိုင်းနေကြောင်း ယင်းအဆောက်အဦး၏ ပိုင်ရှင်ဖြစ်သူ မြန်မာ-မွတ်စလင် အမျိုးသားရေး အဖွဲ့ ဥက္ကဌ ဖြစ်သူ ဦးသန်းတင်က The Voice Weekly သို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပြောကြားသည်။

ယင်းဗလီကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဆောက်လုပ်မှု ရပ်နားထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ညွှန်ကြား ခဲ့သော်လည်း လူမမြင်အောင် အကာများ ကာ၍ ညဘက်တွင် ခိုးဆောက်
နေသည်ဟု ကြားသိရကြောင်း၊ အဆောက်အဦး ဆောက်ရန် တင်ပြရာတွင် စာသင်ကျောင်း အဖြစ် တင်ပြ ခဲ့သော်လည်း စာသင်ကျောင်း အမည်ခံ ဗလီအဖြစ် အမြင့်နှင့် မြေနေရာ အကျယ်အဝန်းကို လိုသည်ထက် ပိုယူ
ထားကြောင်း အမှတ် ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ၏ ပြောစကားကို ကိုးကား၍ ဆရာတော် ဦးဝီရသူက ပြောကြားသည်။

“ဟုတ်တယ်၊ ညဘက်မှာ ခိုးဆောက်နေတဲ့ ဗလီတွေ ရှိတယ်။ အထဲမှာ
မြေအောက်ခန်းတွေ၊ ကျင်းတွေနဲ့ စစ်စခန်း တစ်ခုလို ဆောက်နေတဲ့ ဗလီတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ခန့်မှ စတင်ကာ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲကား သုံးစီးနှင့် အတူ ရဲတပ်ဖွဲ့ဝင် အင်အား သုံးဆယ် ခန့်က ပဋိပက္ခ တွင် ပါဝင်သူ များကို လူစုခွဲရန် ကြိုးစားသော်လည်း ယခု သတင်းရေးသားချိန် မွန်းလွဲ ၄နာရီခွဲ အထိ လူစု မကွဲသေးကြောင်း အဆိုပါ နေရာသို ရောက်ရှိ နေသူ သတင်းထောက်များ ထံမှ သိရသည်။

သတင်းဓါတ်ပုံ အပြည့်အစုံ >>
http://www.facebook.com/media/set/?set=a.538871319466465.119048.158797964140471&type=1

The Voice Weeklyသာကေတမြို့နယ် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ ကြား အနောက်ဘက်တွင် ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် ဒေသခံ ၁၀၀ ကျော်နှင့် အုပ်ချုပ်သူများ အကြား အငြင်း ပွားမှုများ ပေါ်ပေါက် ခဲ့သည်။
ယင်းဆောက်လုပ်ဆဲ ဗလီသည် မွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အဖြစ် ယခင်က အသုံးပြု ခဲ့ကြောင်း၊ ယခုအခါ ဗလီအဖြစ် ဆောက်လုပ်ရန် ရုပ်လုံးဖော်ဆဲ အဆင့်တွင် သာကေတ မြို့နယ် ရန်ပြေလမ်း အတွင်း ရှိ ပြည်သူ ၁၀၀ ကျော်က

လက်ပန်တောင်းတောင် တောင်သူလယ်သမားများအစည်းအဝေး ကျင်းပ

Photo: လက်ပန်တောင်းတောင် တောင်သူလယ်သမားများအစည်းအဝေး ကျင်းပ
Sunday, February 17, 2013 

လက်ပန်တောင်းတောင်ဒေသတောင်သူလယ်သမားများအစည်းအဝေးကို
ယနေ့နေ့လယ်က လက်ပန်တောင်းတောင် ရှိ ဆည်တည်းရွာတွင်ကျင်းပခဲ့ရာ
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေးတောင်းဆို
ကြောင်း၊ မည်သို့ပင်အန္တရယ်ရှိရှိစီမံကိန်းလုံးဝဖျက်သိမ်းရေးကို
ဆက်လက်ဆောင်ရွက်သွားမည်ဟုဆုံးဖြတ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ -ကိုဟန်ဝင်းအောင်
Popular Myanmar News Journal

လက်ပန်တောင်းတောင်ဒေသတောင်သူလယ်သမားများအစည်းအဝေးကို ယနေ့နေ့လယ်က လက်ပန်ေ တာင်းတောင် ရှိ ဆည်တည်းရွာတွင်ကျင်းပခဲ့ရာ လက်ပန်တောင်းေ တာင်ကြေးနီစီမံကိန်း လုံးဝဖျက် သိမ်းရေးတောင်းဆိုကြောင်း၊မည်သို့ပင်အန္တရယ်ရှိရှိစီမံကိန်းလုံးဝဖျက်သိမ်းရေးကိုဆက်လက်ဆောင်ရွက်သွားမည်ဟုဆုံးဖြတ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ -ကိုဟန်ဝင်းအောင်
Popular Myanmar News Journal

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အိမ်ယာအနီးတွင် ဆန္ဒထုတ်ဖော်

Photo: စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အိမ်ယာအနီးတွင် ဆန္ဒထုတ်ဖော် 
Sunday, February 17, 2013 

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ မြို့တွင်၂၀၀၉ ခုနှစ်က စစ်ကိုင်းတိုင်း
ဒေသကြီး လွှတ်တော် အဆောက်အဦးများ ဆောက်လုပ်ရန် လယ်ယာမြေ များကို သိမ်းယူ၍ သိမ်းဆည်း ခံရသူ များအား မြေကွက်သစ်များ ချထား ပေးခဲ့သော်လည်း တောင်သူအချို့နှင့် ပြေလည်ခြင်း မရှိသေးသည့် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်အိမ်ယာ အနီးတွင် တောင်သူ များက ဖေဖော်ဝါရီလ ၁၆ရက်နေ့နှင့် ၁၇ရက်နေ့ များတွင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ 

The Voice Weekly

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ မြို့တွင်၂၀၀၉ ခုနှစ်က စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦး များ ဆောက်လုပ်ရန် လယ်ယာမြေ များကို သိမ်းယူ၍ သိမ်းဆည်း ခံရသူ များအား မြေကွက်သစ်များ ချထား ပေးခဲ့သော်လည်း တောင်သူအချို့နှင့် ပြေလည်ခြင်း မရှိသေးသည့် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်အိမ်ယာ အနီးတွင် တောင်သူ များက ဖေဖော်ဝါရီလ ၁၆ရက်နေ့နှင့် ၁၇ရက်နေ့ များတွင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

The Voice Weekly

အီကြာကွေးစားသုံးမှု သတိပြု

Photo: အီကြာကွေးစားသုံးမှု သတိပြု
Sunday, February 17, 2013 

လူအများစားသုံးလျက်ရှိ သော အီကြာကွေးထဲ၌ရောင်းပန်းလှရန်
အတွက် မိုးနီးယား (MX3) ဟုခေါ်သော ဓာတုဆေးဝါးတစ် မျိုးအားသုံးစွဲကာ ကြော်လှော် ရောင်းချမှုများရှိကြောင်း စားသုံး  သူကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ  ဦးဗအုပ်ခိုင်ကပြောကြားသည်။

“ ဒီလိုဖြစ်တဲ့နေရာကတော့ ရွှေပြည်သာက ထန်းခြောက်ပင် ဈေးမှာ
ဖြစ်တာ။ဆရာတို့ကို လူတွေက အဲဒီဆိုင်က အီကြာကွေး တွေက
သေးစော်နံလို့ဆိုပြီး တိုင်တယ်။ဆရာတို့သွားစစ်တဲ့အခါ ကျတော့
သေးစော်နံမှာပေါ့ မိုးနီးယား (MX3) ကိုထည့်သုံးထားတာကို မိုးနီးယားဆိုတဲ့ဓာတုဆေးဝါး တစ်မျိုးကို အီကြာကွေးတို့အခြား
ကြော်တဲ့နေရာတွေမှာထည့်သုံး  မယ်ဆိုရင် အဲဒီဆေးက အခြားပွ ဆေးတွေသုံးတာထက် ပိုပွတယ်။ အရင်တုန်းက အီကြာကွေးတွေ ထဲမှာ ဆော်ဒါထည့်သုံးကြတယ်။   အဲဒါကိုသုံးတာ ဆရာတို့ဘာမှ မပြောပါဘူး။အခုဟာက တရားလွန်လာတယ်။ ဘယ်သူသေသေ   ငတေမာရင်ပြီးရောစိတ်နှင့်အလုပ် လုပ်နေကြတယ်””ဟုပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ ၀ိဿမလော ဘသမားများ မတော်စီးပွားရှာကာ
ပြုလုပ်ရောင်းချခြင်းကြောင့် စားဖို့အသက်ရှင်နေသည်ဟု မဖြစ်ရစေပဲ အသက်ရှင်ဖို့စားရသည် ဖြစ်စေလိုသောကြောင့် ကျန်းမာ ရေးအတွက် ဂရုစိုက်ကာစား သောက်စေလိုကြောင်းဦးဗအုပ်ခိုင်၏မှာကြားချက်
အရသိရှိရသည်။

အဆိုပါ မိုးနီးယား (MX3) သည် ရေခဲစက်နှင့် အဲယားကွန်း    များတွင်သုံးသည့်အမျိုးအစားဖြစ်ပြီး ယင်းကဲ့သို့  အသုံးပြုထားသော အစားအစာ ရောဂါဝေဒနာရရှိနိုင်ပြီး ရေရှည်  စားသုံးပါက ကင်ဆာ
ရောဂါများ ရရှိနိုင်ကြောင်း အဆိုပါပုဂ်္ဂိုလ် ပြောကြားချက်အရ သိရသည်။

ဖြိုးအောင်
The Hot Newsလူအများစားသုံးလျက်ရှိ သော အီကြာကွေးထဲ၌ရောင်းပန်းလှရန် အ တွက် မိုးနီးယား (MX3) ဟုခေါ်သော ဓာတုဆေးဝါးတစ် မျိုးအားသုံးစွဲကာ ကြော်လှော် ရောင်းချမှုများရှိကြောင်း စားသုံး သူကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကပြောကြားသည်။
“ ဒီလိုဖြစ်တဲ့နေရာကတော့ ရွှေပြည်သာက ထန်းခြောက် ပင် ဈေး မှာ ဖြစ်တာ ။ဆရာတို့ကို လူတွေက အဲဒီဆိုင်က အီၾကာေ ကြး ေတြကေ သးေ စာ် နံလို့ဆိုပြီး တိုင်တယ်။ဆရာတို့သွားစစ်တဲ့အခါ ကျတော့ေ

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ

Photo: ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ
Sunday, February 17, 2013 

ရန်ကုန်မြို့ရှိ လူစည်ကား  ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး  တွင် လောင်းကစားဝိုင်းများ
ရှိနေသည်မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေမှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း 
သိရသည်။

ယင်းလောင်းကစားဝိုင်းများ သည် တောင်ဒဂုံ၊တောင်ဥက္ကလာ နှင့်
သင်္ဃန်းကျွန်းမြို့နယ်သုံးခုဆုံရာ နေရာများတွင် အများဆုံးဖြစ်ပေါ်
နေကြောင်း အဆိုပါမြို့နယ်နေသူများနှင့်ကြုံတွေ့ခဲ့ရသူအချို့၏
ပြောကြားချက်များအရသိရသည်။  

“ ကျွန်တော့်အစ်မ ရန်ကုန်ခွင့်ပြန်လာပြီး နယ်ပြန်ဖို့အဝေးပြေးဂိတ်   ကိုသွားဖို့ ဒဂုံတောင်တံတားဖြူ  မှတ်တိုင်မှာဖေဖော်ဝါရီ ၆ရက်  က ကားစောင့်နေတာကို မှတ်တိုင်နားမှာရှိတဲ့လောင်းကစားဝိုင်းက    တစ်ယောက်က အဲဒီငွေ၅သောင်း က ဒီအစ်မထိုးတာ၊ ဒီအစ်မကို
လျော်ရမှာလို့ပြောတယ်။ တစ်ယောက်က ဟာ ဒီအစ်မမှာ ငွေ  ၅သောင်းဘယ်ပါမလဲမဖြစ်နိုင်ဘူး ပြောတယ်။ ဒါနဲ့အစ်မက မခံချင် စိတ်နဲ့ပိုက်ဆံပါတယ်ဆိုပြီး ပိုက်ဆံ  အိတ်ဖွင့်ပေးတယ်။တစ်ယောက်က  အလျော်ရတဲ့ပိုက်ဆံကိုယူလိုက်ပြီး ထပ်ထိုးမယ်ဆိုပြီး အစ်မ
ပိုက်ဆံအိတ်ကိုယူသွားတယ်။ အဲမှာ  အစ်မက ဒီလိုအကြောင်းတွေ
သိထားတော့ ဘာလို့ထိုးရမှာလဲ ခုန  ၅သောင်းကလဲ ငါထိုးတာမဟုတ် ဘူး။ငါလောင်းကစားလည်းမလုပ်ဘူး။ ပိုက်ဆံအိတ်ပြန်ပေးဆိုပြီး ပြန်ယူ လာခဲ့လို့ ငွေမဆုံးတာ။မဟုတ်ရင် အလိမ်ခံရမှာ” ဟု နည်းပညာ
တက္ကသိုလ်တစ်ခုမှ ဌာနမှူးတစ်ဦး၏ မောင်ဖြစ်သူကပြောကြားသည်။

“ ကျွန်တော်တို့ တောင်ဥက္ကလာ၊သံသုမာလမ်း၊ CNG ဆိုင် နားမှာ
လည်းအဲလိုလောင်းကစားဝိုင်း  အုပ်စုတွေရှိတယ်။ လမ်းသွားလမ်း  လာတွေကို နည်းအမျိုးမျိုးနဲ့လုပ် ပြီး ပိုက်ဆံယူနေကြတယ်။ ခဏ ခဏတွေ့နေရတယ်။တစ်ခါကဆို ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့
မိန်းမကို ငွေလိမ်ယူလိုက်တယ်။အဲဒီအစ်မ က ပြဿနာရှာတော့
ပြန်ပေးတယ် ပြီးခဲ့တဲ့တစ်ခေါက်ကဆို ကျွန်တော့် အသိမိန်းကလေး
ကျောင်းသွား ဖို့ ကညနရုံးကားမှတ်တိုင်မှာ ရပ် နေတာကို ထိုးကြထိုးကြဆိုပြီး သူ ဆီက ပိုက်ဆံ ၄သောင်းလောက် ကို အတင်းနှိုက်ပြီးထွက်ပြေးသွားကြတယ် ” ဟု တောင်ဥက္ကလာ 
CNG ဆိုင်အနီးနေထိုင်သူ အမျိုး သားတစ်ဦးကပြောသည်။

ယင်းသို့လောင်ကစားအယောင်ပြကာ လူအများထံမှနည်းအမျိုးမျိုး
ဖြင့် ငွေလိမ်ယူနေသူ အုပ်စုမှာ စံပြဈေး၊မီးရထားခုံးကျော် သံလမ်း
အနီးတွင်လည်း ရှိတတ်ပြီး  ယင်းမြို့နယ် ၃ခုဆုံရာနေရာများ တွင်
အုပ်စုဖွဲ့လှည့်လည်ကျက်စားနေကာ ၎င်းတို့၏ဒလန်များကို အသုံးပြုပြီး ခရီးသွားပြည်သူများကို နည်းအမျိုးမျိုးအသုံးပြု၍  ငွေကြေးများ
ရယူလျက်ရှိသဖြင့် သက်ဆိုင်ရာက ထိရောက်စွာ ဖယ်ရှား ရှင်းလင်း
ပေးရန် ဒေသခံများက လိုလားလျက်ရှိကြကြောင်း သိရသည်။

တူးတူး
The Hot Newsရန်ကုန်မြို့ရှိ လူစည်ကား ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင် များအနီး လမ်းဘေး တွင် လောင်းကစားဝိုင်းများ ရှိနေ သည်မှာ လမ်းသွားလမ်းလာများင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေ မှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း သိရသည်။
ယင်းလောင်းကစားဝိုင်းများသည် တောင်ဒဂုံ၊တောင်ဥက္ကလာ နှင့် သင်္ဃန်း ကျွန်းမြို့နယ် သုံးခုဆုံ ရာ နေရာများတွင် အများဆုံးဖြစ်ေ ပါ်ေ နကြောင်း အဆိုပါမြို့နယ်နေသူ များနှင့်ကြုံတွေ့ခဲ့ရသူ အချို့၏ပြောကြား

စစ်ပွဲကို ဆန့်ကျင်သည့် ဗီယက်နမ် စစ်ပြန်ကြီး သို့မဟုတ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

Photo: စစ်ပွဲကို ဆန့်ကျင်သည့် ဗီယက်နမ် စစ်ပြန်ကြီး သို့မဟုတ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
Sunday, February 17, 2013 

မကြာမီ ရာထူးမှ နုတ်ထွက်တော့မည့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ နေရာတွင် ဒီမိုကရက် လွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဂျွန်ကယ်ရီကို အစားထိုး ခန့်အပ်ရန် အထက် လွှတ်တော်က ဇန်နဝါရီ ၂၉ ရက်တွင် တရားဝင် အတည်ပြု ခဲ့သည်။

ကယ်ရီအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အတည်ပြု နိုင်ရေး အတွက် မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၉၄ မဲ၊ ကန့်ကွက်မဲ ၃ မဲ ရရှိခြင်းကို ကြည့်ခြင်းအားဖြင့် လွှတ်တော် အမတ် အများစုသည် ကယ်ရီကို
သောင်းသောင်းဖြဖြ ထောက် ခံ ခဲ့ကြသည်ကို တွေ့ရသည်။

အသက် ၆၉ နှစ် အရွယ်ရှိ ဗီယက်နမ် စစ်ပြန်ကြီး တစ်ဦးဖြစ်သူ ကယ်ရီသည် အထက် လွှတ်တော် အမတ် တစ်ဦး အဖြစ် ၂၈ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး ဒီမိုကရက်နှင့် ရီပတ်ဘလီကန် အမတ် အားလုံးနှင့် သင့်တင့်စွာ ပေါင်းသင်း ဆက်ဆံနိုင်သူ ဖြစ်သည်။ ၎င်းသည် အမေရိကန် နိုင်ငံခြားရေး မူဝါဒနှင့် စပ်လျဉ်း၍ ''အင်အားသုံး ဖြေရှင်းခြင်း'' တစ်မျိုးတည်း ကိုသာ လက်ကိုင် ထားတတ်သူ မဟုတ်သလို အီရန်၊ တရုတ်နှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများ ဆိုင်ရာ ကိစ္စရပ်များ တွင်လည်း ရှေးယခင်က ချမှတ် ထားခဲ့သည့် လမ်းစဉ် ဟောင်း များမှ သွေဖည်၍ ''ဆက်ဆံရေး လမ်းသစ်'' ကို ချမှတ် လုပ်ဆောင်ရန် တောင်းဆို ထားသည်ကို တွေ့ရပါသည်။ ကယ်ရီသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်နှင့် ယခင်က တွေ့ဆုံဆွေးနွေး ဖူးသည့် အပြင် အမေရိကန်- ပါကစ္စတန် တို့အကြား ဖြစ်ပွားခဲ့သည့် တင်းမာမှု များကို ဖြေလျှော့စေရန် ကြိုးပမ်း ရာတွင်လည်း ပါဝင် ခဲ့သည်။

လက်ရှိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည်
ဖေဖော်ဝါရီ ၁ ရက်တွင် ရာထူးမှ အနား ယူမည်ဟု ယူဆရ သောကြောင့် ယခု သီတင်းပတ် အတွင်း၌ ကယ်ရီသည် နိုင်ငံခြားရေး ဝန်ကြီးသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို၍ တာဝန်များကို လွှဲပြောင်း ရယူဖွယ် ရှိသည်။ အမေရိကန် အစိုးရသည် အာဖဂန် စစ်ပွဲမှ တဖြည်းဖြည်း ရှောင်ထွက်၍ အာရပ် နိုင်ငံများတွင် မငြိမ်မသက် ဖြစ်နေစဉ် အတွင်း အရှေ့ အလယ်ပိုင်း နိုင်ငံ များနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းရာ၌ စစ်ပွဲကို ဆန့်ကျင်သူ တစ်ဦးဖြစ်သည့် ကယ်ရီသည် အရေးပါသည့် ကဏ္ဍမှ ပါဝင်မည့် အလားအလာ ရှိသည်ကို တွေ့ရပါသည်။

ဂျွန်ကယ်ရီအား အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် အော်ရိုရာ
မြို့တွင် ၁၉၄၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် မွေးဖွားခဲ့သည်။ ယေးလ် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ အထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ ရရှိခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် အမေရိကန် ရေတပ်၏ အရန် တပ်ဖွဲ့သို့ ဝင်ရောက် ခဲ့သည်။ ဗီယက်နမ် စစ်ပွဲ အတွင်း၌ ပါဝင် တိုက်ခိုက်ခဲ့ပြီး Silver Star၊ Bronze Star နှင့် Purple Heart ဆု တံဆိပ်များ ချီးမြှင့် ခံခဲ့ရသည်။ ၎င်းသည် အမေရိကန် ပြည်ထောင်စု၏ သတ္တမမြောက် ဝါအရင့်ဆုံး လွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး အထက် လွှတ်တော်၏ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သမ္မတ အိုဘားမားက ၎င်းအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင် အဆို 
တင်သွင်း ခဲ့သည်။ ။


http://bit.ly/Vulbvc

မြ၀တီမကြာမီ ရာထူးမှ နုတ်ထွက်တော့မည့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ နေရာတွင် ဒီမိုကရက် လွှတ်တော် အမတ် တစ်ဦး ဖြစ် သည့် ဂျွန်ကယ်ရီကို အစားထိုး ခန့်အပ်ရန် အထက် လွှတ်တော်က ဇန်နဝါရီ ၂၉ ရက်တွင် တရားဝင် အတည်ပြု ခဲ့သည်။
ကယ်ရီအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အတည်ပြု နိုင်ရေး အတွက် မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၉၄ မဲ၊ ကန့်ကွက်မဲ ၃ မဲ ရရှိခြင်းကို ကြည့်ခြင်းအားဖြင့်လွှတ်တော်အမတ် အများစုသည် ကယ်ရီကိုသောင်းေ သာင်းဖြဖြ ထောက် ခံ ခဲ့ကြသည်ကို တွေ့ရသည်။

ကမ္ဘာ တစ်ပတ် ခရီး နှင်ခဲ့သော ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော

Photo: ကမ္ဘာ တစ်ပတ် ခရီး နှင်ခဲ့သော ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော
Sunday, February 17, 2013 

နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော MS Turanor Planet Solar ဟာ မိုနာကိုမြို့ ဟာကျူလီ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ကမ္ဘာ တစ်ပတ် ခရီးစဉ်ကို အဆုံးသတ် ခဲ့ပါတယ်။ ဒီခရီး စဉ်ဟာ နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော တစ်စီး အတွက် ပထမဆုံး ကမ္ဘာ တစ်ပတ် ခရီးစဉ် အဖြစ်လည်း

သတ်မှတ် ခံခဲ့ရ ပါတယ်။ ဒီသင်္ဘောမှာ စတုန်းရန်း မီတာ ၅၀၀ ခန့်ရှိတဲ့
နေရောင်ခြည် စွမ်းအင် ပြားတွေ တပ်ဆင်ပြီး တည်ဆောက်မှု ကုန်ကျ
စရိတ် ဒေါ်လာ ၁၆ သန်း ရှိခဲ့တယ်။

ဒီသင်္ဘောကို အလွန် ပေါ့ပါးတဲ့ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ တည်ဆောက်
ထားပြီး ဒီဇိုင်းကိုလည်း ရေခွဲအား အကောင်းဆုံး ဖြစ်အောင် ဖန်တီး ထားပါ တယ်။ မြင်းကောင်ရေ ၂၆ ကောင်အား ရှိတဲ့ လျှပ်စစ် မော်တာ ၄ လုံး တပ်ဆင်ထားပြီး တစ်နာရီကို ရေမိုင် ၁၄ မိုင်နှုန်း မောင်းနှင် နိုင်ပါတယ်။ အရှည် ၁၁၅ ပေ ရှိပြီး အရှည်ဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော စာရင်းဝင်လည်း ဖြစ်ပါတယ်။ 

ယခု ကမ္ဘာတစ်ပတ် ခရီးစဉ် အတွက် အချိန် ၅၈၅ ရက်ကြာ ခရီးနှင်ခဲ့ ရတယ်လို့ ဆိုပါတယ်။ MS Turanor PlanetSolar သင်္ဘောကို သုတေသန လုပ်ငန်း တွေမှာ အသုံးပြုမှာ ဖြစ်သလို ဈေးကောင်းပေး ၀ယ်ယူ မယ့်သူ
ပေါ်လာရင်လည်း ပြန်လည် ရောင်းချ နိုင်တယ်လို့ ဆိုပါတယ်။

Ref : Techspacejournal

http://bit.ly/WBnMQN

မြ၀တီနေရောင်ခြည် စွမ်းအင်သုံး သင်္ဘော MS Turanor Planet Solar ဟာ မိုနာကိုမြို့ ဟာကျူလီ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ကမ္ဘာ တစ်ပတ် ခရီးစဉ်ကို အဆုံးသတ် ခဲ့ပါတယ်။ ဒီခရီး စဉ်ဟာ နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော တစ်စီး အတွက် ပထမဆုံး ကမ္ဘာ တစ်ပတ် ခရီးစဉ် အဖြစ်လည်း
သတ်မှတ် ခံခဲ့ရ ပါတယ်။ ဒီသင်္ဘောမှာ စတုန်းရန်း မီတာ ၅၀၀ ခန့်ရှိတဲ့
နေရောင်ခြည် စွမ်းအင် ပြားတွေ တပ်ဆင်ပြီး တည်ဆောက်မှု ကုန်ကျ
စရိတ် ဒေါ်လာ ၁၆ သန်း ရှိခဲ့တယ်။

တောင်ကိုရီးယားက မြောက်ကိုရီးယားခေါင်းဆောင်၏ ရုံးခန်းအထိ အတိအကျ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည်ကို ပြသ

Photo: တောင်ကိုရီးယားက မြောက်ကိုရီးယားခေါင်းဆောင်၏ ရုံးခန်းအထိ အတိအကျ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည်ကို ပြသ
Sunday, February 17, 2013 

မြောက်ကိုရီးယား၏ တတိယ အကြိမ်မြောက် မြေအောက်အဏုမြူ ဗုံးစမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီး ယားခေါင်းဆောင်၏ ရုံးခန်းအထိ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည် တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံက
ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ် ဖော်ပြသခဲ့သည်။

ယင်းဒုံးကျည်သည် မြောက်ကို ရီးယားနိုင်ငံ၏ မည်သည့်နေရာကို မဆို ထိမှန်အောင် ပစ်ခတ်နိုင်သည်ဟု တောင်ကိုရီးယား အရာရှိများက
ပြောကြားခဲ့သော်လည်း ဒုံးကျည်ပစ် လွှတ်နိုင်သည့် အကွာအဝေးကိုမူ အတိအကျ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဖျက်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများမှ ပစ်မှတ်နမူနာများကို ပစ်ခတ်သည့် ဒုံးကျည်များ၏ ဗီဒီယိုကို တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ဖော်ပြသခဲ့သည်။ ယင်းလက်နက်များသည် ပြီးခဲ့သည့် ဧပြီလတွင် ကြိုတင်ပြသခဲ့သည့် လက်နက်များဖြစ်ပြီး ယခုအခါတွင် လုံးဝအသုံးချနိုင်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ယနေ့ထုတ်ဖော်ပြသတဲ့ခရုဇ်ဒုံးကျည်ဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ 
ရုံးခန်းပြတင်းပေါက် အထိ အတိအကျ ပစ်လွှတ်နိုင်တဲ့ လက်နက်တစ်မျိုးပါ” ဟု ကာကွယ်ရေး ၀န်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆုတ်ခ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မဟာမိတ် ဂျပန်ကို
မြောက်ကိုရီးယား၏ နျူကလီးယား တိုက်ခိုက်မှုများမှကာကွယ်ပေးသွား
မည်ဟုဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် ကတိပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သည့် အရေးယူ
ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် အိုဘားမားနှင့် အာဘေးတို့က သဘောတူညီမှု ရရှိခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို မြောက်ကိုရီးယား ချိုးဖောက်မှုအား အရေးယူ တုံ့ပြန်ရန် အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဖုန်းဖြင့် ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်၏
ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အာဘေးသည် အိုဘားမားနှင့်
တွေ့ဆုံဆွေးနွေးရန်အတွက် ဖေဖော်ဝါရီ နှောင်းပိုင်းတွင် ၀ါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မြောက်ကိုရီးယား၏ ဖေဖော်ဝါ ရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော
မြေအောက်အဏုမြူဗုံး စမ်းသပ်မှုသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်က စမ်းသပ်ခဲ့မှုများထက် ပိုမိုအင်အား ပြင်းထန်သည်ဟု အမေရိကန်နှင့်
တောင်ကိုရီးယားတို့မှ စောင့်ကြည့်လေ့လာ သူများက ပြောကြားခဲ့သည်။

အိုဘားမားသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်ထောင်စု မိန့်ခွန်းပြောကြားခဲ့ရာ၌ မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ အာဘေးနှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့သည်လည်း ဖုန်းနှင့် ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်အတွက် သဘောတူညီမှု ရရှိခဲ့သည်ဟု Jiji တွင် ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း အီရန်ကို အချက်ပြမှုတစ်ခု အနေဖြင့် မြောက်ကိုရီးယားအပေါ် ပြင်းထန်သော တုံ့ပြန်မှုပြုလုပ်ရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်နှင့် ဒုံးလက်နက် 
အစီအစဉ်သည်အမေရိကန်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်ဟု ကယ်ရီက ပြောကြားခဲ့သည်။

ဓာတ်ပုံ - စစ်သင်္ဘောတစ်စင်းမှခရုဇ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေမှုကို
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးခဲ့ပုံ ( AFP)

Ref: AFP
Eleven Media Groupမြောက်ကိုရီးယား၏ တတိယ အကြိမ်မြောက် မြေအောက်အဏုမြူ ဗုံးစမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီး ယားခေါင်းဆောင်၏ ရုံးခန်းအထိ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည် တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံက
ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ် ဖော်ပြသခဲ့သည်။
ယင်းဒုံးကျည်သည် မြောက်ကို ရီးယားနိုင်ငံ၏ မည်သည့်နေရာကို မဆို ထိမှန်အောင်ပစ်ခတ်နိုင်သည်ဟုတောင်ကိုရီးယားအရာရှိများက ပြော ကြား ခဲ့သော်လည်း ဒုံးကျည်ပစ် လွှတ်နိုင်သည့် အကွာအဝေးကိုမူ အတိအကျ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ပင်တဂွန်က ဆိုက်ဘာနှင့် မောင်းသူမဲ့လေယာဉ်တို့နှင့် ပတ်သက်သော သူရဲကောင်းများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ်များ ဖန်တီး

Photo: ပင်တဂွန်က ဆိုက်ဘာနှင့် မောင်းသူမဲ့လေယာဉ်တို့နှင့် ပတ်သက်သော သူရဲကောင်းများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ်များ ဖန်တီး
Sunday, February 17, 2013 
    
အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်သည် ဆိုက်ဘာတိုက်ခိုက်မှု
ပြုလုပ်သူများနှင့် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုများကို
ဆောင်ရွက်သူများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ် တစ်မျိုးကို ဖန်တီးခဲ့သည်။ ၎င်းတို့သည် အသက်စွန့် ဆောင်ရွက်ရခြင်းမျိုး မရှိသော်လည်း ယင်းကဲ့သို့ သူရဲကောင်းတံဆိပ် ချီးမြှင့်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက Distinguish War-fare Medal ဟု အမည်တပ်ထားသော ယင်းဆုတံဆိပ်သစ်ကို ကြေညာရာတွင် “ရှေ့တန်းမှာ မဟုတ်ပေမယ့် အဆင့်မြင့် နည်းပညာသုံး လက်နက်တွေနဲ့
ခေတ်သစ်စစ်ပွဲကို ဆင်နွှဲရာမှာ အရေးပါတဲ့ နေရာကနေ ပါဝင်သူတွေကို အသိအမှတ်ပြုဖို့ အချိန်ကျပြီ” ဟု ပြောကြားခဲ့သည်။

တိုက်ပွဲ၌ အသက်စွန့်ကာ ရဲစွမ်းသတ္တိ ပြသခဲ့သူများအား ဂုဏ်ပြုရန် လိုသကဲ့သို့ တိုက်ပွဲဝင်ရသည့် စစ်ဆင်ရေးများတွင် အနေအထား လုံးဝပြောင်းသွားအောင် ထူးချွန်သည့် လုပ်ဆောင်ချက်များကို
ဆောင်ရွက်ခဲ့ သူများအားလည်း ဂုဏ်ပြုသင့်ကြောင်း ပြောကြားခဲ့သည်။

သူက မောင်းသူမဲ့လေယာဉ်များနှင့် ဆိုက်ဘာလက်နက်များကို ထိန်းချုပ်ဆောင်ရွက်သူတို့သည် ယှဉ်ပြိုင်ရသော စစ်ဆင်ရေးများ
အောင်မြင်ရေး၌ အရေးပါသူများ ဖြစ်သည်ဟု ဆိုသည်။ ယခုဆုတံဆိပ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း စက်ရုပ်လက်နက်များ၊ ဒီဂျစ်တယ် တိုက်ပွဲများနှင့်အတူ ပေါ်ထွက်လာခဲ့သည့် စစ်ပွဲခေတ်သစ် တစ်ရပ်ကို
ရောင်ပြန်ဟပ်ပြခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

Predator နှင့် Reaper မောင်း သူမဲ့လေယာဉ်များကို Hellfire ဒုံးကျည်နှင့် ဗုံးများတပ်ဆင်လျက် အီရတ်နှင့် အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွများကို တိုက်ခိုက်ရန် အသုံးပြုခဲ့ပြီး စီအိုင်အေသည် ပါကစ္စတန်၊ ယီမင်နှင့် အခြားဒေသများရှိ အယ်လ်ကေးဒါးဟု မသင်္ကာသူများကို သတ်ဖြတ်ရန်လည်း ယင်းတို့ကို အသုံးပြုခဲ့သည်။ ထို့ပြင် RQ-170 Sentinel နှင့် Global Hawks ရေဒါပျောက် မောင်းသူမဲ့လေယာဉ်များ အပါအ၀င် အခြားစက်ရုပ် လေယာဉ်များကို ရန်သူ့နယ်မြေအတွင်း
ကောင်းကင်မှ စုံစမ်းထောက်လှမ်းရန်အတွက် အသုံးပြုခဲ့သည်။

အမေရိကန် စစ်ဘက်ဆိုင်ရာသည် ဆိုက်ဘာစပေ့စ်ကို စစ်မျက်နှာသစ်အဖြစ် ရှုမြင်ပြီး ဒီဂျစ်တယ်စစ်ပွဲ ဆင်နွှဲရန်အတွက် ဆိုက်ဘာ သူရဲကောင်းများကို
လေ့ကျင့်ပေးနေသည်။ ၂၀၀၉- ၂၀၁၀ ခုနှစ် အတွင်း အီရန်၏ ယူရေနီယမ် စက်ရုံများကို ဖျက်ဆီးရန် ဆိုက်ဘာ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ၌ ယင်းသည် အမေရိကန်နှင့် အစ္စရေး သူလျှိုအဖွဲ့အစည်းများက
ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက
ဖော်ပြခဲ့ဖူးသည်။

ယခုဆုတံဆိပ်ကို ကြေးဝါဆွဲပြားအဖြစ် ပြုလုပ်ထားပြီး အလျား
နှစ်လက်မခန့်ရှိသည်။ အလယ်၌ လင်းယုန်တံဆိပ် ပါဝင်သော ကမ္ဘာလုံးကို လော်ရယ်ပန်းကုံး ပတ်ထားကာ နီ၊ ဖြူ၊ ပြာ အရောင်များ အစင်းကျားထားသည့် ဖဲကြိုးတပ်ထားကြောင်း သိရသည်။

Ref: AFP
Eleven Media Groupအမေရိကန် ပင်တဂွန် စစ်ဌာနချုပ်သည် ဆိုက်ဘာ တိုက်ခိုက် မှု ပြု လုပ်သူ များနှင့် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှု များကိုဆောင် ရွက် သူများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ် တစ်မျိုးကို ဖန်တီးခဲ့သည်။ ၎င်းတို့သည် အသက်စွန့် ဆောင်ရွက်ရခြင်းမျိုး မရှိသော်လည်း ယင်းကဲ့သို့ သူရဲကောင်းတံဆိပ် ချီးမြှင့်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက Distinguish War-fare Medal ဟု အမည်တပ်ထားသော ယင်းဆုတံဆိပ်သစ်ကို ကြေညာရာတွင် “ရှေ့တန်းမှာ မဟုတ်ပေမယ့် အဆင့်မြင့် နည်းပညာသုံး လက်နက်တွေနဲ့
ခေတ်သစ်စစ်ပွဲကို ဆင်နွှဲရာမှာ အရေးပါတဲ့ နေရာကနေ ပါဝင်သူတွေကို အသိအမှတ်ပြုဖို့ အချိန်ကျပြီ” ဟု ပြောကြားခဲ့သည်။

မဲဆောက်မြို့ အလုပ်သမားအိမ်ယာ မီးဘေးသင့်

 မဲဆောက်မြို့ အလုပ်သမားအိမ်ယာ မီးဘေးသင့်
ဇော်သူရ၊ မဲဆောက်၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃

 ယမန်နေ့က တီကေလေးစက်ရုံး အလုပ်သမားအိမ်ယာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မိသားစုများ၊ ကလေးလူကြီး ၁၀၀ ကျော်ကို အများပြည်သူတို့က ၀ိုင်းဝန်း ကူညီကယ်ဆယ်ပေးခဲ့ပြီး မီးဘေးကယ်ဆယ်ရေး ကော်မတီကိုဖွဲ့စည်းခဲ့ကြပါသည်။ ဓာတ်ပုံများကို သည်နေရာမှာ ကြည့်ရှုနိုင်ပါသည်။

ဟင်္သာတက GSM ဖုန်းတွေ သုံးမရတာ လပေါင်းအတော်ကြာ

ဟင်္သာတက GSM ဖုန်းတွေ သုံးမရတာ လပေါင်းအတော်ကြာ
 ဟင်္သာတမီဒီယာ၊ ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က GSM ဖုန်းတွေ သုံးလို့မရတာ လပေါင်း အတော်ကြာနေပြီ ဖြစ်တယ်လို့ သိရပါသည်။ ဆက်သွယ်ရေးဝန်ကြီးနဲ့ အပေါင်းအပါတွေကို အရေးမယူခင် (၃)လခန့်ထဲက ယခုလိုသုံးလို့မရတာ ဟု မြို့ခံများက ပြောသည်။ 
 “ ဖုန်းတွေက သုံးလို့မကောင်းတာ ကြာနေပြီ….  ဆက်သွယ်ရေးကိုပြောတော့လဲ သူတို့လဲ မသိဘူး လို့ပြောတယ်….. အဲလိုပြောတာတော့ ဘယ်ကောင်းမလဲဗျာ…. ဖုန်းတွေမကောင်းတာ သူတို့နဲ့ မဆိုင်ရင် ကျွန်တော်တို့က ဘယ်သူ့ကို သွားပြောရမှာလဲ…. ဟင်္သာတတစ်မြို့ထဲ ဖြစ်နေတာ…. ဟင်္သာတနဲ့ ၁၅ မိုင်လောက်ပဲဝေးတဲ့ ဇလွန်တောင် ဖုန်းတွေကောင်းတယ်….. ဒီတစ်မြို့ထဲပဲ မကောင်းတာ ” ဟု GSM ဖုန်းသုံးစွဲသူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ပြောသည်။
ဟင်္သာတဆက်သွယ်ရေးမှာ ယခုလို Mobile ဖုန်းများတွင်ကျယ်စွာမသုံးခင် ကြိုးဖုန်းများကိုသာ အားထားပြီး သုံးနေရတဲ့ အချိန်ကတည်းက ကြိုးဖုန်းတစ်လုံးကို ၁၅ ရက်တစ်ကြိမ်ခန့် လိုင်းဖြတ်သည် ဟု သိရသည်။ လိုင်းဖြတ်ပုံမှာ စက်ခန်းထဲကနေလဲ ဖြတ်သလို၊ ဖုန်းတိုင်မှလဲ ဖြတ်ပါတယ်။ ဒီလို ဖြတ်ပြီးပါက စက်ခန်းထဲကပြတ်တယ်ဆိုရင် စက်ခန်းသမားကို ပိုက်ဆံပေးမှပြန်ဖွင့်ပေးသလို၊ လိုင်းကပြတ်တယ်ဆိုရင်လဲ လိုင်းသမားကို ပိုက်ဆံပေးမှ ပြန်ဆက်ပေးပါတယ်။ အဲဒီလို ပိုက်ဆံပေးပြီး လိုင်းကိုပြန်ဆက်ခိုင်းတာတောင် တောင်းတောင်ပန်ပန်နဲ့ လုပ်ခိုင်းရတာပါ၊ ဘာလို့လဲဆိုတော့ တစ်နေ့ တစ်နေ့ကို ဖုန်းအလုံးရေ လေးငါးဆယ်ခန့်ဖြတ်တာ ဖြစ်တဲ့အတွက် လိုင်းသမားတွေက တစ်နေ့လုံးမအား ရရှာပါဘူး၊ လိုင်းသမားတွေက ပိုက်ဆံပေးတဲ့ ဖုန်းကို တိုင်ပေါ်ကိုတက် လို့ ပြန်ဆက်ပေးပြီးတာနဲ့ နောက် အလှည့်ကျဖြတ်ရမယ့်ဖုန်းကို တိုင်ပေါ်မှာ တခါတည်း ဖြုတ်လိုက်ကြောင်း၊ ဒါကြောင့် ကိုယ့်လမ်းထိပ်က ဖုန်းတိုင်ကို လိုင်းသမားတက်နေပြီဆိုရင် လမ်းထဲကလူတွေက တိုင်နားကို အပြေးအလွှားရောက်လာပြီး ကိုယ့်ဖုန်းကို မဖြတ်ဖို့အရေး စောင့်ကြည့်ကြရတယ်လို့ ကြိုးဖုန်းသုံးစွဲခဲ့သူတစ်ဦးက ပြောသည်။
ယခုအချိန်မှာ GSM ဖုန်းသုံးစွဲလို့မရပုံကိုတော့ မြို့ခံလူငယ်တစ်ဦးက ပြောဆိုသည်မှာ
 “ဖုန်းတွေက တိုင်ကတော့ အပြည့်ပဲ၊ ဒါပေမယ့် ဖုန်းပြောလိုက်တာနဲ့ တိုင်ကပျောက်သွားတယ်၊ ပြီးတော့ ဖုန်းကလဲချလို့ မရတော့ဘူး၊ ဖုန်းဘေလ်တွေ  တောက်လျောက်တက်နေတာပေါ့”  ဟု ပြောသည်။ 
ဘယ်အချိန်တွေမှာ သုံးလို့မရတာလဲဆိုတာကိုတော့ …  “ဟာ… ဘယ်ချိန်လဲလိုဆိုတော့ အချိန်တိုင်းပဲဗျ၊ ညနက်ပိုင်း သုံးစွဲသူ နည်းတဲ့ အချိန်မှာတောင် မကောင်းဘူး၊ တော်တော် စိတ်ပျက်စရာကောင်းတယ်” ဟု ပြောသည်။ 
သက်လတ်ပိုင်း မြို့ခံစီးပွားရေးသမားတစ်ဦးကတော့ “ GSM တွေက မကောင်းတော့ CDMA ထပ်ဝယ်ထားတယ်၊ CDMA လဲ သိပ်မထူးပါဘူးဗျာ၊ အတူတူပါပဲ၊ ဒီလို ဖုန်းတွေသုံးမရဖြစ်နေတာကို ဟင်္သာတ ဆက်သွယ်ရေးက သူတို့နဲ့မဆိုင်ဘူးလို့ ပြောတာတော့ တာဝန်မဲ့လွန်းအားကြီးတယ် ” ဟု လည်း ပြောသည်။
ဟင်္သာတဆက်သွယ်ရေးကို ဆက်သွယ်စုံစမ်းသောအခါ ” ဖုန်းတွေမကောင်း တာ က ရေကြည်က ဖြတ်နေ တယ်ထင်တယ်၊ ကျွန်တော်တို့ကတော့ ဒီကနေ ဘာမှလုပ် မထားပါဘူး “
လို့ ပြောပါသည်။  ခု ပြင်ဖို့အစီအစဉ်မရှိဘူးလားလို့ မေးတာကိုတော့  “ဘယ်ကနေဖြစ်နေမှန်းမှ မသိတာ ” ဟု ဖြေကြားပါသည်။
 ပြည်သူတွေကပေးတဲ့ လစာနဲ့ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးရမှာပါ။ ယခုလို GSM ဖုန်းတွေ လအတော်ကြာသုံးစွဲမရဖြစ်နေလို့ မြို့ခံလူထုတွေ အလွန်ကို မကျေ မနပ်ဖြစ်နေကြောင်း သိရပါသည်။

အလုပ်ရှင်ဘက်က ခြိမ်းခြောက်တာကြောင့် ထူးသစ်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်း စက်မှုဇုန်မှာရှိတဲ့ ထူးသစ် ငါးစာတောင့်စက်ရုံက အလုပ်သမား ၅၀ ကျော်ဟာ အပြန်ကားဖယ်ရီ စီစဉ်ပေးဖို့တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဖက်က အလုပ်ထုတ်ဖို့ ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဒီကနေ့ မနက်ပိုင်းက စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အခုလို တောင်းဆိုဆန္ဒပြရတာနဲ့ ပတ်သက်ပြီး  အလုပ်သမားခေါင်းဆောင် ကိုအောင်အောင် က RFA ကို အခုလို ပြောပါတယ်။
“ဆန္ဒပြရတဲ့ အဓိကအကြောင်းအရင်းက ၁၀ လပိုင်း ၁ ရက်နေ့မှာ လစာတိုးဖို့၊ ဖယ်ရီကား စီစဉ်ပေးဖို့ရယ်နဲ့ ကျနော်တို့ အချိန်တွေပြောင်းဖို့ရယ် အလုပ်သမားတွေရဲ့ကိုယ်စား သွားတောင်းတာ၊ ဖယ်ရီကား စီစဉ်ပေးမယ်ဆိုတာကို နေ့ရောညရောပေးရမယ့်ဥစ္စာကို  ညပဲပေးတယ်၊ နေ့ဖက်ကို မပေးဘူး၊ ကျနော်တို့က နေ့အတွက်ပေးပါဆိုပြီးတော့ အလုပ်သမားတွေရဲ့ကိုယ်စား သွားတောင်းတယ်၊ အဲဒါကို မင်းတို့ခေါင်းဆောင်မဟုတ်ပဲနဲ့ လာပြောတယ်၊ မင်းတို့ကို အလုပ်ထုတ်မယ်လို့ပြောတယ်၊ အဲသလိုပြောတော့ ကျန်တဲ့သူတွေက မခံနိုင်တော့ပဲနဲ့ ဖယ်ရီကားကို နေ့ရောညရော တောင်းဖို့ရယ်၊ အချိန်ကို ညနေ ၅ နာရီကနေ ည ၁ နာရီထိပဲ ဆင်းဖို့ရယ် ထပ်ပြီးဆန္ဒပြရခြင်းဖြစ်ပါတယ်”
ဒီကနေ့ဆန္ဒပြမှုဟာ ပထမဆုံးအကြိမ် ဆန္ဒပြတောင်းဆိုတာဖြစ်ပြီး ညနေပိုင်းအချိန်အထိ အလုပ်ရှင်တွေဘက်ကနေ တစ်စုံတရာညှိနှိုင်းမှုမျိုး မရှိသေးဘူးလို့ ကိုအောင်အောင်က ဆိုပါတယ်။
ထူးသစ် ငါးစာတောင့်စက်ရုံဟာ အလုပ်သမားအင်အား ရှစ်ဆယ်ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံတစ်ရုံ ဖြစ်ပါတယ်။

စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ် အောက်ရေဖြူကျေးရွာ က ဒေသခံအချို့နဲ့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ သောကြာနေ့က တွေ့ဆုံပြီး ဖွဲလောင်စာသုံးရေခဲစက်က စွန့်ပစ်ပစ္စည်းတွေကြောင့် လူထုသောက်သုံးတဲ့ ရေတွင်းတွေ ပျက်စီးရသလို ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ခံစားနေရတာတွေကို တင်ပြခဲ့ပါတယ်။
Photo: RFA/Kyaw Lwin Oo
လောင်းလုံမြိုနယ်၊ အောက်ရေဖြူကျေးရွာက ဖွဲလောင်စာသုံး ရေခဲစက်မှ စွန့်ပစ်ပစ္စည်း များကြောင့် ရေတွင်းတွေ ပျက်စီးနေပုံ
ဝန်ကြီးချုပ် ဦးမြတ်ကိုက အဲဒီရေခဲစက်ကို ချက်ချင်းရပ်ဖို့ သက်ဆိုင်ရာတွေကို ညွှန်ကြားသွားခဲ့ပြီးနောက် မနေ့ကတော့ စက်ရုံပိတ်သွားပါပြီလို့  ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က ကိုထွန်းကျော်မောင်က  RFA ကို ပြောပါတယ်။
အဲဒီ့ဖွဲလောင်စာသုံး ဦးမင်းအောင် ခေါ် ဦးအောင်ကြီး ရေခဲစက်ဟာ ၂၀၀၄ ခုနှစ်ကတည်းက စတင်လည် ပတ်ခဲတဲ့စက်ဖြစ်ပြီး ရေတွင်း(၂၀)ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်ရေဖြူကျေးရွာမှာ အိမ်ခြေ(၁၅၀၀)ရှိပြီး အဲဒီထဲက အိမ်ခြေ(၂၀၀)လောက်ဟာ စက်ရုံကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို ခံစားနေရတဲ့အတွက် မြို့နယ်ခရိုင်အဆင့်ကို နှစ်ကြိမ်တိုင်ကြားခဲ့ပေမယ့် အရင်က အရေးယူခဲ့တာမရှိဖူးလို့ ဆိုပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ပုံဖေါ်ခြင်း အစီရင်ခံစာ BNI အဖွဲ့ ထုတ်ပြန်

