Wednesday, January 08, 2020

စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်သည့်လှုပ်ရှားမှု မကွေးပညာရေးကောလိပ်တွင် စတင်


Image may contain: 3 people, people standing, tree and outdoor
အခြေခံပညာစာသင်ကာလကို မတ်လကုန်အထိ တိုးမြှင့် လိုက်သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် လှုပ်ရှားမှုများအား ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်များအလိုက် ပြုလုပ် သွားမည်ဖြစ်ရာ ဇန်နဝါရီ ၇ ရက်တွင် မကွေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ကာ မကွေးပညာရေးကောလိပ်အတွင်း၌ စတစ်ကာ ကမ်ပိန်းလှုပ်ရှား မှု စတင်ပြုလုပ်ခဲ့သည်။
"ဒီနေ့ကတော့ မကွေးပညာရေးကောလိပ်မှာ စတင်ပါ တယ်။ စတစ်ကာ ကမ်ပိန်းစလုပ်တာပါ။ ဖဲကြိုးစိမ်းက မနက်ဖြန် ကျန်တဲ့ ကျောင်းတွေ စတင်မှာဖြစ်ပါတယ်။ အဓိကကတော့ ဒီမူဝါဒကို အကြောင်းမပြန်မချင်း ဒီလှုပ်ရှားမှုကို ဆက်ပြီးလုပ် ဆောင်သွားမှာပါ။ ပညာရေးကောလိပ်အလိုက်၊ ပညာရေး တက္ကသိုလ်အလိုက် လုပ်ဆောင်မှာဖြစ်ပါတယ်။ ကျောင်းအား လုံး နေ့တိုင်းလုပ်ဖို့ ဆောင်ရွက်သွားမှာပါ။ အဓိကဖြစ်ရတာ အပေါ်က policy maker တွေက မူဝါဒချတဲ့အခါ မှာ အောက် ခြေအသံ မညှိဘဲနဲ့ လုပ်လို့ဖြစ်တယ်လို့ ယူဆပါတယ်"ဟု ဖဲကြိုး စိမ်း ဦးဆောင်လှုပ်ရှားမှုကော်မတီ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုအောင်ပြည့်စုံ ဖြိုးက ပြောဆိုသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပညာရေးကောလိပ်များနှင့် ပညာရေးတက္ကသိုလ်များရှိ ကျောင်းသားသမဂ္ဂများက ဦးဆောင် ကာ ပြုလုပ်သွားမည်ဖြစ်ပြီး အခြေခံပညာ စာသင်ကာလကို မတ်လကုန်အထိ တိုးမြှင့်မှုကိုသဘောမတူသည့် ကျောင်းသား၊ ကျောင်းသူများအား အစိမ်းရောင် ဖဲကြိုးများကို ရင်ဘတ်တွင် ထိုးပေးပြီး စာသင်ခန်းအတွင်း ဝင်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုလုပ်ဆောင်ရာတွင် ရည်ရွယ်ချက် သဘောထားတူညီသော မည်သည့်အဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက်သွားမည်ြဖစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုကော်မတီက ဇန်နဝါရီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများအနေဖြင့် အခြေခံပညာရေးလုပ်ငန်းခွင်မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားသမဂ္ဂများ၏ ဝေဖန်မှုများနှင့်သဘောထားများကို လျစ်လျူရှုခြင်း၊ သင်ရိုးသစ်၊ သင်ရိုးဟောင်း စာသင်ကာလများအားစနစ်တကျ ခွဲဝေမှုမရှိ ခြင်း၊ ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်များနှင့် ပတ်သက်၍ စီမံခန့်ခွဲနိုင်မှု အားနည်းခြင်း စသည်တို့ကို ကန့်ကွက်သည့် အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အခြေခံပညာရေး စာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်ခြင်းအား ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာရေး စာသင်ကာလမတ်လကုန်အထိ သတ်မှတ်မည့်အစား အခြေခံပညာရေးရှိ ဝန်ထမ်းအဖွဲ့အစည်းများ၊သမဂ္ဂများ အပါအဝင် မိမိတို့ ကျောင်းသားသမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ်ပြန်လည် သတ်မှတ်သည့် အချိန်မှသာ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အိဟေမာ
(Unicode Version)


 စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်သည့်လှုပ်ရှားမှု မကွေးပညာရေးကောလိပ်တွင် စတင်

အခြေခံပညာစာသင်ကာလကို မတ်လကုန်အထိ တိုးမြှင့် လိုက်သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် လှုပ်ရှားမှုများအား ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်များအလိုက် ပြုလုပ် သွားမည်ဖြစ်ရာ ဇန်နဝါရီ ၇ ရက်တွင် မကွေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ကာ မကွေးပညာရေးကောလိပ်အတွင်း၌ စတစ်ကာ ကမ်ပိန်းလှုပ်ရှား မှု စတင်ပြုလုပ်ခဲ့သည်။

"ဒီနေ့ကတော့ မကွေးပညာရေးကောလိပ်မှာ စတင်ပါ တယ်။ စတစ်ကာ ကမ်ပိန်းစလုပ်တာပါ။ ဖဲကြိုးစိမ်းက မနက်ဖြန် ကျန်တဲ့ ကျောင်းတွေ စတင်မှာဖြစ်ပါတယ်။ အဓိကကတော့ ဒီမူဝါဒကို အကြောင်းမပြန်မချင်း ဒီလှုပ်ရှားမှုကို ဆက်ပြီးလုပ် ဆောင်သွားမှာပါ။ ပညာရေးကောလိပ်အလိုက်၊ ပညာရေး တက္ကသိုလ်အလိုက် လုပ်ဆောင်မှာဖြစ်ပါတယ်။ ကျောင်းအား လုံး နေ့တိုင်းလုပ်ဖို့ ဆောင်ရွက်သွားမှာပါ။ အဓိကဖြစ်ရတာ အပေါ်က policy maker တွေက မူဝါဒချတဲ့အခါ မှာ အောက် ခြေအသံ မညှိဘဲနဲ့ လုပ်လို့ဖြစ်တယ်လို့ ယူဆပါတယ်"ဟု ဖဲကြိုး စိမ်း ဦးဆောင်လှုပ်ရှားမှုကော်မတီ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုအောင်ပြည့်စုံ ဖြိုးက ပြောဆိုသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပညာရေးကောလိပ်များနှင့် ပညာရေးတက္ကသိုလ်များရှိ ကျောင်းသားသမဂ္ဂများက ဦးဆောင် ကာ ပြုလုပ်သွားမည်ဖြစ်ပြီး အခြေခံပညာ စာသင်ကာလကို မတ်လကုန်အထိ တိုးမြှင့်မှုကိုသဘောမတူသည့် ကျောင်းသား၊ ကျောင်းသူများအား အစိမ်းရောင် ဖဲကြိုးများကို ရင်ဘတ်တွင် ထိုးပေးပြီး စာသင်ခန်းအတွင်း ဝင်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုလုပ်ဆောင်ရာတွင် ရည်ရွယ်ချက် သဘောထားတူညီသော မည်သည့်အဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုကော်မတီက ဇန်နဝါရီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများအနေဖြင့် အခြေခံပညာရေးလုပ်ငန်းခွင်မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားသမဂ္ဂများ၏ ဝေဖန်မှုများနှင့်သဘောထားများကို လျစ်လျူရှုခြင်း၊ သင်ရိုးသစ်၊ သင်ရိုးဟောင်း စာသင်ကာလများအားစနစ်တကျ ခွဲဝေမှုမရှိ ခြင်း၊ ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်များနှင့် ပတ်သက်၍ စီမံခန့်ခွဲနိုင်မှု အားနည်းခြင်း စသည်တို့ကို ကန့်ကွက်သည့် အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အခြေခံပညာရေး စာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်ခြင်းအား ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပညာရေးဝနျကွီးဌာနမှ အခွခေံပညာရေး စာသငျကာလမတျလကုနျအထိ သတျမှတျမညျ့အစား အခွခေံပညာရေးရှိ ဝနျထမျးအဖှဲ့အစညျးမြား၊သမဂ်ဂများ အပါအဝင် မိမိတို့ ကျောင်းသားသမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ်ပြန်လည် သတ်မှတ်သည့် အချိန်မှသာ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အိဟေမာ

No comments:

Post a Comment

My Blog List