
ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ စွပ်စွဲခံအောင်ကြီးကို တရားရှင်လွှတ်ပေးခဲ့မှုအပေါ် ရဲတပ်ဖွဲ့နှင့် ခရိုင်ဥပဒေရုံးတို့က ပြင်ဆင်ချက်တက်ထားခြင်းအပေါ် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ပယ်ချလိုက်ကြောင်း သိရသည်။
“ဒီအမှုကို ဒက္ခိဏခရိုင်ဥပဒေရုံးက ပြင်ဆင်မှုတက်ရောက်ပေးဖို့ တင်ပြတာရှိသလို အမှတ်(၁)မှုခင်း ရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်)ကလည်း ပြင်ဆင်မှုတက်ရောက်ပေးဖို့ တင်ပြထားပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးအနေနဲ့ အမှုတွဲရဲ့အမှုစစ်ဆေးပေါ်ပေါက်ချက်အရ တရားရုံးအမိန့်ဟာ ဥပဒေအရ မှန်ကန်သင့်မြတ်တယ်လို့သုံးသပ်ရရှိတဲ့အတွက် ပြင်ဆင်မှုတင်သွင်းဖို့မသင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်”ဟု မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ ဦးတင်မြင့်ဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားသည်။
ဗစ်တိုးရီးယားအမှုမှ စွပ်စွဲခံအောင်ကြီးကို ဒက္ခိဏခရိုင်တရားရုံးက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ(၁၈) ရက်နေ့တွင် ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ-၂၅၃(၂)အရ တရားရှင်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“အမှုဟာ စုံစမျးထောကျလှမျးရမယျ့ကိစ်စဖြစ်တာကြောင့် ဥပဒေချုပ်ရုံးအနေနဲ့ ဆက်လက်ဆောင်ရွက် ရမယ့်အခြေအနေမရှိတော့ဘူးလို့သိရပါတယ်။ အမှုစစ်ဆေးစဉ်ကလည်း ကျူးလွန်သူဟာ အောင်ကြီး မဟုတ်သလိုလအခြားသံသယရှိလူများပေါ်ပေါက်ခဲ့သော်လည်းပဲ တရားလိုအနေနဲ့ လုံလောက်သည့် အထောက်၏အထားတွေရှိခဲ့ရင် သီးခြားအမှုဖွင့်နိုင်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး မှ ရုံးအဖွဲ့မှူး ဦးသိန်းဌေးက ပြောကြားခဲ့သည်။
နေပြည်တော်သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill ကိုယ်ပိုင်မူကြိုကျောင်းတွင်တက်နေသည့် ဗစ်တိုးရီးယား(အမည်လွှဲ)သည် ၂၀၁၉ ခုနှစ်၊ မေ(၁၇)ရက်နေ့က လိင်အကြမ်းဖက်ခံခဲ့ရသည့်အတွက် ကလေးငယ်ရဲ့ မိခင်ကိုယ်တိုင်က ဇဗ္ဗူသီရီမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ယင်းအမှုကို ဇွန်လ(၃)ရက်နေ့တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ဖြစ်သည်။
ယင်းအမှုတွင် ဗစ်တိုရီးယားလေး၏ပြောပြသောအချက်အလက်များနှင့်ကွဲလွဲနေသော ဒရိုငျဘာအောငျကွီးကို ကြူးလှနျသူဖွစျကွောငျးရဲတပျဖွဲ့ကထုတ်ပြန်ခဲ့ပြီးနောက် တရားရုံးစွဲတင်ခဲ့ရာ အောင်ကြီးမှာ ခြောက်လခန့်အချုပ်ဖြင့် အမှုရင်ဆိုင်ခဲ့ရပြီးနောက် ကျူးလွန်ခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် တရားရှင်ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ဦးရာဇ
Photo - Victor
Victoria အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် ဒက္ခိဏခရိုင်ဥပဒေရုံး၏ပြင်ဆင်ချက်ကို တိုင်း ဥပဒေချုပ်ရုံးကပယ်ချ