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်ခြင်း ဆိုတဲ့အမည် နဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက် မှုဖြစ်စဉ်နဲ့ အခြေအနေကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် တိုင်းရင်းသား သတင်းဌာနတွေ စုပေါင်းပါဝင်တဲ့ နိုင်ငံတကာ မြန်မာ့ သတင်း (BNI) အဖွဲ့ကြီးက ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။
အစီရင်ခံစာနဲ့အတူ အင်တာနက်ဝက်ဘ်ဆိုက်တစ်ခု ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲကို  ဒီကနေ့ နေ့လည် ၂ နာရီက ချင်းမိုင်မြို့ Belle Villa ဟော်တယ်မှာ ပြုလုပ်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားနည်းချက၊် အခက်အခဲနဲ့ ဘယ်အဆင့် ရောက်နေပြီဆိုတာတွေကို အဓိကထားတင်ပြထားပါတယ်လို့ အစီရင်ခံစာဖြစ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူးဖြစ်တဲ့ ဦးစိုင်းလိတ်က အခုလိုပြောပါတယ်။
“အားနည်းချက်တွေ တွေ့ရတာက နှစ်ဘက်စလုံးမှာ ယုံကြည်မှု အားနည်းနေသေးတယ်ဗျ၊ ဥပမာဆိုပါတော့ အစိုးရဘက်ကလည်းပြောတယ်၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မရှိတော့ဘူး ရပ်ပြီပေါ့၊ သမ္မတကနေ အမိန့်ထုတ်တယ်၊ ကြေညာချက်တွေ ထုတ်တယ်၊ ဒါပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်၊ အဲဒီအခါကြတော့ နှစ်ဘက်က ရှေ့ဆက်သွားဖို့က နည်းနည်းလေး ခက်နေတယ်၊ ယုံကြည်မှု အားနည်းနေတာပေါ့၊ နှစ်ဘက်ကြားထဲမှာက အဲဒီအခါကြတော့ အဆင်မပြေဘူး ဖြစ်နေတယ်၊ နောက်တစ်ချက်ကတော့ တိုင်းရင်းသားဒေသတွေမှာပေါ့၊ သဘာဝအရင်းအမြစ်တွေက ရှိနေတယ်၊ သူတို့ကိုယ်တိုင်က သုံးခွင့်မရဘူး ဖြစ်နေတော့ ဒီအစိုးရက ဘာအစိုးရလဲ ငါတို့ကြတော့ ဘာမှသုံးလို့  မရဘူးဆိုတဲ့ ပုံစံမျိုးတွေ မြင်ပြီးတော့မှ အစိုးရအပေါ် ယုံကြည်မှုအားနည်းတော့ ရှေ့ဆက် အလုပ်လုပ်ဖို့ရာ ခက်နေတာပေါ့”
စာမျက်နှာ (၁၉၄) မျက်နှာရှိတဲ့ ဒီအစီရင်ခံစာကို အပိုင်း (၄) ပိုင်းခွဲတင်ပြထားပြီး ပထမပိုင်းမှာ ၂၀၁၂ ခုနှစ်အတွင်း အပစ်ရပ်လက်မှတ် ထိုးထားတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ အဖွဲ့အစည်းများအခြေအနေ၊ ဒုက္ခသည် အခြေအနေများကို တင်ပြထားပြီး ဒုတိယအပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းတွေကို တင်ပြထားပါတယ်။ တတိယအပိုင်းအနေနဲ့ အစိုးရနဲ့ အပစ်ရပ် လက်မှတ် ရေးထိုး တားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ ဘယ်အဆင့် ရောက်နေပြီလဲဆိုတာနဲ့ သူတို့ရဲ့ အခက်အခဲတွေကို တင်ပြထားပါတယ်။
နောက်ဆုံးပိုင်းမှာတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အစိုးရနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များဆိုပြီး ဖော်ပြပါရှိပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးတကြီး လိုအပ်နေတာတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာရဲ့ အကြံပြုချက်အချို့ကိုလည်း ဦးစိုင်းလိတ်က
“အဓိက အရေးကြီးတဲ့အချက် ကတော့  ယုံကြည်မှု အားနည်းနေတဲ့ဟာကို အားကောင်းအောင် လုပ်ဖို့ပေါ့၊ နှစ်ဘက်ကြားထဲမှာ ယုံကြည်မှုအားနည်းနေတော့ ရှေ့ဆက်တက်ဖို့ရာ နည်းနည်းလေး ခက်နေတာပေါ့၊ ယုံကြည်မှု အားကောင်းလာအောင် လုပ်ဖို့ဆိုရင်လည်း ရှိသမျှစစ်ပွဲတွေကို အကုန်လုံးရပ်လိုက်မယ်၊ အစိုးရဘက်က လုံးဝစစ်ထိုးတာတွေ ဘာတွေမလုပ်တော့ဘဲနဲ့ ရပ်လိုက်ပြီးတော့မှ confidence building ပေါ့၊ ယုံကြည်မှုတည်ဆောက်တဲ့ ဟာတွေ ဆက်လုပ်မယ်ဆိုရင်တော့ ဆွေးနွေးပွဲတွေဟာ ပိုပြီးတော့ ဖြူးဖြူးဖြောင့်ဖြောင့် ဖြစ်လာမယ်ပေါ့”
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်သတင်းစဉ်(KIC)က အယ်ဒီတာချုပ် ဒေါ်နန်းဖောဂေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်မှု အခန်းကဏ္ဍနဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခွန်ဆိုင်းတို့က နောက်ဆုံးအခြေအနေတွေကို ရှင်းလင်းတင်ပြသွားတယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးခင်မောင်မြင့် အမှတ်ရပွဲများ ကျင်းပ

န၀တအစိုးရလက်ထက်က ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ မြေပေါ်ပါတီအဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းခံခဲ့ရတဲ့ ပြည်သူ့တိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဖြစ်သူ ဦးခင်မောင်မြင့် အင်းစိန်အကျဉ်းထောင် ထဲမှာ ကျဆုံးခဲ့တဲ့ အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ထားဝယ်ရပ်ကွက်က နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသက်တင်ရဲ့ နေအိမ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဦးခင်မောင်မြင့်ဟာ ဂျပန်တော်လှန်ရေးမှာ သခင်စိုး၊ ဗိုလ်ချုပ်နေ၀င်းတို့ရဲ့ စစ်တိုင်းမှာ ဆက်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပျက်မှာ အဖမ်းခံရပြီး ၁၉၆၉မှာ ကိုကိုးကျွန်းကို အပို့ခံရပါတယ်။
ဒီ့နောက် ၁၉၇၈ ခုနှစ် ၊ ၁၉၈၃ ခုနှစ်တို့နဲ့ ၁၉၈၉ ခုနှစ် န၀တအစိုးရ လက်ထက်မှာ ၃ ခါ ထပ်ပြီး အဖမ်းခံရပါတယ်။  ၁၉၈၉  ခုမှာ စစ်ခုံရုံးက ထောင်ဒဏ်နှစ်(၂၀)ချခံခဲ့ရာ ၁၉၉၃ ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်ထဲမှာ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ ဦးခင်မောင်မြင့် အပါအ၀င် အကျဉ်းထောင်တွေထဲမှာ ကျဆုံးသွားကြသူတွေကို ဂါရ၀ပြုခဲ့ကြပြီး မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ(မန္တလေး)၊ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)တို့ရဲ့ သ၀ဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။ ဒီပွဲကို ပါတီဟောင်းအဖွဲ့ဝင်တွေနဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် (၁၀၀) ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
အလားတူ အခမ်းအနားတရပ်ကို ရန်ကုန်မြို့မှာလဲ ကျင်းပခဲ့ကြပြီး သတင်းစာဆရာကြီး NLD   ဦးဝင်းတင်နဲ့ ၈၈မျိုးဆက်ကျောင်းသားတွေအပါအ၀င်   နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်.

ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွင် ရိုက်နှိပ်ရန် လူငယ်အင်အားစုများ လိုလားနေ

ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားသည့် ငွေစက္ကူအဟောင်းများကို ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ရှေ့တွင် ရောင်းချနေစဉ် (ဓာတ်ပုံ – (ဂျေပိုင် / ဧရာဝတီ)

အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အမှတ်တရရှိစေရန် နောက်နောင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူများနှင့် တံဆိပ်ခေါင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ရိုက်နှိပ်ဖော်ပြရန် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ လူငယ်အင်အားစုများက လိုလားလျက်ရှိကြောင်း သိရသည်။
“ကျနော်တို့ စံပြခေါင်းဆောင် က ဗိုလ်ချုပ်အောင်ဆန်းပဲ၊ သူ့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးပါ။ သူက မစားဘဲ စွန့်ခဲ့တဲ့ ခေါင်းဆောင်ပါ။ အခုခေတ်မှာ မစွန့်ဘဲစားတဲ့သူတွေ အများကြီးပဲ” ဟု ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက် နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားကန်ပေါင်တွင် ထိုနေ့ညနေ ၄ နာရီက ပြုလုပ်ခဲ့ပြီး ဗကသများ အဖွဲ့ချုပ်၊ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်၊ Generation Wave၊ Generation Youth နှင့် ရန်ကုန်မြို့အခြေစိုက် လူငယ်အင်အားစု ၁၀၀ ခန့် တက်ရောက်ခဲ့ရာ ယင်းအခမ်းအနားတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနား တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ ကို ငွေစက္ကူနှင့် တံဆိပ်ခေါင်း များပေါ်တွင် ပြန်လည် သုံးစွဲနိုင်ရန် တောင်းဆိုသော လက်မှတ် များ ရေးထိုးခဲ့ကြပြီး ရရှိသော လက်မှတ်များနှင့် တခြား နေရာများမှ စုဆောင်းရရှိထားသော လက်မှတ် ၅၀၀ ကျော် ကို ဒေါ်အောင်ဆန်းစုကြည်ထံ တဆင့် ပေးအပ်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက် ပို့ဆောင်ခဲ့ကြောင်း Generation Youth မှ  ကိုနေထွဋ်ပိုင်က ပြောသည်။
အစိုးရသို့ တိုက်ရိုက် မတင်ပြရခြင်းမှာ ယခုကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပြီး သူ၏ တုန့်ပြန်ဆောင်ရွက်ပေးမှုအပေါ် မူတည်၍ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြဿနာ အခက်အခဲရှိရင် သူ့ဆီကို အရင်လာပြီး အကူအညီတောင်းပါ ဆိုပြီးတော့ ပြည်ထောင်စုနေ့ က ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ အဲဒါကြောင့် သူ့ဆီကို အရင်သွားပြီး အသိပေးတာ” ဟု သူက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း  ခြင်္သေ့ရုပ် ငွေစက္ကူများ ပေါ်ပေါက် လာပြီး နောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ရှင်းပြသည်။
“၁၉၅၂ ခုနှစ် မှာ ဗဟိုဘဏ်ဥပဒေ ပေါ်လာတော့ ဗိုလ်ချုပ်ပုံနဲ့ ငါးကျပ်တန်တွေ ထွက်လာတယ်။ ဆိုရှယ်လစ် တခေတ် လုံးလည်း ဗိုလ်တေဇပုံ သုံးခဲ့တာပဲ။ နိုင်ငံတကာမှာတော့ ကိုယ့်တိုင်းပြည် ထူထောင်တဲ့ သူရဲကောင်းပုံတွေကို သုံးကြတယ်။ တိုင်းပြည်အတွက် အမှတ်တရ ဖြစ်မယ့်သူတွေကို သုံးကြတယ်။ ကိုယ့်ခေါင်းဆောင် တွေကိုလည်း တန်ဖိုးထားတတ်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံတကာမှ ငွေစက္ကူများတွင် တိုင်းပြည် တည်ထောင်ခဲ့သော သူများကို အမှတ်တရရှိစေရန် ထည့်သွင်းဖော်ပြကြပြီး အိမ်နီးချင်း နိုင်ငံများတွင် ဂန္ဒီ၊ နေရူး၊ ဂျင်းနား၊ မော်စီတုန်း စသည့် ခေါင်းဆောင် ရုပ်ပုံများကို အသုံးပြုကြကြောင်း၊ အချို့နိုင်ငံများတွင် ခေတ်ကာ လနှင့် လျော်ညီသော ရုပ်ပုံများကို အသုံးပြုကြကြောင်း ဦးသန်းလွင်က ရှင်းပြသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်သော ချစ်သူများနေ့ကို လူငယ်များ အမှတ်တရရှိကြသော်လည်း
ဗိုလ်ချုပ်အောင်ဆန်းကို မေ့လျော့လာကြောင်း၊ သမိုင်းအမှန်ကို လူငယ်များသိရှိရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောသည်။
“ဗိုလ်ချုပ်မွေးနေ့ကို  မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ကလေးများနေ့လို့ သတ်မှတ်ခဲ့ပေမယ့် မည်ကာမတ္တပဲ ရှိခဲ့တယ်။ ကလေး လူငယ်တွေဟာ အနာဂတ်ရဲ့ခေါင်းဆောင်တွေပဲ။ အခု လူငယ်တွေ သမိုင်းကို မသိတဲ့ အတွက် တိုင်းပြည်က မျိုးဆက်နဲ့ချီပြီး နစ်နာနေပြီ။ အဲဒါကို ဖော်ထုတ်ကြဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုနှင့် တိုင်းပြည်အပေါ် အနစ်နာခံတတ်သော စိတ်ဓာတ်မှာ ယနေ့ခေတ် လူငယ်များအတွက် အတုယူ အားကျဖွယ် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ဆိုသည်။
“အနေအထိုင် ရိုးစင်းတာနဲ့ နိုင်ငံနဲ့ ပတ်သက်လို့ အသက်စွန့်လွှတ် အနစ်နာခံပြီးတော့ အဲဒီခေတ်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်ရေးကို ရူးသွပ်တာမျိုးပေါ့။ ကျနော်တို့ နိုင်ငံမှာလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ ဘယ်လောက် ရူးသွပ်လဲ ဆိုတာ နိုင်ငံနဲ့ချီပြီးတော့ ရူးသွပ်မှုတွေ မွေးမြူကြရမှာပါ” ဟု သူက ထပ်ပြောသည်။
၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော ပဲပြုတ်နှင့် နံပြားကို ဓမ္မစေတီ ဆရာတော် အရှင် ဥူးကောသလ္လက ကုသိုလ်ပြု ကျွေးမွေးခဲ့သည်။
“သူ အသက်ရှင် နေထိုင်စဉ် ကာလအတွင်းမှာ တိုင်းပြည်အကျိုးကို အများကြီး လုပ်ခဲ့တဲ့ အတွက် လေးစားမိ ပါတယ်” ဟု အင်းလျားကန်ပေါင် အခမ်းအနားသို့ တက်ရောက်လာသော စမ်းချောင်းမြို့နယ်မှ အသက် ၁၅ နှစ်အရွယ် မောင်အောင်မိုးသူ က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု၍ တမိနစ်ငြိမ်သက်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း  အမှတ်တရ သီချင်းများ သီဆိုခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကလေးတွေရဲ့ စူးစမ်းလေ့လာချင်တဲ့စိတ်ကို အားပေးကြဖို့ ဒေါ်စုတိုက်တွန်း


ကလေးတွေရဲ့ သိချင်တဲ့စိတ်၊ စူးစမ်းလေ့လာချင်တဲ့စိတ်ကို အားပေးလိုကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယိုမိန့်ခွန်းမှာ ထည့် သွင်းပြောကြား ပါတယ်။
သည်နေ့ဟာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်မြောက်မွေးနေ့ဖြစ် သလို မြန်မာနိုင်ငံရဲ့ကလေးများနေ့ လည်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဗိုလ်ချုပ်မွေးနေ့ပွဲ ကို ကျင်းပပြီးဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်းပေးပို့ပါတယ်။
'ကလေးတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် စဉ်းစားတတ်အောင်ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်၊ လူကြီးတွေကလဲ ကလေးတွေစဉ်းစားတတ်အောင် ဝိုင်းပြီးကူညီကြပါ။ ကလေးတွေသိချင်တဲ့ စိတ်တွေ ကိုအားပေးကြပါ၊ စိတ်မရှည်ဘဲနဲ့ ဒါတွေမမေးနဲ့၊ ဟိုဟာတွေမမေးနဲ့၊ မေးခွန်းမထူနဲ့ဆိုတဲ့ပုံစံနဲ့ ကလေးတွေကို မဆက်ဆံပါနဲ့၊ ကလေးတွေသိချင်တဲ့စိတ်ရှိမှ တတ်ချင်တဲ့စိတ်ရှိမှ စူးစမ်းလေ့လာချင် တဲ့စိတ်ရှိမှ ကျွန်မတို့နိုင်ငံအတွက် စိတ်ချရမှာဖြစ်တယ်' လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူ့ဖခင်ရဲ့မွေးနေ့ကို ကလေးများနေ့လို့မဟုတ်ဘဲ လူကြီးများနေ့လို့ခေါ်သင့်တယ်လို့ ပြောတယ်။ သူ့ဖခင်ဆီမှာ သင်ယူတတ်ဖို့လိုတာလူကြီးပဲ။ လူကြီးတွေဟာ သူ့ဖခင်ဆီမှာ သင်ယူစရာအများကြီးပဲ လို့ သူကပြောတယ်။ သူ့ဖခင်မွေးနေ့မှာ ကလေးများနေ့လို့ခေါ်ရတာက ကလေးတွေဟာ သင်ဖို့လွယ် တယ်။ သည်အချိန်ကစပြီး ကလေးတွေဟာ ကိုယ်ကဘယ်လိုလူမျိုးဖြစ်သင့်တယ်၊ ဘယ်လို လူမျိုးဖြစ် အောင်လုပ်မ လဲဆိုတဲ့ စိတ်ဓာတ်ဝင်သွားမယ်ဆိုရင် ဘဝအတွက်အများကြီးလုံလောက်သွားပြီလို့ သူကဆိုတယ်။
'ဗိုလ်ချုပ်ကို စံနမူနာထားပြီးမြင့်မြတ်တဲ့ ပြည်သူတွေဖြစ်အောင် ကြိုးစားဆင်ခြင်အောင် ဖေဖေ့မွေးနေ့ ကို ကလေးများနေ့လို့ သတ်မှတ်တာဖြစ်တယ်' လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူ့ဖခင်မွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ရတာက ဗိုလ်ချုပ်ကိုပြည်သူတွေ၊ နိုင်ငံသူ နိုင်ငံ သားတွေဘာကြောင့် အခုအထိချစ်ကြသလဲ၊ မြတ်နိုးကြသလဲ လေးစားကြသလဲဆိုတာ ကလေးတွေ အနေနဲ့ စဉ်းစားရမယ်လို့ ဆိုတယ်။ သူ့ရဲ့ဖခင်ဆုံးသွားတာကြာပြီ ဖခင်မရှိတော့တဲ့အချိန်ကပိုများ တယ်။ ဒါတောင်နိုင်ငံသူ၊ နိုင်ငံသားတွေက မမေ့နိုင်ကြတဲ့အခြေအနေမှာ ရှိတယ်။
'ကလေးတွေကို စဉ်းစားစေချင်တာက ကိုယ်လဲဒီလိုကိုယ်မရှိတဲ့ အချိန်မှာတောင်ဆက်ပြီးတော့ ကိုယ့်နိုင်ငံ ကို အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေဖြစ်နိုင်အောင်လို့ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားကြပါ' လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကလေးများနေ့မှာ လူကြီးတွေကလည်း သင်ယူစရာရှိတာကိုသင်ယူပြီး ကလေးတွေနဲ့အတူတူ နိုင်ငံရဲ့ အနာဂတ်ရွှင်လန်းဖို့၊ ချမ်းမြေ့ဖို့၊ တောက်ပဖို့အတွက် ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းကြောင်း ပြောပါ တယ်။

၂၀၁၃ ကျောင်းသားငြိမ်းချမ်းရေး ဆုရှင်ကို ဦးမင်းကိုနိုင် ဂုဏ်ပြုမိန့်ခွန်းပြော

 
မီးဒုတ်တွေကိုင်စွဲပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ချီတက်ကြ (ဓာတ်ပုံ – ISFiT Facebook)
နော်ဝေးနိုင်ငံ ထရွန်ဟန်းမြို့(Trondherm) ၌ ကျင်းပနေသည့် နိုင်ငံတကာ ကျောင်းသားပွဲတော်တွင် ယခုနှစ် ကျောင်းသားငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည့် အကျဉ်းစံ အီရန် ကျောင်းသားခေါင်းဆောင်နှင့် ဖြစ်ရပ်တူညီခဲ့သူ မြန်မာနိုင်ငံမှ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်က အထူးမိန့်ခွန်း ပြောကြားခဲ့သည်။
“အခု ၂၀၁၃ခုနှစ်အတွက် ကျောင်းသားငြိမ်းချမ်းရေးဆု ရတဲ့ အီရန်က ကျောင်းသားခေါင်းဆောင် မာဂျစ် တာဗာ ကိုလီ (Majit Tavakoli) ဟာ အီရန်မှာ အကျဉ်းကျနေတာ ၄ နှစ်လောက်ရှိပြီ။၊ ကျနော်လည်း ထောင်သက် ၁၃ နှစ် အကြာမှာ အဲဒီဆုကို ရခဲ့တာကြောင့် ကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောခဲ့ပါတယ်” ဟု ကိုမင်းကိုနိုင်က ဧရာဝတီသို့ ပြောကြားသည်။
ကျောင်းသားငြိမ်းချမ်းရေးဆုကို ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် သူမတူအောင် ဆောင်ရွက်သော ကမ္ဘာတလွှားရှိ ကျောင်းသားသမဂ္ဂ သို့မဟုတ် ကျောင်းသားခေါင်းဆောင်ကို နော်ဝေကျောင်းသားထု ကိုယ်စား ရွေးချယ်ချီးမြှင့်ပြီး ၂ နှစ် တကြိမ် ကျင်းပနေကြ ထရွန်ဟန်း နိုင်ငံတကာ ကျောင်းသားပွဲတော်တွင် ဆုပေးအပ်သည်။
ဦးမင်းကိုနိုင်ကိုလည်း ၂၀၀၁ ခုနှစ်က ရွေးချယ်ချီးမြှင့်ခဲ့သည်။ ထိုအချိန်က အကျဉ်းကျနေ၍ ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့သောကြောင့် ပြည်ပရောက် ကျောင်းသားများက လက်ခံယူခဲ့ရသည်။
“ဒီဆုဟာ ရုပ်ဝတ္တုအားဖြစ်တော့ မရေတွက်လောက်ပါဘူး၊ ဒါပေမဲ့ အနှစ်သာရအားဖြစ်တော့ အကျဉ်းထောင် ထဲမှာ ရှိနေပြီး လဲပြိုလုလုဖြစ်နေတဲ့ ကျောင်းသားတွေအတွက် ထူတဲ့လက်၊ကမ်းတဲ့လက်ဖြစ်ခဲ့တယ်။ ဒီဆုဟာလည်း မာဂျစ်အတွက် မတ်မတ်ရပ်ဖို့ ဖြစ်လာလိမ့်မယ်။ အကျဉ်းထောင် အမှောင်ထုထဲက ဓူဝံကြယ်လို ဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာ ကျောင်းသားတွေက အကျဉ်းကျ ကျောင်းသားတွေနဲ့အတူ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်တယ်။ အတူချီတက်ရမယ့်လမ်းမှာ သံပြိုင်ဆိုရမယ့် သီချင်းလည်း ဖြစ်တယ်” ဟု အထူးမိန့်ခွန်းတွင် အီရန်ကျောင်းသားခေါင်းဆောင်ကို ရည်ညွှန်းကာ မိမိအတွေ့အကြုံနှင့် ယှဉ်၍ ထည့်သွင်းပြောဆိုခဲ့ကြောင်း ဦးမင်းကိုနိုင်က ဧရာဝတီကို ပြောပြသည်။
အီရန်ကျောင်းသားခေါင်းဆောင် မာဂျစ်သည် အီရန် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် ကျောင်းသားထုအတွင်း လှုံ့ဆော်စည်းရုံးမှုကြောင့် အီရန် အာဏာပိုင်များက ထောင်သွင်း အကျဉ်းချထားခဲ့သည်။
နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှ ကျောင်းသားကိုယ်စားလှယ် ၄၅၀ အပါအ၀င် ထရွန်ဟန်းမြို့မှ ကျောင်းသား ၄၅၀ ကျော်  စုစုပေါင်းကျောင်းသား ၉၀၀ ကျော် တက်ရောက်နေသည့် အပြည်ပြည် ဆိုင်ရာ ကျောင်းသား ညီလာခံ၌ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေး ဆိုင်ရာ ဟောပြောဆွေးနွေးမှုများ ပါ ပြုလုပ်နေရာ မြန်မာနိုင်ငံမှ ဦးမင်းကိုနိုင်နှင့် ဦးပြုံးချိုတို့လည်း တက်ရောက်နေသည်။“ကျနော်တို့ နိုင်ငံနဲ့ ဝေးကွာတဲ့ ကမ္ဘာကြီးမှာ ကျောင်းသားလူငယ်တွေဟာ နိုင်ငံတကာငြိမ်းချမ်းရေး ကို ဖော်ဆောင်နေကြတယ်။ ကျနော်တို့နိုင်ငံမှာတော့ ငြိမ်းချမ်းရေးဆိုတာ မေးခွန်းတွေနဲ့ ရှိနေတုန်းပဲ”ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ခေါင်းဆောင်တဦးလည်း ဖြစ်သည့် ဦးပြုံးချိုက ဆိုသည်။” နိုင်ငံ တကာ ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေး ပြဿနာ ချည်းကပ် အဖြေရှာပုံတွေကလည်း အတွေ့အကြုံတခု ပါပဲ” ဟုလည်း ပြောသည်။
သောကြာနေ့က ကျင်းပသည့် ထရွန်ဟန်း ကျောင်းသားပွဲတော် အလုပ်ရုံဆွေးနွေးပွဲများအတွင်း  နိုင်ငံတကာ ကျောင်းသားအဖွဲ့အစည်းများ၏ ခေတ်မှီနည်းပညာများ အသုံးပြု၍ သတင်းနှင့် အချက်အလက်များ ဖလှယ်မှု၊ ငြိမ်းချမ်းရေးဆိုင်ရာ ကွန်ယက်များ ဆက်သွယ်ဖွဲ့စည်း၍ နိုင်ငံတကာငြိမ်းချမ်းရေုး ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည် ဖော်ရန် ဆွေးနွေးကြကြောင်း သိရသည်။
နိုင်ငံတကာ ကျောင်းသားများ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် လက်တွဲပါဝင်ပြီး အာဏာရှင်တိုင်းပြည်များ ၏ အပြောင်းအလဲအတွက် နိုင်ငံတကာကျောင်းသား အဖွဲ့အစည်းများက တက်ကြွစွာ ရှိနေသည် ကို တွေ့မြင်ခဲ့ရ၍ အလွန် အားတက်မိကြောင်းလည်း ဦးမင်းကိုနိုင်က ပြောသည်။
“အခမ်းအနားအပြီး ညနေပိုင်း ငြိမ်းချမ်းရေးမီးဒုတ်တွေကိုင်ပြီး ငြိမ်းချမ်းရေးလမ်းလျှောက် ချီတက်ပွဲမှာ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံက ကျောင်းသားတွေလည်း ပါဝင်တာ မြင်ရတော့ ကျနော် အင်မတန် အားရတယ်။ တချိန်ချိန် ကမ္ဘာပေါ်မှာ ကြွင်းကျန်နေတဲ့ အာဏာရှင် တိုင်းပြည်တိုင်းကို ဆန့်ကျင် အာခံ ပြောင်း လဲပေးမယ့် ကျောင်းသားထုတွေ အသင့်ရှိနေပြီဆိုတာ  ကျနော်တွေ့ရတယ်” ဟု ဦးမင်းကိုနိုင်က ဆိုသည်။
ယခု နော်ဝေခရီးစဉ်သည် ၂၀၁၂ ခု နှစ်ဆန်းပိုင်းတွင် အကျဉ်းထောင်မှ ပြန်လည်လွတ်လာသော ဦးမင်းကိုနိုင်နှင့် ဦးပြုံးချိုတို့အတွက် ပထမဆုံး ဥရောပ ခရီးစဉ်လည်း ဖြစ်သည်။
“နော်ဝေးနိုင်ငံဟာ တကယ့်ကိုငြိမ်းချမ်းပြီး နိုင်ငံရေးတည်ငြိမ်သလို ချမ်းသာကြွယ်ဝတယ်။ ဒါပေမဲ့ သူတို့ဟာ အေးချမ်းမှု ကြွယ်ဝမှုတွေထဲမှာ နစ်မြောမနေပဲ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ ကမ္ဘာကြီးရဲ့ အခြားတဖက်က ပူလောင်မှောင်မဲတွေအောက်က သူတွေအတွက်ပါ ကြောင့်ကြစိုးရိမ်တတ်ကြတယ်” ဟု ဦးမင်းကိုနိုင် က နော်ဝေးနိုင်ငံအပေါ်မှတ်ချက်ပေးခဲ့သည်။
္ခအပြည်ပြည် ဆိုင်ရာ ကျောင်းသားပွဲတော် ကို ၁၉၉၀မှစတင်ပြီး၂နှစ် တကြိမ် နော်ဝေးနိုင်ငံ ထရွန်ဟန်းမြို့၌ ပုံမှန် ကျင်းပလေ့ရှိသည်။
သောင်္ကြာနေ့တွင် ရောက်ရှိလာသော ဦးမင်းကိုနိုင်နှင့် ဦးပြုံးချိုတို့သည် နော်ဝေးနိုင်ငံတွင် ၄ရက်ကြာ နေထိုင်မည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင် အော်စလိုသို့ သွားရောက် လည်ပတ်၍ မြန်မာများနှင့် တွေ့ဆုံမည့်အပြင် အော်စလို တက္ကသိုလ် တွင် ကျောင်းသားများ နှင့် တွေဆုံဟောပြောပွဲ လည်း ပြုလုပ်မည်ဟု သိရသည်။

ကျောက်ဖြူ မွတ်ဆလင် ဒုက္ခသည်များ ထွက်ပြေး

ကျောက်ဖြူမြို့  ကျောက်တလုံး မွတ်ဆလင် ကယ်ဆယ်ရေး ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၁၂ ဦး  ထွက်ပြေးသွားသည်ဟု သတင်းရရှိသည်။
Bangali-Camp
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကျောက်တစ်လုံးရှိ ဆားပြင်ကွင်း ဘင်္ဂါလီကယ်ဆယ်ရေးစခန်းမှ ထွက်ပြေးသွားကြခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
“ ဒီလ ၁၃ ရက်နေ့ က ထွက်ပြေးသွားတာပါ။ အဲဒီ ထွက်ပြေးသွားတဲ့ အကြောင်းကို ကျွန်တော် အထက်အရာရှိတွေကို အကြောင်းကြားထားပါတယ်။ ခုတော့ အဲဒီ ကယ်ဆယ်ရေးစခန်းကိုသွားပြီး ကျောက်ဖြူမြို့ ရဲအုပ် မြင့်ခင်တို့ အဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်” ဟု ဆိုသည်။
ထွက်ပြေးသွားသူများမှာ နူရ်ဆလင် (ခ) တင်မောင်လှ (၃၅နှစ်)၊ ကျော်အေးနိုင် (၁၈နှစ်)၊ ညီလေး (၂၅ နှစ်)၊ ဘိုတာ (ခ) သိန်း အောင် (၃၅ နှစ်)၊ မာမက်ရော်ဖီး (ခ) ဇော်လင်းထွန်း (၁၅နှစ်)၊ ရော်ဖီး (ခ) မြထွန်း (၂၀)နှစ်၊ ပျောက် ကျား (ခ) မောင်စော တင် (၄၀ နှစ်)၊  ဂျာကေ (ခ) မောင်လှ (၃၀နှစ်)၊ မျိုးအေး (၂၆နှစ်)၊ အာမီအူးဆောင်း (ခ) မောင်လှသိန်း (၂၂နှစ်)၊ ချိုလေး  (၁၃နှစ်)၊ ကာဒယ် (ခ) မောင်မောင်ချေ (၁၇ နှစ်)တို့ ဖြစ်သည်။
ထွက်ပြေးရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး အသေအချာ မသိရသေးသော်လည်း စခန်းမှ ထွက်ဆို ချက် များနှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။
“ အဲဒီနေ့ ညနေ ၇နာရီခွဲအချိန်မှာ အဲဒီလူတွေဟာ ကယ်ဆယ်ရေးစခန်းလမ်းမပေါ်မှာ ရှိနေသေးတယ်။ ဒါကြောင့် သူတို့ကို ကယ်ဆယ်ရေးစခန်းထဲကို ၀င်ကြဖို့ စခန်းက ဆယ်အိမ်မှူး ဦးရွှေသိန်းက ပြောခဲ့တယ် လို့ ပြောတယ်။ ညအိပ်ရာဝင်ရမယ့် ညဥ့် ၁၂ နာရီထိ စခန်းထဲကို ရောက်မလာတာကြောင့်  လိုက်လံ ရှာဖွေတဲ့ခါ မတွေ့တော့ဘူးလို့  ဆယ်အိမ်မှူး ဦးရွှေသိန်းက ထွက်ဆိုပါတယ်” ဟု ဆိုသည်။
ထွက်ပြေးသွားသူများအထဲမှ ၂ ဦးကိုသာ ပြန်ဖမ်းမိပြီး ကျန် ၁၀ ဦးမှ ပျောက်ဆုံးနေ သဖြင့် ကျောက်ဖြူ  ဒေသခံများ အကြား စိုးရိမ်မူလည်း တိုးပွားနေသည်ဟု သိရသည်။
ထွက်ပြေးသွား သူများကို ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပူတပြင်း လိုက်လံရှာဖွေနေသည်ဟု သတင်း ရရှိသည်။

My Blog List