Thursday, January 09, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထည့်ဝင်ထားသော အများပိုင်မော်တော်ယာဉ်ကုမ္ပဏီနှစ်ခု အရှုံးပေါ်နေ

Image may contain: one or more peopleImage may contain: one or more people and indoor
ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထည့်ဝင်ထားသော အများပိုင်မော်တော်ယာဉ်ကုမ္ပဏီနှစ်ခုမှာ အရှုံးပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်စစ်ချုပ်၏ ၂၀၁၇ - ၂၀၁၈ခု ၊ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အရသိရသည်။

"YBPC နဲ့ YUPT ကလည်းအရှုံးပေါ်နေတယ်။ YRTAကတော့ အမြတ်ငွေရနေတယ်။ မြတ်နေတယ်ဆိုတာကလည်း နိုင်ငံတော်ကိုအများနည်းတူ ဝင်ငွေခွန်ပေးဆောင်ဖို့လျာထားချက်တောင်မလုပ်ခဲ့ဘူး။အခြားကုမ္ပဏီများကဲ့သို့ အခွန်ဆောင်ထားခြင်းမရှိဘူးတဲ့ဗျာ။ ဒါတွေကမဖြစ်သင့်ဘူးပေါ့ဗျာ"ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
YRTAအနေဖြင့် ဝင်ငွေကျပ်သန်း ၇၆၉၁.၈၀၁ ရရှိခဲ့ပြီး အပိုဝင်ငွေများရရှိနေခြင်းဖြစ်သော်လည်း အဆိုပါဝင်ငွေ ကျပ်သန်း ၇၆၉၁.၈၀၁ အပေါ် နိုင်ငံတော်သို့ အများနည်းတူ ဝင်ငွေခွန်ပေးဆောင်ရန်အတွက် လျာထားခြင်းမရှိခဲ့ကြောင်း၊ တိုင်းအစိုးရ အဖွဲ့ထည့်ဝင်ထားသော အများပိုင်မော်တော်ယာဉ်ကုမ္ပဏီ YBPC ၏ စုစုပေါင်းဝင်ငွေရရှိမှုမှာ ကျပ်သန်း ၈၉၇၈ ဒဿမ ၁၁၈ ဖြစ်ပြီးအသုံးစရိတ် ကျပ်သန်း ၆၄၈၃ ဒဿမ ၂၂၉ ရှိကြောင်း၊ စုစုပေါင်းတန်ဖိုးလျော့ ကျပ်သန်း ၅၄၉၉ ဒဿမ ၃၇၄ ရှိခဲ့ရာ အသားတင်အရှုံး ကျပ်သန်း ၃၀၀၄ ဒဿမ ၄၈၅ ဖြစ်ခဲ့ကြောင်းနှင့် အများပိုင်မော်တော်ယာဉ်ကုမ္ပဏီ YUPT ၏ စုစုပေါင်းဝင်ငွေရရှိမှုမှာ ကျပ်သန်း ၁၄၉၄၉ ဒဿမ ၂၃၀ ဖြစ်ပြီးအသုံးစရိတ် ကျပ်သန်း ၁၁၈၅၄ ဒဿမ ၀၉၆ ရှိကြောင်း၊ စုစုပေါင်းတန်ဖိုးလျော့ ကျပ်သန်း ၃၉၄၈ ဒဿမ ၅၅၆ ရှိခဲ့ရာ အသားတင်အရှုံး ကျပ်သန်း ၈၅၃ ဒဿမ ၄၂၂ ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်စစ်တမ်းအရ သိရသည်။
ကုမ္ပဏီနှစ်ခုလုံးမှာ တန်ဖိုးလျော့စရိတ်များကြောင့် အရှုံးဖြစ်နေရခြင်းဖြစ်ပြီး တန်ဖိုးလျော့စရိတ်နှုန်းထားများမှာလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် ၁၉/၂၀၁၆အရ ဝင်ငွေခွန်စည်းကြပ်ကောက်ခံသည့် မော်တော်ယာဉ်တန်ဖိုးကို တန်ဘိုးလျှော့ ၂၀ရာခိုင်နှုန်း ဖြင့် တွက်ချက်ထားခြင်းကြောင့် အရှုံးပေါ်နေခြင်းဖြစ် ကြောင်းသိရသည်။
အဖြူရောင်
<Zawgyi>
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထည့်ဝင်ထားသော အများပိုင်မော်တော်ယာဉ်ကုမ္ပဏီနှစ်ခု အရှုံးပေါ်နေ

ဇန္နဝါရီ ၈

No comments:

Post a Comment

My Blog List