------- ------ ------ ----- -----
ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ စွပ်စွဲခံအောင်ကြီးကို တရားရှင်လွှတ်ပေးခဲ့မှုအပေါ် ရဲတပ်ဖွဲ့နှင့် ခရိုင်ဥပဒေရုံးတို့က ပြင်ဆင်ချက်တက်ထားခြင်းအပေါ် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ပယ်ချလိုက်ကြောင်း သိရသည်။
“ဒီအမှုကို ဒက္ခိဏခရိုင်ဥပဒေရုံးက ပြင်ဆင်မှုတက်ရောက်ပေးဖို့ တင်ပြတာရှိသလို အမှတ်(၁)မှုခင်း ရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်)ကလည်း ပြင်ဆင်မှုတက်ရောက်ပေးဖို့ တင်ပြထားပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးအနေနဲ့ အမှုတွဲရဲ့အမှုစစ်ဆေးပေါ်ပေါက်ချက်အရ တရားရုံးအမိန့်ဟာ ဥပဒေအရ မှန်ကန်သင့်မြတ်တယ်လို့သုံးသပ်ရရှိတဲ့အတွက် ပြင်ဆင်မှုတင်သွင်းဖို့မသင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်”ဟု မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ ဦးတင်မြင့်ဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားသည်။
ဗစ်တိုးရီးယားအမှုမှ စွပ်စွဲခံအောင်ကြီးကို ဒက္ခိဏခရိုင်တရားရုံးက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ(၁၈) ရက်နေ့တွင် ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ-၂၅၃(၂)အရ တရားရှင်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“အမှုဟာ စုံစမ်းထောက်လှမ်းရမယ့်ကိစ္စဖြစ်တာကြောင့် ဥပဒေချုပ်ရုံးအနေနဲ့ ဆက်လက်ဆောင်ရွက် ရမယ့်အခြေအနေမရှိတော့ဘူးလို့သိရပါတယ်။ အမှုစစ်ဆေးစဉ်ကလည်း ကျူးလွန်သူဟာ အောင်ကြီး မဟုတ်သလိုလအခြားသံသယရှိလူများပေါ်ပေါက်ခဲ့သော်လည်းပဲ တရားလိုအနေနဲ့ လုံလောက်သည့် အထောက်၏အထားတွေရှိခဲ့ရင် သီးခြားအမှုဖွင့်နိုင်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး မှ ရုံးအဖွဲ့မှူး ဦးသိန်းဌေးက ပြောကြားခဲ့သည်။
နေပြည်တော်သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill ကိုယ်ပိုင်မူကြိုကျောင်းတွင်တက်နေသည့် ဗစ်တိုးရီးယား(အမည်လွှဲ)သည် ၂၀၁၉ ခုနှစ်၊ မေ(၁၇)ရက်နေ့က လိင်အကြမ်းဖက်ခံခဲ့ရသည့်အတွက် ကလေးငယ်ရဲ့ မိခင်ကိုယ်တိုင်က ဇဗ္ဗူသီရီမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ယင်းအမှုကို ဇွန်လ(၃)ရက်နေ့တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ဖြစ်သည်။
ယင်းအမှုတွင် ဗစ်တိုရီးယားလေး၏ပြောပြသောအချက်အလက်များနှင့်ကွဲလွဲနေေသာ ဒရိုင်ဘာအောင်ကြီးကို ကျူးလွန်သူဖြစ်ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပြီးနောက် တရားရုံးစွဲတင်ခဲ့ရာ အောင်ကြီးမှာ ခြောက်လခန့်အချုပ်ဖြင့် အမှုရင်ဆိုင်ခဲ့ရပြီးနောက် ကျူးလွန်ခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် တရားရှင်ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ဦးရာဇ
Photo - Victor
No comments:
Post a Comment