Friday, February 07, 2020
မြန်မာနိုင်ငံကို တရားစွဲဆိုမှုအတွက် ဂမ်ဘီယာသမ္မတကို ကမ္ဘာ့မွတ်ဆလင်အဖွဲ့ထုတ်ဖော်ချီးကျူး
Image may contain: 2 people, people standing
ကမ္ဘာ့မွတ်ဆလင်အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အဗ္ဗဒူလာ အာမက်အဘူဘက်ကာ အယ်မာရှ် ဟောဦးဆောင်တဲ့အထူးကိုယ်စားပြုအဖွဲ့ကို ဂမ်ဘီယာသမ္မတအက်ဒါမာ ဘားရိုးက ဖေဖော်ဝါရီ ၅ ရက် ဗုဒ္ဓဟူးနေ့က မြို့တော်ဘန်ဂျူမှာရှိတဲ့နိုင်ငံတော်စံအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
“ဂမ်ဘီယာရဲ့အားထုတ်မှုတွေနဲ့အတူ ရပ်တည်ပေးမယ်။ မွတ်ဆလင်ကမ္ဘာမှာ ခေါင်းဆောင်ဖြစ်တဲ့ ကမ္ဘာ့မွတ်ဆ လင်အဖွဲ့ကြီးက စိုးရိမ်နေလို့ ဒီပြဿနာကိုဖြေရှင်းဖို့ ငြိမ်းချမ်းတဲ့နည်လမ်းတွေအားလုံးသုံးဖို့ ကတိပြုထားတယ် ဆိုတာ ကျွန်တော်တို့ သမ္မတကြီးကို အာမခံခဲ့ပါတယ်” လို့ ပြောတဲ့အပြင် ဒီအားထုတ်မှုအတွက် နောက်ထပ် အဆင့်တွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့လည္း ေျပာတာပါ။
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေနဲ့ မွတ်ဆလင်တွေအားလုံးကို ကူညီဖို့ ဂမ်ဘီယာအစိုးရနဲ့ ကမ္ဘာ့မွတ်ဆလင်အဖွဲ့ကြီးတို့ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒပြင်းပြင်ထန်ထန်ရှိတယ်လို့ လည်း ကိုယ်စားပြုအဖွဲ့ကဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အဗ္ဗဒူရာမန် မိုဟာမက် အယ်မက်တာလည်းပါဝင်တဲ့ ကိုယ်စားပြုအဖွဲ့ကို နိုင်ငံတော်စံအိမ်ဆီ အစ္စလာမ်မစ်ပူးပေါင်းဆောင် ရွက်ရေးအသင်း(အိုအိုင်စီ)ဆိုင်ရာ ဂမ်ဘီယာသံတမန်နှင့် အမြဲတမ်းကိုယ်စားလှယ် အိုမာဂီဘရယ်ဆယ်လာက ဦးဆောင်ခဲ့ပါတယ်။
Source - Voice Gambia
Photo - Voice Gambia
(Unicode)
မြန်မာနိုင်ငံကို တရားစွဲဆိုမှုအတွက် ဂမ်ဘီယာသမ္မတကို ကမ္ဘာ့မွတ်ဆလင်အဖွဲ့ထုတ်ဖော်ချီးကျူး
…………………………………………………………
ဘန်ဂျူ၊ ဖေဖော်ဝါရီ - ၆
ကမ္ဘာ့မွတ်ဆလင်အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အဗ္ဗဒူလာ အာမက်အဘူဘက်ကာ အယ်မာရှ် ဟောဦးဆောင်တဲ့အထူးကိုယ်စားပြုအဖွဲ့ကို ဂမ်ဘီယာသမ္မတအက်ဒါမာ ဘားရိုးက ဖေဖော်ဝါရီ ၅ ရက် ဗုဒ္ဓဟူးနေ့က မြို့တော်ဘန်ဂျူမှာရှိတဲ့နိုင်ငံတော်စံအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)မှာ တရားစွဲဆိုခဲ့တဲ့ကိစ္စအတွက်နဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂြာ ဟုဖောျပွထား)တှကေို ပိုကယျဆယျနိုငျတော့မယျ့ကွားဖြတ်ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေရအောင် သိ သာတဲ့ခြေလှမ်းတွေအတွက် အဖွဲ့ကြီးရဲ့ ကျေးဇူးတင်ချီးကျူးစကားတွေပို့ပေးဖို့ ကိုယ်စားလှယ်အဖွဲ့က ဂမ် ဘီယာနိုင်ငံရောက်လာတာပါ။ ကမ္ဘာအနှံ့က မွတ်ဆလင်နိုင်ငံကိုသက်ရောက်မှုရှိနေတဲ့ပဋိပက္ခတွေနဲ့ ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ကိစ္စအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်ရဖို့ အဖွဲ့ကြီးရဲ့အားထုတ်မှုတွေကို အယ်မက်တာက တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကိုထပ်ပြောပါတယ်။
“ဂမ်ဘီယာရဲ့အားထုတ်မှုတွေနဲ့အတူ ရပ်တည်ပေးမယ်။ မွတ်ဆလင်ကမ္ဘာမှာ ခေါင်းဆောင်ဖြစ်တဲ့ ကမ္ဘာ့မွတ်ဆ လင်အဖွဲ့ကြီးက စိုးရိမ်နေလို့ ဒီပြဿနာကိုဖြေရှင်းဖို့ ငြိမ်းချမ်းတဲ့နည်လမ်းတွေအားလုံးသုံးဖို့ ကတိပြုထားတယ် ဆိုတာ ကျွန်တော်တို့ သမ္မတကြီးကို အာမခံခဲ့ပါတယ်” လို့ ပြောတဲ့အပြင် ဒီအားထုတ်မှုအတွက် နောက်ထပ် အဆင့်တွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ပြောတာပါ။
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေနဲ့ မွတ်ဆလင်တွေအားလုံးကို ကူညီဖို့ ဂမ်ဘီယာအစိုးရနဲ့ ကမ္ဘာ့မွတ်ဆလင်အဖွဲ့ကြီးတို့ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒပြင်းပြင်ထန်ထန်ရှိတယ်လို့ လည်း ကိုယ်စားပြုအဖွဲ့ကဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အဗ္ဗဒူရာမန် မိုဟာမက် အယ်မက်တာလည်းပါဝင်တဲ့ ကိုယ်စားပြုအဖွဲ့ကို နိုင်ငံတော်စံအိမ်ဆီ အစ္စလာမ်မစ်ပူးပေါင်းဆောင် ရွက်ရေးအသင်း(အိုအိုင်စီ)ဆိုင်ရာ ဂမ်ဘီယာသံတမန်နှင့် အမြဲတမ်းကိုယ်စားလှယ် အိုမာဂီဘရယ်ဆယ်လာက ဦးဆောင်ခဲ့ပါတယ်။
Source - Voice Gambia
Photo - Voice Gambia
#PeopleMedia #Gambia #Myanmar #ICJ #MuslimWorld League
No comments:
Post a Comment
My Blog List