Friday, February 07, 2020

တပ်တွင်းမဲရုံအားလုံးကို တပ်ပြင်ပတွင်ထားရှိမည်ဖြစ် တပ်တွင်း၌မူ ဝင်ရောက်မဲဆွယ်ရန် မဖြစ်နိုင်ဟု ဆို


Image may contain: 1 person
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံအားလုံးကို တပ်ပြင်ပတွင်ထားရှိမည်ဖြစ်ြပီး၊တပ်တွင်း ၌မူနိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရန်မှာ မဖြစ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောကြားသည်။
(ဖေဖော်ဝါရီ ၆ ) မွန်းလွဲပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မဲစာရင်းပြုစုရာတွင် တပ်မိသားစုများသည် ရပ်ကွက်နေပြည်သူများနှင့် နီးပါက ပြည်သူများနှင့်အတူရော၍ မဲစားရင်းပြုစုရမည်ဖြစ်ပြီး မဲရုံကိုလည်း တပ်နှင့် ရပ် ကွက်နီးသည့်နေရာတွင် သတ်မှတ်သွားမည်ဟု ဆိုသည်။

ဦးမြင့်နိုင်က ''တချို့တပ်ကကြတော့ ရပ်ကွက်နဲ့ အင်မတန်ဝေးတယ်။ ဝေးတဲ့နေရာကြတော့လည်းပဲ။ ဒီမဲရုံတွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းေတြ။လေ့လာသူတွေ အလွယ်တကူဝင်ထွက်ကြည့်ရှုနိုငအောင်တပ်ရဲ့ပြင်ပမှာထားမယ်။ အဓိကတော့ တပ် ရဲ့ပြင်ပမှာပဲ မဲရုံတွေရှိမယ်'' ဟုပြောကြားသည်။

ထို့ကြောင့် နှစ်နည်းကွဲသွားမည်ဖြစ်ကာ တပ်သာ သီးသန့်ရှိသည့်နေရာများတွင် တပ်မိသားစုဝင်များသည် တပ်မဲရုံတွင်မဲပေးရမည်ဖြစ်ြပီး မဲရုံကိုမူ တပ်ပြင်ပတွင် ထားရှိမည်ဖြစ်သည်။

"တပ်မတော်နဲ့ အတူနေမိသားစုတွေနဲ့ ရပ်ကွက်နဲ့ နီးနေရင်တော့ ရပ်ကွက်မဲစာရင်းပြုစုထားတဲ့ အတိုင်းပဲ ကျွန်တော်တို့က။ အရင်းလည်းပဲ အဲဒီလိုရှိပါတယ်။ အရင်လည်းပဲ ရပ်ကွက်က၊ ကျေးရွာက မဲဆန္ဒရှင်တွေနဲ့ တပ်ကမိသားစုတွေပေါင်းပြီးတော့ စုစည်းထားတဲ့ မဲရုံက ဘယ်နှစ်ရုံတယ်။ တပ်ကြီးပဲသပ်သပ် ဘယ်လို ရှိတယ်။ ဒါလည်း စာရင်းဇယားနဲ့ ပြုစုထားပါတယ်'' ဟု ဦးမြင့်နိုင်ကပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံ ၈၀၀ ကျော်ခန့်၊ တပ်ပြင်ပရှိတပ်မဲရုံသီးသန့်၁၅၀ကျော်၊ ရပ်/ကျေးှ နှင့် ပူးတွဲထားသည့် မဲရုံမှာ ၁၃၀ ကျော်ရှိသည်ဟု ဆိုသည်။

အကြမ်းဖျင်း လျာထားချက်အရ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ တပ်မဲရုံသီးသန့် ၆၀၀ ကျော်၊ ရပ်/ကျေးနှင့် ပူးတွဲထားသည့် မဲရုံ ၃၀၀ ကျော် ၄၀၀ နီးပါးရှိမည် ဖြစ် သည်ဟု ၎င်းကပြောကြားသည်။

ဆက်လက်၍ ဦးမြင့်နိုင်က '' အဲဒီမှာ ကျွန်တော်တို့က မဲရုံ ဆောက်လုပ်ဖို့ကိုပါ လျာထားလိုက်တော့။ ယာယီမဲရုံ ဆောက်လုပ်ပေးရမယ်ဆိုလို့ရှိရင် တပ်မဲရုံသီးသန့် အနေနဲ့က ၁၅၀ ကျော်လောက်၊ ရပ်/ကျေးနဲ့ လုပ်တဲ့မဲရုံက တင်ပြတဲ့ စာရင်းဇယားအရ တစ်ရံလောက်ပဲ လုပ်ရမယ်" ဟု ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်း၌ ဝင်ပြီး မဲဆွယ် မည်ဆိုပါက ကော်မရှင်က ခွင့်ပြုနိုင်ခြေရှိသလား ဆိုသည့်မေးခွန်းနှင့် ပတ်သက်ပြီး ဦးမြင့်နိုင်က '' တပ်ထဲမှာဝင်ပြီး မဲစည်းရုံးဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့နော်'' ဟု ဖြေကြားသွားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရမည်ဟု အာမခံ ထားသည်။

အောင်ရဲနောင်
The Ladies News

တပ်တွင်းမဲရုံအားလုံးကို တပ်ပြင်ပတွင်ထားရှိမည်ဖြစ်
တပ်တွင်း၌မူ ဝင်ရောက်မဲဆွယ်ရန် မဖြစ်နိုင်ဟု ဆို

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံအားလုံးကို တပ်ပြင်ပတွင်ထားရှိမည်ဖြစ်ပြီး၊တပ်တွင်း ၌မူနိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရန်မှာ မဖြစ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ကပြောကြားသည်။

(ဖေဖော်ဝါရီ ၆ ) မွန်းလွဲပိုင်းက နေပြည်တော် ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မဲစာရင်းပြုစုရာတွင် တပ်မိသားစုများသည် ရပ်ကွက်နေပြည်သူများနှင့် နီးပါက ပြည်သူများနှင့်အတူရော၍ မဲစားရင်းပြုစုရမည်ဖြစ်ပြီး မဲရုံကိုလည်း တပ်နှင့် ရပ် ကွက်နီးသည့်နေရာတွင် သတ်မှတ်သွားမည်ဟု ဆိုသည်။

ဦးမြင့်နိုင်က ''တချို့တပ်ကကြတော့ ရပ်ကွက်နဲ့ အင် မတန်ဝေးတယ်။ ဝေးတဲ့နေရာကြတော့လည်းပဲ။ ဒီမဲရုံတွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ။လေ့လာသူတွေ အလွယ်တကူဝင်ထွက်ကြည့်ရှုနိုင်အောင်တပ်ရဲ့ပြင်ပမှာထားမယ်။ အဓိကတော့ တပ် ရဲ့ပြင်ပမှာပဲ မဲရုံတွေရှိမယ်'' ဟုပြောကြားသည်။

ထို့ကြောင့် နှစ်နည်းကွဲသွားမည်ဖြစ်ကာ တပ်သာ သီးသန့်ရှိသည့်နေရာများတွင် တပ်မိသားစုဝင်များသည် တပ်မဲရုံတွင်မဲပေးရမည်ဖြစ်ပြီး မဲရုံကိုမူ တပ်ပြင်ပတွင် ထားရှိမည်ဖြစ်သည်။

"တပ်မတော်နဲ့ အတူနေမိသားစုတွေနဲ့ ရပ်ကွက်နဲ့ နီးနေရင်တော့ ရပ်ကွက်မဲစာရင်းပြုစုထားတဲ့ အတိုင်းပဲ ကျွန်တော်တို့က။ အရင်းလည်းပဲ အဲဒီလိုရှိပါတယ်။ အရင်လည်းပဲ ရပ်ကွက်က၊ ကျေးရွာက မဲဆန္ဒရှင်တွေနဲ့ တပ်ကမိသားစုတွေပေါင်းပြီးတော့ စုစည်းထားတဲ့ မဲရုံက ဘယ်နှစ်ရုံတယ်။ တပ်ကြီးပဲသပ်သပ် ဘယ်လို ရှိတယ်။ ဒါလည်း စာရင်းဇယားနဲ့ ပြုစုထားပါတယ်'' ဟု ဦးမြင့်နိုင်ကပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံ ၈၀၀ ကျော်ခန့်၊ တပ်ပြင်ပရှိတပ်မဲရုံသီးသန့်၁၅၀ကျော်၊ ရပ်/ကျေးှ နှင့် ပူးတွဲထားသည့် မဲရုံမှာ ၁၃၀ ကျော်ရှိသည်ဟု ဆိုသည်။

အကြမ်းဖျင်း လျာထားချက်အရ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ တပ်မဲရုံသီးသန့် ၆၀၀ ကျော်၊ ရပ်/ကျေးနှင့် ပူးတွဲထားသည့် မဲရုံ ၃၀၀ ကျော် ၄၀၀ နီးပါးရှိမည် ဖြစ် သည်ဟု ၎င်းကပြောကြားသည်။

ဆက်လက်၍ ဦးမြင့်နိုင်က '' အဲဒီမှာ ကျွန်တော်တို့က မဲရုံ ဆောက်လုပ်ဖို့ကိုပါ လျာထားလိုက်တော့။ ယာယီမဲရုံ ဆောက်လုပ်ပေးရမယ်ဆိုလို့ရှိရင် တပ်မဲရုံသီးသန့် အနေနဲ့က ၁၅၀ ကျော်လောက်၊ ရပ်/ကျေးနဲ့ လုပ်တဲ့မဲရုံက တင်ပြတဲ့ စာရင်းဇယားအရ တစ်ရံလောက်ပဲ လုပ်ရမယ်" ဟု ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်း၌ ဝင်ပြီး မဲဆွယ် မည်ဆိုပါက ကော်မရှင်က ခွင့်ပြုနိုင်ခြေရှိသလား ဆိုသည့်မေးခွန်းနှင့် ပတ်သက်ပြီး ဦးမြင့်နိုင်က '' တပ်ထဲမှာဝင်ပြီး မဲစည်းရုံးဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့နော်'' ဟု ဖြေကြားသွားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရမည်ဟု အာမခံ ထားသည်။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List