Friday, May 08, 2015

Myuran မိခင်က အင်ဒိုသမ္မတကို သတ္တိမရှိဘူးလို့ပြော



မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ အင်ဒိုနီးရှားမှာ ကွပ်မျက်ခံရတဲ့ သြစတြေးလျနိုင်ငံသား Myuran Sukumaran ရဲ့ မိခင်က အင်ဒိုနီးရှား သမ္မတကို စာတစ်စောင် ရေးခဲ့ပြီး သူ့သားကို သမ္မတက အသက်ရှင်ခွင့်မပေးတဲ့ အပေါ် ဝေဖန်ပြစ်တင်လိုက်သလို သူ့ကိုလည်း အင်ဒိုနီးရှား သမ္မတက မျက်နှာချင်းဆိုင် တွေ့ဆုံရဲတဲ့ သတ္တိမရှိဘူးလို့ ပြောလိုက်ပါတယ်။

အင်ဒိုနီးရှား အကျဉ်းထောင်မှာ ဆယ်နှစ်ကြာ ထိန်းသိမ်းခံရပြီး နောက်ဆုံးမှာတော့ သြစတြေးလျနိုင်ငံသား Andrew Chan နဲ့ Myuran Sukumaran တို့က အရင်တပါတ်တုန်းကပဲ ကွပ်မျက်ခံလိုက်ရပါတယ်။

သြစတြေးလျနိုင်ငံသား နှစ်ဦးကို သမ္မတ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ၾသစေၾတးလ် အစိုးရ၊ ၾသစေၾတးလ် ပြည်သူနဲ့ လူ့အခွင့်အရေးအဖွဲ့တွေအပြင် တရားခံ နှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေကို အကြိမ်ကြိမ် တောင်းဆိုတဲ့ကြားက အင်ဒိုနီးရှား သမ္မတက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျအစိုးရက သူ့နိုင်ငံသားတွေကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းပေးမယ်ဆိုရင်လည်း အဲဒီ အတွက် ကုန်ကျစရိတ်ကို ကျခံပေးမယ်လို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။

အဲဒီအပေါ် Myuran Sukumaran ရဲ့ မိခင်က အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုဆီကို စာတစ်စောင်ပို့လိုက် တာ ဖြစ်ပြီး အဲဒီစာကြောင့် နောက်လူတွေကို သမ္မတကလွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ မျှော်လင့်ကြောင့် ပြော သွားခဲ့ပါတယ်။

သူ့မိသားစု ခံစားရတဲ့ ပူဆွေးသောကမှုတွေကို တခြား မိသားစုတွေလည်း မခံစားစေချင်တာကြောင့် သမ္မတဆီကို စာပို့တာလို့ ပြောပါတယ်။

စာထဲမှာတော့ စစ်သား ၇ ယောက်က သူ့သားနဲ့ တခြား အကျဉ်းသားတွေကို ပစ်သတ်တဲ့အချိန်မှာ သူ့သား ကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့သူ သမ္မတက ဘယ်ရောက်နေသလဲ ဆိုတာ မသိနိုင်ပေမယ့် ကွပ်မျက်ခံရတဲ့ နေ ရာနဲ့ အဝေးမှာ ရှိနေတာတော့ သေခြာတယ်လို့ ပါရှိပါတယ်။

သူ့သားကတော့ သူပစ်သတ်ခံရတဲ့ သတင်းကို သူ့မိသားစုတွေက သူကွပ်မျက်ခံရတဲ့ နေရာနဲ့ အနီးဆုံး ဟိုတယ်တစ်ခုကနေ စောင့်ဆိုင်းနေမှာကို သိရင်းနဲ့ သေသွားရပြီလို့ ပြောပါတယ်။

သူ့သားက ပြစ်မှူကြီးတစ်ခု ကျူးလွန်တယ်ဆိုတာကို ဝန်ခံပေမယ့် အဲဒီလို ပြစ်မှုတွေအတွက် အင်ဒိုနီး ရှားနိုင်ငံကိုရော အင်ဒိုနီးရှား ပြည်သူတွေကိုပါ အကြိမ်ကြိမ် တောင်းပန်ခဲ့ပြီးပြီလို့ Myuran Sukumaran ရဲ့ မိခင်က ပြောပါတယ်။

အကျဉ်းထောင်မှာ ၁၀ နှစ်ကြာ နေခဲ့တုန်းကလည်း တခြား အကျဉ်းသားတွေ လူကောင်း ပြန်ဖြစ်လာအောင် သူ့သားက ဖျောင်းဖျပေးနိုင်ခဲ့ပြီး သူတတ်နိုင်သလောက်လည်း အစွမ်းကုန် ကောင်းအောင် လုပ်ဆောင်ခဲ့ တယ်လို့ ပြောပါတယ်။ ထောင်ထွက်တဲ့အခါ လူကောင်းတွေ ဖြစ်လာအောင် သူ့သားက အကျဉ်းထောင် အတွင်းက လူတွေကို ကူညီခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို အကျဉ်းသား အချင်းချင်းကို ကူညီခဲ့လို့ သူ့ကိုလည်း အကျဉ်းထောင်က လွတ်ပေးသင့်တယ်လို့ သူ့သားက ဘယ်တုန်းကမှ မတောင်းဆိုခဲ့ပဲ သူ့ကို အသက်ရှင်ခွင့် ပေးဖို့ကိုသာ တောင်းဆိုခဲ့တယ်လို့ Myuran Sukumaran ရဲ့ မိခင်က ရေးသားထားပါတယ်။

