Monday, May 04, 2015
ကိုးကန့်တိမ်းရှောင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို ရေးသား ထုတ်လွှင့်ပါက ဥပဒေအရ အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်
‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ပန်ဆန်းတွင် ပြုလုပ်နေ သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစည်းအဝေးသို့ တက်ရောက်နေသည့် ကိုးကန့် တိမ်းရှောင်အဖွဲ့(MNDAA) ၏ သတင်းထုတ်ပြန်ချက် များကို ရေး သားထုတ်လွှင့်ဖော်ပြပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း တပ် မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က မေလ ၃ ရက်၌ ထုတ်ပြန်သည်။
ကိုးကန့်သောင်းကျန်းသူ အဖွဲ့ကို နိုင်ငံတော်အစိုးရက မတရားအသင်းအဖြစ် သတ်မှတ် ကြေညာထား သဖြင့် ပန်ဆန်း အစည်းအဝေးမှ ကိုးကန့်အဖွဲ့၏ ထုတ်ပြန်ချက်များကို သတင်းမီ ဒီယာများအနေဖြင့် ရုပ်သံထုတ် လွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်စေရေး အသိပေး ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကိုးကန့်တိုက်ပွဲအ ကြောင်း မပြော လိုသော်လည်း မတရားအသင်း ဆက်သွယ်မှု (ပုဒ်မ ၁၇) မှာ သတင်းထောက်များကို အစဉ်ခြိမ်းခြောက်နေသည့် ပုဒ်မဖြစ်ပြီး အဆိုပါပုဒ်မ ကို ပြန် လည်ပြင်ဆင်ခြင်း၊ စဉ်းစားသုံး သပ်ခြင်းများကို လွှတ်တော်က ပြု လုပ်စေလိုကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောကပြောသည်။
‘‘ဒီကိစ္စ(ကိုးကန့်နှင့် ပတ် သက်၍ တပ်မတော်၏ ထုတ်ပြန် ချက်)တော့ သိပ်မပြောချင်ဘူး။ တပ်က မရေးနဲ့ လို့ ထုတ်ပြန်ထား တော့ လောလောဆယ်မရေးရုံဘဲ ရှိတာပေါ့။ သတင်းလွတ်လပ်ခွင့် ကတော့ ဒီပုဒ်မ ၁၇ မှ မဟုတ်ဘူး။သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက် ရင် ဥပဒေတွေကအစ ပြောစရာ အများကြီးပဲ။ အဓိက ကတော့ လွှတ်တော်ကနေ ဒီပုဒ်မကို ပြန် လည်ပြင်ဆင်တာ၊ စဉ်းစားသုံးသပ် တာ လုပ်စေချင်တယ်’’ဟု ၎င်းက ပြောသည်။
ကိုးကန့်တိုက်ပွဲမှာ အလွန်ထိရှလွယ်သည့်အနေအထားဖြစ် နေပြီး ယခုထုတ်ပြန်ချက်မှာ သတင်းလွတ်လပ် ခွင့်ဘက်မှ ကြည့်ပါက ပြောစရာဖြစ်နေသော် လည်း တိုင်းပြည်၏ လက်ရှိအခြေ အနေအရ တိုင်းပြည်တွင် တပ်မ တော်၏ ပါဝင်မှုအခန်းကဏ္ဍကို သတိပြုရန် လိုအပ်ပြီး သတင်း မီဒီယာသမားများ လိမ္မာပါးနပ်ရန် လိုကြောင်း စာနယ်ဇင်းကောင်စီ ယာယီအတွင်းရေးမှူး ဦးကျော် မင်းဆွေက ပြောသည်။
‘‘ထုတ်ပြန်ချက်အရတော့ MNDAA ရဲ့ ထုတ်ပြန်ကြေညာ ချက်လို့ပဲပါတယ်။ ကိုးကန့်အဖွဲ့ နဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှ မဖော်ပြရေးဆိုတာမျိုး မဟုတ် ဘူး။ MNDAA ရဲ့ နောက်က မမြင်ရတဲ့ လက်တွေကြောင့် လည်း အခြေအနေက အရမ်းရှုပ်ထွေးနေ တဲ့အချိန်မှာ ကိုးကန့်ထုတ်ပြန် ချက်တွေက တပ်နဲ့ ပြည်သူ သဘောထားကွဲလွဲသွားတာမျိုး၊ ကိုးကန့်တပ်ဖွဲ့အပေါ် ကရုဏာ သက်သွားမှာမျိုးကို တပ်ဘက်က မဖြစ်စေ လိုတာကြောင့် ဒီလိုထုတ်ပြန်တယ်လို့မြင်ပါတယ်’’ဟု ၎င်း ကပြောသည်။
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ် ခွင့်နေ့တွင် အဆိုပါထုတ်ပြန်ချက် ထွက်ရှိခဲ့သည့်အတွက် သတင်း ထောက်များ အကြား ဝေဖန်မှု လည်း ရှိခဲ့သည်။
မြန်မာ့တပ်မတော်နှင့် ကိုး ကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ ကြား တိုက်ပွဲများဖြစ်ပွားသည်မှာ သုံးလခန့် ကြာမြင့်နေပြီး ပန် ဆန်းညီလာခံသို့ ကိုးကန့်အဖွဲ့ကို မဖိတ်ရန် အစိုးရက ‘၀’ ပြည် သွေးစည်းညီညွတ်ရေး
တပ်မတော်ထံ တောင်းဆိုခဲ့သော်လည်း ‘၀’တပ်ဖွဲ့ကမူ ကိုးကန့်အဖွဲ့ကို ဖိတ်ကြား ခဲ့သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment