Wednesday, January 15, 2020

ရန်ကုန်ရှိ အားကစားကွင်းများမှ ဆိုင်ခန်းငှားရမ်းခများ ပြန်လည်စိစစ်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီတင်ပြ

Image may contain: 1 person, standing
ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် အားကစားကွင်းများမှ ဆိုင်ခန်းငှားရမ်းခများအား တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပြန် လည်စိစစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ အဖွဲ့ဝင် ဦးမိုးမြင့်က လွှတ် တော်သို့ ပြောဆိုသည်။
ဇန်နဝါရီလ (၁၄)ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“အောင်ဆန်းကွင်းကတော့ ပြန်လည်ပြုပြင်မှာဖြစ်တဲ့အတွက် ဆိုင်ခန်းငှားရမ်းမှုတွေ မရှိတော့ပေမယ့် ကျန်တဲ့(၆)ကွင်းကတော့ ဆိုင်ခန်းနေရာတွေကို ငှားရမ်းထားမှုများရှိနေပါတယ်။ အဲဒီကွင်းတွေထဲက စလင်းကွင်းနဲ့ ပဒုမ္မာကွင်းတို့က ဆိုင်ခန်းငှားခတွေဟာ လက်ရှိပြင်ပ ပေါက်စျေးနဲ့ နှိုင်းယှဉ်ပါက များစွာနည်းပါးနေပြီးတော့ ဆိုင်ခန်းတွေကို အပျောက်ရောင်းထားတာတွေလည်း ရှိနေ ပါတယ်။ အခြားကွင်းတွေက ဆိုင်ခန်းငှားခတွေကိုလည်း နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှု မရှိအောင် ပြန်လည်စိစစ်သင့်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ အဖွဲ့ဝင် ဦးမိုးမြင့်က လွှတ်တော်သို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့ရှိ အားကစားကွင်း (၇)ကွင်း၏ မြေနေရာအပါအဝင် ဆိုင်ခန်းများကို ငှားရမ်းစာ ချုပ်များ ချုပ်ဆိုထားခြင်းဖြစ်သည်။
နိုင်ငံတော်ပိုင် မြေနှင့်အဆောက်အဦများကို ငှားရမ်းရာတွင် နိုင်ငံတော်သမ္မတရုံ၏ ညွှန်ကြားချက်အရ မြေနှင့်စီမံခန့်ခွဲမှုအဖွဲ့၏ အ ကြံဉာဏ်များ ရယူဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာက အကြံပြုထားသည်။
ရန်ကုန်မြို့တွင် အားကစားကွင်းနေရာများအပြင် အားကစာနှင့် ကာယပညာဦးစီးဌာနပိုင်မြေနေရာများ ငှားရမ်းမှုများလည်းရှိရာ ကမာရွတ်မြို့နယ် အင်ယားလမ်းရှိ မြေဧက ၉.၇၆၂ ဧကနှင့် ၀.၅၆ ဧကအား စိမ်းလန်စိုပြေဥယျာဉ်နှင့် ကော်ဖီဆိုင်ဖွင့် လှစ်ရန် အတွက် စိမ်းလန်းကမ္ဘာကုမ္ပဏီသို့ ကျပ် ၀.၈၅ သန်းနှုန်းဖြင့် ငှားရမ်းခဲ့ရာမှ ကျပ် ၅.၅ သန်းနှုန်းဖြင့် တိုးမြှင့်ငှားရမ်းရန် သတ်မှတ် ခဲ့သော်လည်း တိုးမြှင့်ခြင်း မရှိခဲ့ပေ။
Image may contain: sky and outdoor
ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ရန်ကုန်ရှိ အားကစားကွင်းများမှ ဆိုင်ခန်းငှားရမ်းခများ ပြန်လည်စိစစ်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီတင်ပြ
------ ထက်ဝေလင်း ( အကုန်သိ သတင်းဌာန ) ------
ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် အားကစားကွင်းများမှ ဆိုင်ခန်းငှားရမ်းခများအား တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပြန် လည်စိစစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ အဖွဲ့ဝင် ဦးမိုးမြင့်က လွှတ် တော်သို့ ပြောဆိုသည်။
ဇန်နဝါရီလ (၁၄)ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“အောင်ဆန်းကွင်းကတော့ ပြန်လည်ပြုပြင်မှာဖြစ်တဲ့အတွက် ဆိုင်ခန်းငှားရမ်းမှုတွေ မရှိတော့ပေမယ့် ကျန်တဲ့(၆)ကွင်းကတော့ ဆိုင်ခန်းနေရာတွေကို ငှားရမ်းထားမှုများရှိနေပါတယ်။ အဲဒီကွင်းတွေထဲက စလင်းကွင်းနဲ့ ပဒုမ္မာကွင်းတို့က ဆိုင်ခန်းငှားခတွေဟာ လက်ရှိပြင်ပ ပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက များစွာနည်းပါးနေပြီးတော့ ဆိုင်ခန်းတွေကို အပျောက်ရောင်းထားတာတွေလည်း ရှိနေ ပါတယ်။ အခြားကွင်းတွေက ဆိုင်ခန်းငှားခတွေကိုလည်း နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှု မရှိအောင် ပြန်လည်စိစစ်သင့်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ အဖွဲ့ဝင် ဦးမိုးမြင့်က လွှတ်တော်သို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့ရှိ အားကစားကွင်း (၇)ကွင်း၏ မြေနေရာအပါအဝင် ဆိုင်ခန်းများကို ငှားရမ်းစာ ချုပ်များ ချုပ်ဆိုထားခြင်းဖြစ်သည်။
နိုင်ငံတော်ပိုင် မြေနှင့်အဆောက်အဦများကို ငှားရမ်းရာတွင် နိုင်ငံတော်သမ္မတရုံ၏ ညွှန်ကြားချက်အရ မြေနှင့်စီမံခန့်ခွဲမှုအဖွဲ့၏ အ ကြံဉာဏ်များ ရယူဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာက အကြံပြုထားသည်။
ရန်ကုန်မြို့တွင် အားကစားကွင်းနေရာများအပြင် အားကစာနှင့် ကာယပညာဦးစီးဌာနပိုင်မြေနေရာများ ငှားရမ်းမှုများလည်းရှိရာ ကမာရွတ်မြို့နယ် အင်ယားလမ်းရှိ မြေဧက ၉.၇၆၂ ဧကနှင့် ဝ.၅၆ ဧကအား စိမ်းလန်စိုပြေဥယျာဉ်နှင့် ကော်ဖီဆိုင်ဖွင့် လှစ်ရန် အတွက် စိမ်းလန်းကမ္ဘာကုမ္ပဏီသို့ ကျပ် ဝ.၈၅ သန်းနှုန်းဖြင့် ငှားရမ်းခဲ့ရာမှ ကျပ် ၅.၅ သန်းနှုန်းဖြင့် တိုးမြှင့်ငှားရမ်းရန် သတ်မှတ် ခဲ့သော်လည်း တိုးမြှင့်ခြင်း မရှိခဲ့ပေ။

No comments:

Post a Comment

My Blog List