Friday, January 10, 2020

တရုတ်သမ္မတရှီကျင့်ပင် ဇန်နဝါရီလ ၁၇ ရက်နေ့ မြန်မာနိုင်ငံ ရောက်ရှိပြီး ၂ ရက်တာ နိုင်ငံတော်ခရီးစဉ် အဖြစ် လည်ပတ်မည်

Image may contain: 1 person, suit and closeup
မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping သည် ဇန်နဝါရီလ ၁၇ ရက်နေ့မွ ၁၈ အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရွိသူ Ms. Hua Chunying က ကြေညာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။

တရုတ်သမ္မတသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ကို အခြေခံပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ ၂၀၂ဝ ပြည့်နှစ်တွင် ကျရောက်သည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်အထိမ်းအမှတ် အခမ်းအနားများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားရေး၊ နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းရေးအတွက် ကုန်သွယ်ရေးမူဝါဒများ ဖြေလျှော့ရေး၊ ကုန်သွယ်ခွင့်ပြုသည့် ပမာဏနှင့်အမျိုးအမည် တိုးမြှင့်ပေးရေး၊ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်ရှိ မြန်မာ-တရုတ် စီးပွားရေးစြင်္ကံနှင့် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ စီမံကိန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List