Thursday, January 23, 2020

ICJ က မြန်မာနိုင်ငံမှ အာဏာအသုံးချ ပြစ်မှုကျူးလွန်သူများကို အရေးယူမှု ပြည်တွင်းအရပ်ဘက်အဖွဲ့ ၁၀၃ ခုက ထောက်ခံကြိုဆို

Image may contain: textNo photo description available.
အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) က မြန်မာနိုင်ငံမှ အာဏာအသုံးချ၍ အကြမ်းဖက်မှု ကျူးလွန်ကြသူများကို အရေးယူမှုကို ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ၁၀၃ ခုက ထောက်ခံကြိုဆိုကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးယုံကြည်ချက်၊ ဘာသာရေးယုံကြည်ချက်နှင့် လူမျိုးရေး ဖြစ်တည်မှု ကွဲပြားမှုများကို နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး အရ တိုက်ရိုက်ဖြစ်စေ၊ ဥပဒေ၊ မူဝါဒများကို အသုံးပြု၍ ဖြစ်စေ အနိုင်အထက် အကြမ်းဖက် ကျူးလွန်မှုများ လက်ရှိကာလအထိ ရှိနေဆဲ၊ ဖြစ်နေဆဲဖြစ်ကြောင်း၊ အဆိုပါ အနိုင်အထက် အကြမ်းဖက်မှုများကို ကျူးလွန်ကြသူများသည် နိုင်ငံရေးနှင့်စစ်ရေးအာဏာ၊ ယန္တရားနှင့် လုပ်ပိုင်ခွင့်များကို အသုံးချခွင့် ရသည့်အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ တရားစီရင်ရေး မဏ္ဍိုင်သည် အဆိုပါကျူးလွန်သူများကို အပြစ်ပေး အရေးယူရန် မဆောင်ရွက်နိုင်သောကြောင့် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်ခွင့်ရ နေကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ၊ နိုင်ငံတကာတရားရုံးနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးများတွင် နိုင်ငံတကာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်များသည် နိုင်ငံတကာဥပဒေများအရ အရေးယူပြီး မြန်မာပြည်သူများကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ဒီမိုကရေစီထွန်းကားရေး အခွင့်အရေး ၊ လူ့အခွင့်အရေးမြှင့်တင်ရေး နှင့်တရားမျှတမှု ရရှိရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေသည့် ဆောင်ရွက်မှု အဖြစ် လက်ခံကြိုဆိုကြောင်း ဖော်ပြထားသည်။
"ဒီကြေညာချက်ရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံတကာတရားရုံးရဲ့ လုပ်ဆောင်ချက်တွေကိုကြိုဆိုတယ်။ နောက်တစ်ခု နိုင်ငံတကာတရားရုံးမှာ တရားစွဲတာဟာ မြန်မာပြည်သူတွေကို တရားစွဲတာမဟုတ်ဘူး။ အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကို တရားစွဲတယ်ဆိုတာ ရှင်းလင်းစေဖို့ပါ" ဟု Generation Wave မှ ဒေါ်အိအိမိုးက ရှင်းပြသည်။
အရပ်ဘက်အဖွဲ့အစည်း ၁၀၃ ခုက နိုင်ငံတကာတရားရုံးအနေဖြင့် အာဏာအသုံးချ ကျူးလွန်မှုများနှင့်ပတ်သက်၍ အမှန်တရားကို ဖော်ထုတ်ရမည်ဖြစ်ပြီး တရားမျှတမှုအတွက် တာဝန်ယူ ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ အမှန်တရား၊ တရားမျှတမှုဘက်မှ ရပ်တည်ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ကြေညာသည်။
ဇန်နဝါရီ ၂၃ ရက်နေ့တွင် ICJ က မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ် ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်မည်ဖြစ်သည်။
Image may contain: text
No photo description available.
Image may contain: text

No comments:

Post a Comment

My Blog List