ထောင်ထဲမှာ တသက်လုံးနေပါ့မယ်၊ အသက်ရှင်ခွင့်ကိုတော့ ပေးပါလို့ တောင်းဆိုတာက များလွန်းသလား လို့လည်း အင်ဒိုနီးရှား သမ္မတကို မေးခွန်းထုတ်လိုက်ပါတယ်။

အကျဉ်းထောင်မှာ ၁၀ နှစ်ကြာနေခဲ့ပြီး တခြား အကျဉ်းသားတွေ လူကောင်း ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ သူ့သားကို ကွပ်မျက်လိုက်တာဟာ တရားမျှတတယ်လို့ သမ္မတအနေနဲ့ ယူဆပါသလားလို့လည်း ပြောလိုက် ပါတယ်။

မိဘတွေ ကိုယ်တိုင်ဖြစ်ကြတဲ့ သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ သမ္မတရဲ့ ဇနီးကလည်း သူနဲ့ Andrew Chan ရဲ့ မိခင် ခံစားရတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို နားလည်လိမ့်မယ်လို့ ယူဆတယ်လို့ ရေးသားထားပါတယ်။

သမ္မတရဲ့ သား၊ သမီးတွေ၊ မြေးတွေ၊ တူ၊ တူမတွေလည်း သူ့သားလို အမှားမျိုး ဘယ်တော့မှ မကျူးလွန် ဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

သမ္မတရဲ့ သား၊ သမီးတွေလည်း နောက်ကြရင် ချစ်သူနဲ့တွေ့ပြီး လက်ထပ်ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အလားတူ ကွပ်မျက်ခံရတဲ့ Andrew Chan ကလည်း ချစ်သူနဲ့ တွေ့ပြီး အနာဂတ်မှာ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု တည်ထောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကွပ်မျက်ခံလိုက်ရတဲ့အတွက် သမ္မတရဲ့သားသာ အဲလို ဘဝမျိုးနဲ့ ကြုံရရင် ဘယ်လို ခံစားရမှာ ပါလဲ လို့လည်း ပြောလိုက်ပါတယ်။

သူ့သား အခုလို ကွပ်မျက်ခံရတဲ့အတွက် မိခင်တစ်ယောက်အနေနဲ့ တသက်လုံး အပြစ်ပေးခံရသလို ခံစားနေရပြီး ဒီလို ဖြစ်ရတာဟာ အင်ဒိုနီးရှား သမ္မတက သူ့ရဲ့ အသနားခံမှုကို မျက်ကွယ်ပြုလို့ ဖြစ်ခဲ့ရတာ လို့ ပြောပါတယ်။

သမ္မတနဲ့ တွေ့ခွင့်ရဖို့၊ စကားပြောခွင့်ရဖို့ နောက်တစ်ကြိမ် တောင်းဆိုပေမယ့်လည်း သမ္မတက သူနဲ့ စကားပြောဖို့၊ မျက်နှာခြင်းဆိုင်တွေ့ဖို့ သတ္တိမရှိဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။

ဒီကနေ့မှာတော့ Andrew Chan ရဲ့ အသုဘ အခမ်းအနားကို ကျင်းပမှာ ဖြစ်ပြီး မနက်ဖြန် စနေနေ့မှာတော့ Myuran Sukumaran ရဲ့ အသုဘ အခမ်းအနားကို ကျင်းပဖို့ ရှိပါတယ်။

သြစတြေးလျနိုင်ငံသား နှစ်ဦးကို ကွပ်မျက်တာကို ကန့်ကွက်တဲ့အနေနဲ့ သြစတြေးလျအစိုးရက သံအမတ် ကို ပြန်လာဖို့ ဆင့်ခေါ်ခဲ့သလို နောက်နှစ်မှာပဲ အင်ဒိုနီးရှားကို ပေးမယ့် ကူညီထောက်ပံ့ငွေတွေ လျှော့ချဖို့ ရှိပါတယ်။

အင်ဒိုနီးရှား အစိုးရကတော့ နိုင်ငံခြားအပေါ် အင်ဒိုနီးရှားက ဆက်လက် မှီခိုမှာ မဟုတ်သလို ကူညီပါ လို့ တောင်းဆိုမှာ မဟုတ်ဘူးလို့လည်း တုန့်ပြန်ထားပါတယ်။

သြစတြေးလျက အင်ဒိုနီးရှားကို ငွေတွေ ပေးနေတာကလည်း နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ဖို့ အတွက် ပေးတာဖြစ်ပြီး အင်ဒိုနီးရှားက မတောင်းပေမယ့် သြစတြေးလျမှာ ပေးပိုင်ခွင့်ရှိတဲ့အတွက် ပေး တာဖြစ်ပြီး အင်ဒိုနီးရှားက မတောင်းခဲ့ရဘူးလို့လည်း တုန့်ပြန်ထားပါတယ်။

ABC 

No comments:

Post a Comment

My Blog List