Friday, January 24, 2020

တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ထွက်ခွာရန် ကြိုးစားနေကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီ ပြော

Image may contain: 2 people, people sitting
တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ထွက်ခွာရန် ကြိုးစားနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
ဇန်နဝါရီ ၂၃ ရက် မေပြည်တော်တွင် ကျင်းပသော တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ကော်မတီ ဒုက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ တစ်ညီတစ်ညွတ်တည်း တာဝန်တွေ ထမ်းဆောင်နိုင်ပြီဆိုလို့ရှိရင် ကျွန်တော်တို့ တပ်မတော်က တပ်မတော်တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့်ရှိနေပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဒီအခြေအနေကို အမျိုးသားနိုင်ငံရေးတာဝန်အရ သမိုင်းပေး တာဝန်ဖြစ်ပါတယ်။ ဘယ်သူကမှ ပေးထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အတိတ်သမိုင်းက ပေးထားတဲ့ သင်ခန်းစာတွေအပေါ်မှာ ဒီတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အမြန်ဆုံးလည်း တည်ငြိမ်စေချင်တယ်။ အေးချမ်းစေချင်တယ်။ ဒါအားလုံး ပူးပေါင်းမှ ဖြစ်မှာပါ။ တပ်မတော်တစ်ခုတည်း လုပ်လို့မရပါဘူး။ တပ်မတော်အနေနဲ့လည်း ကြိုးစားနေတယ်”ဟု ၎င်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်တွင်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ လွှတ်တော်သို့ အမည်စာရင်းတင်သွင်းခွင့်ရှိပြီး အလားတူ ဒုသမ္မတ တစ်ဦး၊ နယ်စပ်ရေးရာဝန်ကြီး ၊ပြည်ထဲရေးဝန်ကြီး ၊ကာကွယ်ရေးဝန်ကြီး ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးတို့အား အမည်စာရင်းတင်သွင်းခွင့်ရှိကြောင်း သိရသည်။
“မေးခွန်းတွေကို ခြုံပြီး ကျွန်တော်ဖြေပေးပါမယ်။ တပ်မတော်နိုင်ငံရေးက ဘယ်တော့ ထွက်မလဲဆိုတာမျိုး၊ ဒါတွေလည်းပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်အကြိမ်ကြိမ် ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ အဓိကတော့ (၂)ချက်ပေါ့လေ။ နိုင်ငံရေးအရ အာမခံချက်ရှိပြီးတော့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိတဲ့အချိန် ဆိုတာမျိုး ဒါတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ပြောထားပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။
Image may contain: 1 person

မင်းသီဟန် ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>
တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ထွက်ခွာရန် ကြိုးစားနေကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီ ပြော

တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ထွက်ခွာရန် ကြိုးစားနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီမှ ဥက္ကဋ္ဌ ဗိုလ် ချုပ်ထွန်းထွန်းညီက ပြောသည်။
ဇန်နဝါရီ ၂၃ ရက် မေပြည်တော်တွင် ကျင်းပသော တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ကော်မတီ ဒုက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ တစ်ညီတစ်ညွတ်တည်း တာဝန်တွေ ထမ်းဆောင်နိုင်ပြီဆိုလို့ရှိရင် ကျွန်တော်တို့ တပ်မတော်က တပ်မတော်တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့်ရှိနေပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဒီအခြေအနေကို အမျိုးသား နိုင်ငံရေး တာဝန်အရ သမိုင်း ပေး တာဝန်ဖြစ်ပါတယ်။ ဘယ်သူကမှ ပေးထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အတိတ်သမိုင်းက ပေးထားတဲ့ သင်ခန်းစာတွေ အပေါ်မှာ ဒီတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အမြန်ဆုံးလည်း တည်ငြိမ်စေချင်တယ်။ အေးချမ်းစေချင်တယ်။ ဒါအား လုံး ပူးပေါင်းမှ ဖြစ်မှာပါ။ တပ်မတော်တစ်ခုတည်း လုပ်လို့မရပါဘူး။ တပ်မတော်အနေနဲ့လည်း ကြိုးစားနေတယ်”ဟု ၎င်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်တွင်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ လွှတ်တော်သို့ အမည်စာရင်းတင်သွင်းခွင့်ရှိပြီး အလားတူ ဒုသမ္မတ တစ်ဦး၊ နယ်စပ်ရေးရာဝန်ကြီး ၊ပြည်ထဲရေးဝန်ကြီး ၊ကာကွယ်ရေးဝန်ကြီး ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတို့အား အမည်စာရင်း တင်သွင်းခွင့်ရှိကြောင်း သိရသည်။
“မေးခွန်းတွေကို ခြုံပြီး ကျွန်တော်ဖြေပေးပါမယ်။ တပ်မတော်နိုင်ငံရေးက ဘယ်တော့ ထွက်မလဲဆိုတာမျိုး၊ ဒါတွေလည်းပဲ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်အကြိမ်ကြိမ် ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ အဓိကတော့ (၂)ချက်ပေါ့လေ။ နိုင်ငံရေး အရ အာမခံချက်ရှိပြီးတော့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိတဲ့အချိန် ဆိုတာမျိုး ဒါတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ပြောထားပါတယ်” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ထပ်မံဖြည့်စွက်ပြော ကြားခဲ့ သည်။


မင်းသီဟန် ( အကုန်သိ သတင်းဌာန )

No comments:

Post a Comment

My Blog List