Tuesday, February 18, 2020

နိုင်ငံဘဏ္ဍာ ဆုံးရှုံးဖိတ်စင်မှုများကို လက်ထိပ်ဖြင့်ကောက်ယူဖို့အထိ တိုက်တွန်းဆွေးနွေးမှု ယနေ့ပြည်ထောင်စုလွှတ်တော်တွင်ဖြစ်ပေါ်


Image may contain: 6 people, people sitting
နိုင်ငံဘဏ္ဍာ ဆုံးရှုံးဖိတ်စင်မှုများကို လက်ထိပ်ဖြင့်ကောက်ယူဖို့အထိ တိုက်တွန်းဆွေးနွေးမှု ယနေ့ပြည်ထောင်စုလွှတ်တော်တွင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာ၊ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်စသည်တို့အပေါ်ဆွေးနွေးစဉ် NLDအမတ်တစ်ဦးဖြစ်သည့်မကွေးမဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက လက်ထိပ်ဖြင့် အရေးယူရေး ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဦးလှဆန်းက လေလွင့်ဆုံးရှုံးမှုဖြစ်ရခြင်းနှင့်စပ်လျဉ်းပြီးဌာနဆိုင်ရာအကြီးအကဲများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်၊ဦးဆောင်ညွှန်ကြားရေးမှူးတို့တွင် တာဝန်ရှိသည် ဆိုသည့် သဘောထားမှတ်ချက်ရှိကာ ၎င်းအတိုင်းပင် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးကလည်း ပြည်ထောင်စုလွှတ်တော်ကို မှတ်ချက်ပြုခဲ့သည်။

စာရင်းစစ်ချုပ်အစီရင်ခံစာအရ အစိုးရ ဌာနအချို့နှင့် အစိုးရ အဖွဲ့အစည်းအချို့တို့ကြောင့် လေလွင့်ဆုံးရှုံးခဲ့သည့်နိုင်ငံဘဏ္ဍာငွေမှာ ငွေကျပ်သန်းပေါင်း ၄သိန်းနီးပါး ရှိနေသည့်အပေါ် ကိုယ်စားလှယ် ၂ဦးက တစ်သဘောတည်းရှိခဲ့သည်။

ဦးဘိုကြီးက“အရေးယူသင့်သည်ကို အရေးယူရမှာဖြစ်ပါတယ်”ဟု ပြောသည်။

သန္နီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းဦးခမ်းကမူ ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှုများသည် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများတွင် တာဝန်ရှိကြောင်းပြောသည်။

စစ်ကိုင်းတိုင်းမဲဆန္ဒနယ်အမှတ်၁မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်သောင်းကလည်း ပြည်ထဲရေးဝန်ကြီးဌာနတွင်းဖြစ်ပေါ်ခဲ့သော ငွေအလွဲသုံးစားမှုများ၊ငွေထုတ်ပေးပြီးဖြစ်သော်လည်း လုပ်ငန်းအပ်နှံမှုမရှိမှုဖြစ်ခဲ့သော ပညာရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းပညာရေးမှူးရုံး၏ ဖြစ်စဉ်ကို ကြည့်လျှင် ဌာနတွင်းကြီးကြပ်မှုအားနည်းသည်က အထင်အရှားပါဟု ပြောကာ ဌာနတာဝန်ရှိသူများ၏ တာဝန်ခံမှု၊တာဝန်ယူမှုကိုမေးခွန်းထုတ်ခဲ့သည်ကို တွေ့ရသည်။

ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက “စာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာဖော်ပြပေမယ့် ဌာနတွင်းအရေးယူမှု၊ဥပဒေအရ အရေးယူမှုအားနည်းတာကို တွေ့နေရပါတယ်”ဟုပြောကာ ဌာနဆိုင်ရာများအတွင်း ပုလင်းတူဘူးစို့ ဖြစ်နေသလားဟုပင် ဝေဖန်ခဲ့သည်။

အင်းတော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဒေါ်ပြုံးက ကြွေးကျန်များဖြစ်ပေါ်နေမှုတွင် ဝန်ထမ်းအလွဲသုံးစားလုပ်ထားမှုကို တွေ့ရှိနေရသည်ဟုထောက်ပြသည်။

ကရင်ပြည်နယ်မဲဆန္ဒနယ်၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ခရစ္စထွန်း က လုပ်ပိုင်ခွင့်ကျော်လွန်ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ညွှန်ကြားချက်နှင့်အညီမဆောင်ရွက်သည့် ဌာနဆိုင်ရာများကို မည်ကဲ့သို့ အရေးယူမည်နည်းဟု ပြည်ထောင်စုလွှတ်တော်ကိုမေးခွန်းထုတ်ခဲ့သေးသည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List