Friday, January 17, 2020

သိန်းနီမြို့နယ်၊ နမ့်ခိုက်ကျေးရွာ အနီးရှိ ကျောက်လိုဏ်ဂူ အတွင်းမှ ၁၀၇ မမဒုံးသီး၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Image may contain: outdoor and food

သိန်းနီမြို့နယ်၊ နမ့်ခိုက်ကျေးရွာအနီးရှိ ကျောက်လိုဏ်ဂူအတွင်းမှ ၁၀၇ မမဒုံးသီး၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်အတွင်း လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် နမ့်ခိုက်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့ အရောက်၌ ၅ ပေပတ်လည်ရှိ ကျောက်လိုဏ်ဂူတစ်ခုအတွင်း စိစစ်ဆဲ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အချို့မှ လျှို့ဝှက်သိမ်းဆည်းထားသည့် ၁၀၇ မမ အောက်ခံ သုံးချောင်းထောက် ပစ်စင်တစ်ခု၊ ၁၀၇ မမဒုံးသီး ခြောက်လုံး၊ ၁၀၇ မမ ဒုံးသီးယမ်းတောင့် ၁၂ တောင့်၊ ၁၀၇ မမအဝေးထိန်း ရီမုတစ်ခု၊ ၁၀၇ မမ ဒုံးသီးထိပ်ဖူး ၂၂ လုံး၊ RPG ဒုံးသီး ၁၀၈ လုံး၊ RPG ဒုံးသီး ယမ်းတောင့် ၁၀၈ တောင့်၊ ၄၀ မမဗုံးသီး ၂၉၉ လုံး၊ ၆၀ မမဗုံးသီး ၁၂ လုံးနှင့် ၆၀ မမ ဗုံးသီးယမ်းထုပ် ၆၀ ထုပ်တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
No photo description available.
Image may contain: food
Image may contain: plant, outdoor and nature
The Ladies News
သိန်းနီမြို့နယ်၊ နမ့်ခိုက်ကျေးရွာ အနီးရှိိ ကျောက်လိုဏ်ဂူ အတွင်းမှ ၁၀၇ မမဒုံးသီး၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
--- --- ---

သိန်းနီမြို့နယ်၊ နမ့်ခိုက်ကျေးရွာ အနီးရှိိ ကျောက်လိုဏ်ဂူ အတွင်းမှ ၁၀၇ မမဒုံးသီး၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်အတွင်း လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် နမ့်ခိုက်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့ အရောက်၌ ၅ ပေပတ်လည်ရှိ ကျောက်လိုဏ်ဂူတစ်ခုအတွင်း စိစစ်ဆဲ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အချို့မှ လျှို့ဝှက်သိမ်းဆည်းထားသည့် ၁၀၇ မမ အောက်ခံ သုံးချောင်းထောက် ပစ်စင်တစ်ခု၊ ၁၀၇ မမဒုံးသီး ခြောက်လုံး၊ ၁၀၇ မမ ဒုံးသီးယမ်းတောင့် ၁၂ တောင့်၊ ၁၀၇ မမအဝေးထိန်း ရီမုတစ်ခု၊ ၁၀၇ မမ ဒုံးသီးထိပ်ဖူး ၂၂ လုံး၊ RPG ဒုံးသီး ၁၀၈ လုံး၊ RPG ဒုံးသီး ယမ်းတောင့် ၁၀၈ တောင့်၊ ၄၀ မမဗုံးသီး ၂၉၉ လုံး၊ ၆၀ မမဗုံးသီး ၁၂ လုံးနှင့် ၆၀ မမ ဗုံးသီးယမ်းထုပ် ၆၀ ထုပ်တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
The Ladies News

No comments:

Post a Comment

My Blog List