Thursday, February 20, 2020

ယခုအစိုးရလက်ထက် ပြည်ပမှချေးယူငွေ အမေရိကန်ဒေါ်လာ ၁ဘီလီယံပင်မရှိ


No photo description available.
​နိုင်ငံတော်ပြန်ဆပ်ရန်ရှိနေသည့် ပြည်ပကြွေးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံကျော်ရှိနေကြောင်း စီမံ၊ဘဏ္ဍာ၊စက်မှုဝန်ကြီးဌာန က ပြည်ထောင်စုလွှတ်တော်ကိုပြောသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးဘိုကြီးမေးသည့်အတွက် နိုင်ငံခြားကြွေးလက်ကျန်အရေအတွက် ကို ဒုဝန်ကြီးက လွှတ်တော်မှတဆင့်ပြောခြင်းဖြစ်သည်။

ဦးဘိုကြီးက ကာလ ၃ခု၏ ကြွေးလက်ကျန်များကို ခွဲမေးခဲ့သည့်အတွက် ဒုဝန်ကြီးက ၃၀-၉-၂၀၁၉ အထိ နိုင်ငံတော်၏ ပြည်ပကြွေးကျန်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၀၀၃ဘီလီယံရှိကြောင်း၊ပထမလွှတ်တော်မတိုင်ခင်ကာလက ပြည်ပမှချေးငွေလက်ကျန် အမေရိကန်ဒေါ်လာ၆.၃၇၆ဘီလီယံ၊ပထမလွှတ်တော်သက်တမ်း ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ၃.၂၀၅ဘီလီယံ၊ယခု ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း အမေရိကန်ဒေါ်လာ ၀.၄၂၂ဘီလီယံရှိကြောင်းရှင်းလင်းပြောဆိုခဲ့သည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List