Wednesday, December 11, 2019

(ICJ) ၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် အဖွဲ့ ယနေ့ နှုတ်ဖြင့် လျှောက်လဲမည်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဖွဲ့သည် ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီမှ ၆ နာရီခွဲအထိ နှုတ်ဖြင့် လျှောက်လဲမည် ဖြစ်သည်။

တရားစွဲဆိုခဲ့သည့်အမှုအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) အတွက် နှုတ်ဖြင့်လျှောက်လဲခြင်း (Oral Proceedings) ပထမနေ့ အစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါ ဆောင်ရွက်ကြမည့် ပြည်တွင်း၊ ပြည်ပဥပဒေပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက် နားထောင်ခဲ့ကြသည်။
ယင်းနေ့တွင် မြန်မာနိုင်ငံမှ လာရောက်ကြသည့်ပြည်သူများ၊ နယ်သာလန်နိုင်ငံနှင့် အခြား ပြည်ပရောက်နိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံသားများက အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ)အပြင်သို့ လာရောက်ကာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ကို ထောက်ခံအားပေး ဝန်းရံခဲ့ကြသည်။
နှစ်ဘက် လျှောက်လဲတင်ပြမှုကို ဒီဇင်ဘာ ၁၂ ရက် (မနက်ဖြန်)တွင် ပြုလုပ်မည် ဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာစံတော်ချိန် ၃ နာရီခွဲမှ ၅ နာရီအထိ လည်းကောင်း၊ မြန်မာနိုင်ငံက မြန်မာစံတော်ချိန် ည ၁၀ နာရီမှ ၁၁ နာရီခွဲအထိ လည်းကောင်း လျှောက်လဲတင်ပြမည် ဖြစ်သည်။
Image may contain: sky and outdoor
Image may contain: 1 person, sitting and indoor
Image may contain: 8 people, indoorImage may contain: 6 people, people standing, people walking, crowd, shoes, tree, wedding and outdoor
AS
Photo - MSCO၊ ICJ

<Zawgyi>
(ICJ) ၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် အဖွဲ့ ယနေ့ နှုတ်ဖြင့် လျှောက်လဲမည်

ဒီဇင္ဘာ ၁၁
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဖွဲ့သည် ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီမှ ၆ နာရီခွဲအထိ နှုတ်ဖြင့် လျှောက်လဲမည် ဖြစ်သည်။
တရားစွဲဆိုခဲ့သည့်အမှုအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) အတွက် နှုတ်ဖြင့်လျှောက်လဲခြင်း (Oral Proceedings) ပထမနေ့ အစီအစဉ်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါ ဆောင်ရွက်ကြမည့် ပြည်တွင်း၊ ပြည်ပဥပဒေပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက် နားထောင်ခဲ့ကြသည်။
ယင်းနေ့တွင် မြန်မာနိုင်ငံမှ လာရောက်ကြသည့်ပြည်သူများ၊ နယ်သာလန်နိုင်ငံနှင့် အခြား ပြည်ပရောက်နိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံသားများက အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ)အပြင်သို့ လာရောက်ကာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ကို ထောက်ခံအားပေး ဝန်းရံခဲ့ကြသည်။
နှစ်ဘက် လျှောက်လဲတင်ပြမှုကို ဒီဇင်ဘာ ၁၂ ရက် (မနက်ဖြန်)တွင် ပြုလုပ်မည် ဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာစံတော်ချိန် ၃ နာရီခွဲမှ ၅ နာရီအထိ လည်းကောင်း၊ မြန်မာနိုင်ငံက မြန်မာစံတော်ချိန် ည ၁၀ နာရီမှ ၁၁ နာရီခွဲအထိ လည်းကောင်း လျှောက်လဲတင်ပြမည် ဖြစ်သည်။
AS

No comments:

Post a Comment

My Blog List