![]() |
| ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော အာဇာနည်များ။ ဓါတ်ပုံ - RFA |
အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ အတွက် အခုလဆန်းပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူပြီး စာရေးတင်ပြ တောင်းဆိုထားတာကို ဇူလိုင်လ ၁၄ ရက်နေ့ မနေ့က ခွင့်ပြုကြောင်း တရားဝင် ခေါ်ယူ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပုလောမြို့နယ် NLD စည်း အဖွဲ့ဝင် ဦးကိန်းရှိန် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။



















