Friday, January 24, 2020

အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာအပေါ်ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်၊တောင်းဆိုထားသည့် အချက် ၂ချက်လုံးကို ပယ်ချ

Image may contain: 2 people, people sittingImage may contain: 1 person, sitting
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ )သို့လျှောက်ထား သည့်အမှု နှင့်ပတ်သက်၍ ယနေ့တွင် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။

မြန်မာဘက်က တောင်းဆိုထားသည့်အချက် ၂ချက်ဖြစ်သည့် (၁)အမှုစာရင်းမှ လုံးဝပယ်ဖျက်ပေးရန်(၂)မပယ်ဖျက်ပေးနိုင်ပါက ဂမ်ဘီယာဘက်မှတောင်းဆိုထားသည့် ကြားဖြတ်စီမံချက်များဆောင်ရွက်ရန် အမိန့်ကိုမချမှတ်ရန် ဆိုသည့်အချက်များကို ပယ်ချလိုက်ပြီး ဂမ်ဘီယာဘက်မှတောင်းဆိုထားသည့် အချက် ၆ချက်အစား ၄ချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ )အတည်ပြုပေးလိုက်သည်ဟုသိရသည်။
ယင်း၄ ချက်မှာ(၁) ရိုဟင်ဂျာ(နိုင်ငံတကာတရားရုံး၏ပြောကြားသည့်အခေါ်အဝေါ်)များ ကို လူမျိုးတုန်းသတ်ဖြတ်မှုဟု ယူဆနိုင်သည့် ဦးတည်သွားစေနိုင်သည့် အရာအားလုံး ကို မြန်မာအစိုးရ ကရပ်တန့်ပေးရန်(၂) မြန်မာစစ်တပ်၊ ပြည်သူ့စစ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များက ဂျီနိုဆိုက် ထပ် မံ မကျူးလွန် နိုင်အောင်ဟန့်တားပေးရန်(၃) မြန်မာက သက်သေ အထောက်အထားများကို မဖျက်ဆီးရန်နှင့်(၄) အမိန့်ချသည့်နေ့မှ လေးလအတွင်း ဆောင်ရွက်မှုအားလုံးကို အစီရင်ခံစာ တင်ပြရန်နှင့် နောက်ဆုံး အမိန့် မချခင် ခြောက်လ တစ်ကြိမ် တရားရုံးသို့အစီရင်ခံစာတင်သွင်းရန် တို့ဖြစ်သည်။
ဂမ်ဘီယာနိုင်ငံကတောင်းဆိုထားသည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့များနှင့်အခြားကုလသမဂ္ဂအဖွဲ့များကို စုံစမ်းစစ်ဆေးရေးထဲပါဝင်ခွင့်ပြုရန် နှင့် မြန်မာနှင့်ဂမ်ဘီယာတို့ အနေဖြင့်အခြေအနေဆိုးစေသည်များမလုပ်ရန် ဆိုသည့် အချက်တို့ကိုမူ ကြားဖြတ်အမိန့်ထဲထည့်၍ ဆုံးဖြတ်ခဲ့ခြင်းမျိုးမလုပ်ခဲ့ပေ။
ယခုကြားဖြတ်ဆုံးဖြတ်ချက်တစ်ရပ်သည် အမှု နိုင်ခြင်း၊ရှုံးခြင်းနှင့်သက်ဆိုင်ခြင်းမရှိဟုသိရသည်။
Image may contain: one or more people
Image may contain: 2 people, people sitting
Myanmar Harp

No comments:

Post a Comment

My Blog List