Wednesday, January 15, 2020

ဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်သည့် ငွေကျပ်သိန်းတစ်ထောင်မှာ အရေးပေါ်အတွက် အဆောင်ငွေအဖြစ် ကိုင်ဆောင်ထားခြင်းဖြစ်


Image may contain: 2 people, people sitting and indoor
ရန်ကုန်တိုင်းဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်ထားသည့် ငွေကျပ်သိန်းတစ်ထောင်မှာ အရေးပေါ်အခြေအနေများအတွက် အဆောင်ငွေအဖြစ် သုံးစွဲရန် ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုသည်။
ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သာယာရေး ကော်မတီသတင်းစာရှင်းလင်းပွဲတွင် စာရင်းစစ်ချုပ် အစီရင်ခံစာ၌ ဖော်ပြထားသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်မသိဘဲ မြို့တော်ဝန်က ကျပ်သိန်းတစ်ထောင်ကို ကိုင်ဆောင်ထားသည်ဟု ဖော်ပြချက်နှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

'ကျွန်တော်တို့မှာ ငွေသုံးစွဲခွင့်မရှိဘူး။ သို့သော်လည်း ဌာနအရ ကြိုတင်စရိတ်ကတော့ရှိမယ်။ အဲဒါကလည်း သူတို့က အရေးပေါ်အတွက်ဆို ပြင်ဆင်ရတာရှိတယ်။ အဲဒီအတွက် ထားတာ။ ကျွန်တော်တို့မှာ အမှိုက်ကားတစ်စီး ပျက်သွားသည်ဖြစ်စေ ပြင်ဖို့အတွက် စာတင်တောင်းနေလို့ရှိရင် တစ်ရက်၊ နှစ်ရက်လောက်ဆိုရင် ရန်ကုန်မြို့ရဲ့ အမှိုက်ကန်တွေဟာ တစ်နေ့ကို တန် ၂၅၀၀ ကျော်လောက် ထွက်တယ်။ တစ်ရက်ပျက်လိုက်တာနဲ့ ခေါင်းထဲမှာ စဉ်းစားကြည့်၊ လုံးဝမရဘူး။ ဒါကြောင့် ကြိုတင်ငွေရန်ထားတာပါ။ ကျွန်တော့်သဘောကတော့ ရှင်းတယ်။ မြင်တောင်မမြင်ဖူးဘူး၊ ကိုင်လည်းမကိုင်ဖူးဘူး'ဟု ရန်ကုန်မြို့တော်ဝန်က ပြောဆိုသည်။

ယင်းငွေမှာ ကြိုတင်ငွေနှင့် ဆောင်ငွေအသုံးအနှုန်း မှားယွင်းနေခြင်းသာဖြစ်ပြီး အဆိုပါငွေမှာ ယခင်က ဌာနအနေဖြင့် ကြိုတင်ငွေသဘောမျိုး ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးချိုထွန်းအောင်က ပြောဆိုသည်။

'ဒီငွေပမာဏကို ကျွန်တော်တို့ ကြိုတင်ငွေသဘောမျိုးထားတာပါ။ ကျွန်တော်တို့ နေ့စဉ် မော်တော်ယာဉ်တွေကို ပြန်ပြင်နေရတဲ့ ငွေပမာဏက တစ်ပတ်၊ တစ်ပတ်ကို အသေးသုံးအနေနဲ့ ပြန်ပြင်နေရတာ အစီး ၅၀ လောက် ရှိပါတယ်။ မော်တော်ယာဉ်ဆိုတာကတော့ သန့်ရှင်းရေးမှာ သုံးနေတဲ့ မော်တော်ယာဉ်တွေ ဖြစ်ပါတယ်။ ဒီယာဉ်တွေကမပြင်လို့ မရဘူး။ အမှိုက်ကားတွေ ရပ်သွားတာနဲ့ ကျွန်တော်တို့ဆီမှာ ပြဿနာတွေဖြစ်သွားနိုင်တယ်။ ဒါတွေသည် ရှေ့အစိုးရအဆက်ဆက် လုပ်ခဲ့တာ။ အဲဒီတော့ ဒီအစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြိုတင်ငွေအနေနဲ့ တောင်းတဲ့အချိန်မှာ စာရင်းစစ်က ဘဏ္ဍာရေးစာရင်းပုံစံအရ ကြိုတင်ငွေတော့မရဘူး၊ ဆောင်ငွေအနေနဲ့ ပြန်ပြောင်းပေးပါဆိုပြီးတော့ ခေါင်းစဉ် အသုံးအနှုန်းကို ပြန်ပြောင်းပြီးတော့မှ လုပ်ခဲ့ပါတယ်။ အဲဒီအတွက် စာရင်းစစ် အစီရင်ခံစာလည်း ကျွန်တော်တို့ ရှင်းလင်းပြီးဖြစ်ပါတယ်'ဟု ဦးချိုထွန်းအောင်က ပြောဆိုသည်။

သတင်း၊ ဓာတ်ပုံ - စိုးစိုးစံ
(Unicode Version)
ဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်သည့် ငွေကျပ်သိန်းတစ်ထောင်မှာ အရေးပေါ်အတွက် အဆောင်ငွေအဖြစ် ကိုင်ဆောင်ထားခြင်းဖြစ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်မသိဘဲ ကိုင်ဆောင်ထားသည့် ငွေကျပ်သိန်းတစ်ထောင်မှာ အရေးပေါ်အခြေအနေများအတွက် အဆောင်ငွေအဖြစ် သုံးစွဲရန် ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုသည်။

ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သာယာရေး ကော်မတီသတင်းစာရှင်းလင်းပွဲတွင် စာရင်းစစ်ချုပ် အစီရင်ခံစာ၌ ဖော်ပြထားသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်မသိဘဲ မြို့တော်ဝန်က ကျပ်သိန်းတစ်ထောင်ကို ကိုင်ဆောင်ထားသည်ဟု ဖော်ပြချက်နှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

'ကျွန်တော်တို့မှာ ငွေသုံးစွဲခွင့်မရှိဘူး။ သို့သော်လည်း ဌာနအရ ကြိုတင်စရိတ်ကတော့ရှိမယ်။ အဲဒါကလည်း သူတို့က အရေးပေါ်အတွက်ဆို ပြင်ဆင်ရတာရှိတယ်။ အဲဒီအတွက် ထားတာ။ ကျွန်တော်တို့မှာ အမှိုက်ကားတစ်စီး ပျက်သွားသည်ဖြစ်စေ ပြင်ဖို့အတွက် စာတင်တောင်းနေလို့ရှိရင် တစ်ရက်၊ နှစ်ရက်လောက်ဆိုရင် ရန်ကုန်မြို့ရဲ့ အမှိုက်ကန်တွေဟာ တစ်နေ့ကို တန် ၂၅၀၀ ကျော်လောက် ထွက်တယ်။ တစ်ရက်ပျက်လိုက်တာနဲ့ ခေါင်းထဲမှာ စဉ်းစားကြည့်၊ လုံး၀မရဘူး။ ဒါကြောင့် ကြိုတင်ငွေရန်ထားတာပါ။ ကျွန်တော့်သဘောကတော့ ရှင်းတယ်။ မြင်တောင်မမြင်ဖူးဘူး၊ ကိုင်လည်းမကိုင်ဖူးဘူး'ဟု ရန်ကုန်မြို့တော်ဝန်က ပြောဆိုသည်။

ယင်းငွေမှာ ကြိုတင်ငွေနှင့် ဆောင်ငွေအသုံးအနှုန်း မှားယွင်းနေခြင်းသာဖြစ်ပြီး အဆိုပါငွေမှာ ယခင်က ဌာနအနေဖြင့် ကြိုတင်ငွေသဘောမျိုး ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးချိုထွန်းအောင်က ပြောဆိုသည်။

'ဒီငွေပမာဏကို ကျွန်တော်တို့ ကြိုတင်ငွေသဘောမျိုးထားတာပါ။ ကျွန်တော်တို့ နေ့စဉ် မော်တော်ယာဉ်တွေကို ပြန်ပြင်နေရတဲ့ ငွေပမာဏက တစ်ပတ်၊ တစ်ပတ်ကို အသေးသုံးအနေနဲ့ ပြန်ပြင်နေရတာ အစီး ၅၀ လောက် ရှိပါတယ်။ မော်တော်ယာဉ်ဆိုတာကတော့ သန့်ရှင်းရေးမှာ သုံးနေတဲ့ မော်တော်ယာဉ်တွေ ဖြစ်ပါတယ်။ ဒီယာဉ်တွေကမပြင်လို့ မရဘူး။ အမှိုက်ကားတွေ ရပ်သွားတာနဲ့ ကျွန်တော်တို့ဆီမှာ ပြဿနာတွေဖြစ်သွားနိုင်တယ်။ ဒါတွေသည် ရှေ့အစိုးရအဆက်ဆက် လုပ်ခဲ့တာ။ အဲဒီတော့ ဒီအစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြိုတင်ငွေအနေနဲ့ တောင်းတဲ့အချိန်မှာ စာရင်းစစ်က ဘဏ္ဍာရေးစာရင်းပုံစံအရ ကြိုတင်ငွေတော့မရဘူး၊ ဆောင်ငွေအနေနဲ့ ပြန်ပြောင်းပေးပါဆိုပြီးတော့ ခေါင်းစဉ် အသုံးအနှုန်းကို ပြန်ပြောင်းပြီးတော့မှ လုပ်ခဲ့ပါတယ်။ အဲဒီအတွက် စာရင်းစစ် အစီရင်ခံစာလည်း ကျွန်တော်တို့ ရှင်းလင်းပြီးဖြစ်ပါတယ်'ဟု ဦးချိုထွန်းအောင်က ပြောဆိုသည်။

သတင်း၊ ဓာတ်ပုံ - စိုးစိုးစံ

No comments:

Post a Comment

My Blog List