နော်ဝေးနိုင်ငံ ထရွန်ဟန်းမြို့(Trondherm) ၌ ကျင်းပနေသည့် နိုင်ငံတကာ
ကျောင်းသားပွဲတော်တွင် ယခုနှစ် ကျောင်းသားငြိမ်းချမ်းရေးဆု
ချီးမြှင့်ခံရသည့် အကျဉ်းစံ အီရန် ကျောင်းသားခေါင်းဆောင်နှင့်
ဖြစ်ရပ်တူညီခဲ့သူ မြန်မာနိုင်ငံမှ ကျောင်းသားခေါင်းဆောင်ဟောင်း
ဦးမင်းကိုနိုင်က အထူးမိန့်ခွန်း ပြောကြားခဲ့သည်။
“အခု ၂၀၁၃ခုနှစ်အတွက် ကျောင်းသားငြိမ်းချမ်းရေးဆု ရတဲ့ အီရန်က
ကျောင်းသားခေါင်းဆောင် မာဂျစ် တာဗာ ကိုလီ (Majit Tavakoli) ဟာ အီရန်မှာ
အကျဉ်းကျနေတာ ၄ နှစ်လောက်ရှိပြီ။၊ ကျနော်လည်း ထောင်သက် ၁၃ နှစ် အကြာမှာ
အဲဒီဆုကို ရခဲ့တာကြောင့် ကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောခဲ့ပါတယ်” ဟု
ကိုမင်းကိုနိုင်က ဧရာဝတီသို့ ပြောကြားသည်။
ကျောင်းသားငြိမ်းချမ်းရေးဆုကို ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက်
သူမတူအောင် ဆောင်ရွက်သော ကမ္ဘာတလွှားရှိ ကျောင်းသားသမဂ္ဂ သို့မဟုတ်
ကျောင်းသားခေါင်းဆောင်ကို နော်ဝေကျောင်းသားထု ကိုယ်စား
ရွေးချယ်ချီးမြှင့်ပြီး ၂ နှစ် တကြိမ် ကျင်းပနေကြ ထရွန်ဟန်း နိုင်ငံတကာ
ကျောင်းသားပွဲတော်တွင် ဆုပေးအပ်သည်။
ဦးမင်းကိုနိုင်ကိုလည်း ၂၀၀၁ ခုနှစ်က ရွေးချယ်ချီးမြှင့်ခဲ့သည်။
ထိုအချိန်က အကျဉ်းကျနေ၍ ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့သောကြောင့် ပြည်ပရောက်
ကျောင်းသားများက လက်ခံယူခဲ့ရသည်။
“ဒီဆုဟာ ရုပ်ဝတ္တုအားဖြစ်တော့ မရေတွက်လောက်ပါဘူး၊ ဒါပေမဲ့
အနှစ်သာရအားဖြစ်တော့ အကျဉ်းထောင် ထဲမှာ ရှိနေပြီး လဲပြိုလုလုဖြစ်နေတဲ့
ကျောင်းသားတွေအတွက် ထူတဲ့လက်၊ကမ်းတဲ့လက်ဖြစ်ခဲ့တယ်။ ဒီဆုဟာလည်း မာဂျစ်အတွက်
မတ်မတ်ရပ်ဖို့ ဖြစ်လာလိမ့်မယ်။ အကျဉ်းထောင် အမှောင်ထုထဲက ဓူဝံကြယ်လို
ဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာ ကျောင်းသားတွေက အကျဉ်းကျ ကျောင်းသားတွေနဲ့အတူ
ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်တယ်။ အတူချီတက်ရမယ့်လမ်းမှာ
သံပြိုင်ဆိုရမယ့် သီချင်းလည်း ဖြစ်တယ်” ဟု အထူးမိန့်ခွန်းတွင်
အီရန်ကျောင်းသားခေါင်းဆောင်ကို ရည်ညွှန်းကာ မိမိအတွေ့အကြုံနှင့် ယှဉ်၍
ထည့်သွင်းပြောဆိုခဲ့ကြောင်း ဦးမင်းကိုနိုင်က ဧရာဝတီကို ပြောပြသည်။
အီရန်ကျောင်းသားခေါင်းဆောင် မာဂျစ်သည် အီရန် ပြည်သူများ၏
အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် ကျောင်းသားထုအတွင်း
လှုံ့ဆော်စည်းရုံးမှုကြောင့် အီရန် အာဏာပိုင်များက ထောင်သွင်း
အကျဉ်းချထားခဲ့သည်။
နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှ ကျောင်းသားကိုယ်စားလှယ် ၄၅၀ အပါအ၀င်
ထရွန်ဟန်းမြို့မှ ကျောင်းသား ၄၅၀ ကျော် စုစုပေါင်းကျောင်းသား ၉၀၀ ကျော်
တက်ရောက်နေသည့် အပြည်ပြည် ဆိုင်ရာ ကျောင်းသား ညီလာခံ၌
နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေး ဆိုင်ရာ
ဟောပြောဆွေးနွေးမှုများ ပါ ပြုလုပ်နေရာ မြန်မာနိုင်ငံမှ ဦးမင်းကိုနိုင်နှင့်
ဦးပြုံးချိုတို့လည်း တက်ရောက်နေသည်။“ကျနော်တို့ နိုင်ငံနဲ့ ဝေးကွာတဲ့ ကမ္ဘာကြီးမှာ ကျောင်းသားလူငယ်တွေဟာ
နိုင်ငံတကာငြိမ်းချမ်းရေး ကို ဖော်ဆောင်နေကြတယ်။ ကျနော်တို့နိုင်ငံမှာတော့
ငြိမ်းချမ်းရေးဆိုတာ မေးခွန်းတွေနဲ့ ရှိနေတုန်းပဲ”ဟု ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ခေါင်းဆောင်တဦးလည်း ဖြစ်သည့် ဦးပြုံးချိုက
ဆိုသည်။” နိုင်ငံ တကာ ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေး ပြဿနာ ချည်းကပ်
အဖြေရှာပုံတွေကလည်း အတွေ့အကြုံတခု ပါပဲ” ဟုလည်း ပြောသည်။
သောကြာနေ့က ကျင်းပသည့် ထရွန်ဟန်း ကျောင်းသားပွဲတော်
အလုပ်ရုံဆွေးနွေးပွဲများအတွင်း နိုင်ငံတကာ ကျောင်းသားအဖွဲ့အစည်းများ၏
ခေတ်မှီနည်းပညာများ အသုံးပြု၍ သတင်းနှင့် အချက်အလက်များ ဖလှယ်မှု၊
ငြိမ်းချမ်းရေးဆိုင်ရာ ကွန်ယက်များ ဆက်သွယ်ဖွဲ့စည်း၍
နိုင်ငံတကာငြိမ်းချမ်းရေုး ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည် ဖော်ရန်
ဆွေးနွေးကြကြောင်း သိရသည်။
နိုင်ငံတကာ ကျောင်းသားများ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင်
လက်တွဲပါဝင်ပြီး အာဏာရှင်တိုင်းပြည်များ ၏ အပြောင်းအလဲအတွက်
နိုင်ငံတကာကျောင်းသား အဖွဲ့အစည်းများက တက်ကြွစွာ ရှိနေသည် ကို တွေ့မြင်ခဲ့ရ၍
အလွန် အားတက်မိကြောင်းလည်း ဦးမင်းကိုနိုင်က ပြောသည်။
“အခမ်းအနားအပြီး ညနေပိုင်း ငြိမ်းချမ်းရေးမီးဒုတ်တွေကိုင်ပြီး
ငြိမ်းချမ်းရေးလမ်းလျှောက် ချီတက်ပွဲမှာ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံက
ကျောင်းသားတွေလည်း ပါဝင်တာ မြင်ရတော့ ကျနော် အင်မတန် အားရတယ်။ တချိန်ချိန်
ကမ္ဘာပေါ်မှာ ကြွင်းကျန်နေတဲ့ အာဏာရှင် တိုင်းပြည်တိုင်းကို ဆန့်ကျင် အာခံ
ပြောင်း လဲပေးမယ့် ကျောင်းသားထုတွေ အသင့်ရှိနေပြီဆိုတာ ကျနော်တွေ့ရတယ်” ဟု
ဦးမင်းကိုနိုင်က ဆိုသည်။
ယခု နော်ဝေခရီးစဉ်သည် ၂၀၁၂ ခု နှစ်ဆန်းပိုင်းတွင် အကျဉ်းထောင်မှ
ပြန်လည်လွတ်လာသော ဦးမင်းကိုနိုင်နှင့် ဦးပြုံးချိုတို့အတွက် ပထမဆုံး
ဥရောပ ခရီးစဉ်လည်း ဖြစ်သည်။
“နော်ဝေးနိုင်ငံဟာ တကယ့်ကိုငြိမ်းချမ်းပြီး နိုင်ငံရေးတည်ငြိမ်သလို
ချမ်းသာကြွယ်ဝတယ်။ ဒါပေမဲ့ သူတို့ဟာ အေးချမ်းမှု ကြွယ်ဝမှုတွေထဲမှာ
နစ်မြောမနေပဲ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ ကမ္ဘာကြီးရဲ့ အခြားတဖက်က
ပူလောင်မှောင်မဲတွေအောက်က သူတွေအတွက်ပါ ကြောင့်ကြစိုးရိမ်တတ်ကြတယ်” ဟု
ဦးမင်းကိုနိုင် က နော်ဝေးနိုင်ငံအပေါ်မှတ်ချက်ပေးခဲ့သည်။
္ခအပြည်ပြည် ဆိုင်ရာ ကျောင်းသားပွဲတော် ကို ၁၉၉၀မှစတင်ပြီး၂နှစ် တကြိမ် နော်ဝေးနိုင်ငံ ထရွန်ဟန်းမြို့၌ ပုံမှန် ကျင်းပလေ့ရှိသည်။
သောင်္ကြာနေ့တွင် ရောက်ရှိလာသော ဦးမင်းကိုနိုင်နှင့် ဦးပြုံးချိုတို့သည်
နော်ဝေးနိုင်ငံတွင် ၄ရက်ကြာ နေထိုင်မည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင်
အော်စလိုသို့ သွားရောက် လည်ပတ်၍ မြန်မာများနှင့် တွေ့ဆုံမည့်အပြင် အော်စလို
တက္ကသိုလ် တွင် ကျောင်းသားများ နှင့် တွေဆုံဟောပြောပွဲ လည်း ပြုလုပ်မည်ဟု
သိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment