Monday, August 31, 2015
လက်ရှိ ဖမ်းမိထားတဲ့ ဘန်ကောက်ဗုံးခွဲမှု တရားခံအဖြစ် သံသယရှိသူ လူမှောင်ခိုဂိုဏ်းဝင် ဖြစ်ခဲ့ဖူးတယ်လို့ ထိုင်းရဲပြော
လူနှစ်ဆယ်လောက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဘန်ကောက်မြို့ရဲ့ ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တဲ့သူ တစ်ဦး အဖြစ် သံသယရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ သူဟာ လူမှောင်ခိုဂိုဏ်သားတစ်ဦး ဖြစ်ခဲ့ဖူးတယ်လို့ ထိုင်းရဲတပ်ဖွဲ့ က ကြေညာခဲ့ပြီး စစ်ဆေးမေးမြန်းမှု တွေကိုတော့ ဖြေဆိုခြင်း မရှိသေးဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲက ပြောကြားလိုက်တယ်လို့ CAN သတင်းဌာနမှာ ဖော်ပြထား ပါတယ်။
စနေနေ့ မနက်အစောပိုင်းက ဘန်ကောက်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက တိုက်ခန်းတစ်ခုမှာ ထိုင်းရဲတပ် ဖွဲ့က အသက် ၂၈ နှစ်အရွယ် နိုင်ငံခြားသား တစ်ဦးကို ဖမ်းဆီးခဲ့ပြီး သူဟာ ဘယ်နိုင်ငံကလဲ ဆိုတာနဲ့ ဘယ် သူလဲ ဆိုတာကို အခုအချိန်အထိ မသိရသေးပါဘူး။
“စစ်ဆေးမေးမြန်းတာက တိုးတက်မှုမရှိ ဖြစ်နေပါတယ်။ သံသယရှိသူက တကယ်အသုံးဝင်မယ့် အချက်အ လက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိလို့ပါ။ ကျွန်တော်တို့အနေနဲ့ နောက်ထပ် စစ်ဆေးမေးမြန်းမှုတွေ ထပ်လုပ်ဖို့ လိုနေသေးပြီးသူ အခုထက် ပိုနားလည်လာအောင်လည်း လုပ်ရပါဦးမယ်။ ဒါမှ သူက အခုထက်ပို ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိလာမှာပါ” လို့ ဗိုလ်ချုပ်ကြီး အူဒုံဒေ့ဂ်ျဆီတာဘတ်ရ်က ပြောပါတယ်။
အခု ဖမ်းဆီးရမိထားတဲ့သူဟာ လူမှောင်ခိုဂိုဏ်းသား တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းတရားမဝင် ဝင်ရောက် လာသူတွေ အတွက် စာရွက်စာတမ်းတွေ အတုပြုလုပ်ပေးတဲ့ သူလို့ ယူဆရပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ မကြာသေး ခင်က ပြုလုပ်ခဲ့တဲ့ လူမှောင်ခိုဂိုဏ်း နှိမ်နင်းတာကို မကျေနပ်လို့ ဗုံးခွဲတိုက်ခိုက်ကာ လက်စားချေတာဖြစ်နိုင် တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အခု ဖမ်းဆီးရမိထားတဲ့သူဟာ လုံခြုံရေးကင်မရာ ကနေတစ်ဆင့် မြင်တွေ့လိုက်ရတဲ့ အဓိက သံသယရှိသူ ဟုတ်မဟုတ် ဆိုတာကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment