Thursday, September 03, 2015

တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ် အောင်မြင် ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားသို့ မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ ပါဝင် တက်ရောက်





တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား ကို ယနေ့ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းအချိန်မှစတင်၍ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင်ရင်ပြင် ၌ ကျင်းပပြုလုပ်နေပြီး မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံ ပေါင်း ၃၀ မှ ခေါင်းဆောင်များ ၊ စုစုပေါင်း နိုင်ငံပေါင်း ၄၉ နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

အခမ်းအနား မစတင်မီ တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့မှ နိုင်ငံတကာ ဧည် သည့် တော်များအား ကြိုဆိုကာ ထျန်းအန်းမင် အဆောက်အအုံ ပေါ်တွင် ဂုဏ်ပြု စစ်ရေးပြ အခမ်းအနား ကြည့်ရှုရန် နေရာယူပြီးနောက် စစ်ရေးပြ အခမ်းအနား ပွဲကြီးအား မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲ အချိန်တွင် တရားဝင် စတင် ကျင်းပခဲ့သည်။ 

အခမ်းအနားကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အတူ မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် ၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး ၊ လာအို နိုင်ငံ သမ္မတ Choummaly Sayasone ၊ ဗီယမ်နမ် နိုင်ငံ သမ္မတ Truong Tan Sang ၊ တောင်အာဖရိက သမ္မတ Jacob Zuma ၊ ပါကစ္စတန် နိုင်ငံ သမ္မတ Mamnoon Hussain ၊ အီဂျစ် သမ္မတ Abdel Fattah el-Sisi အစရှိသည့် နိုင်ငံပေါင်း ၃၀ မှ နိုင်ငံ ခေါင်းဆောင်များက အတူတကွ ကြည့်ရှုကြသည်။ 

တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား သို့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ တက်ရောက်ကြပြီး အစိုးရ ကိုယ်စားလှယ် များအနေဖြင့် သြစတြေးလျ ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဟန်ဂေရီ ၊ အိန္ဒိယ ၊ အီတလီ ၊ မလေးရှား ၊ ဟော်လန် ၊ စင်ကာပူ နှင့် ဗြိတိန် စသည့် နိုင်ငံ တို့မှ ပါဝင်ကြောင်း သိရှိရသည်။ 

ထို့ပြင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါ အဝင် နိုင်ငံတကာနှင့် ဒေသ တွင်းဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူ များမှလည်း တက်ရောက် ခဲ့ကြသည်။ 

စက်တင်ဘာလ (၃) ရက်နေ့သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် တော်လှန်ရေး အောင်ပွဲနေ့ ဖြစ် သည်။ 

(Xinhua)

No comments:

Post a Comment

My Blog List