Friday, February 13, 2015

ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူ


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ယူကရိန်း၊ ရုရှား၊ ပြင်သစ်နှင့် ဂျာမနီ ခေါင်းဆောင်များက သဘောတူညီလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဘယ်လာရုနိုင်ငံ မင့်ခ်မြို့တော်၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ယူကရိန်း အစိုးရနှင့် ခွဲထွက်ရေး သူပုန် များကြား အပစ်ရပ်ရန် သဘောတူညီလိုက်ကာ ယင်းနောက်တွင် လက်နက်ကြီးများ ဖယ်ရှားပေးရန်လည်း သဘောတူညီလိုက်သည်။

မင့်ခ်ဆွေးနွေးပွဲတွင် သဘောတူညီချက်များ ရရှိလာသဖြင့် ယူကရိန်းအရှေ့ပိုင်း ဒေသများအတွက် မျှော် လင့်ချက်များ ပေါ်ပေါက်လာပြီ ဖြစ်ကြောင်း ဂျာမန်ခေါင်းဆောင် အန်ဂျလာမာကယ်က ပြောကြားသည်။

“၁၇ နာရီကြာ ဆွေးနွေးပွဲ လုပ်ဆောင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ သုည နာရီကစပြီး အပစ်ရပ်ဖို့ သဘောတူ ခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကြီးတွေ ဖယ်ရှားပေးရပါမယ်” ဟု မာကယ်၏ ပြောရေးဆိုခွင့်ရှိ သူ စတက် ဖန်က ပြောကြားသည်။

ထို့အပြင် အရေးပါသော အချက်များတွင် သဘောတူညီခဲ့ကြကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က မှတ်ချက်ပြုထားသည်။

ယူကရိန်း အချုပ်အခြာအာဏာနှင့် နယ်မြေတည်မြဲရေးကို လေးစားတန်ဖိုးထားမည်ဟု ရုရှား၊ ပြင်သစ် ၊ ဂျာမနီနှင့် ယူကရိန်း ခေါင်းဆောင်များက သဘောတူညီလိုက်ကြောင်း ကရင်မလင် ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မည်သည့်ကန့်သတ်ချက်မျှ မပါသော အထွေထွေ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထုတ်ပြန်သွားသင့်သည်ဟု ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက သတင်းထောက်များကို ပြောကြားသည်။

ယူကရိန်း ပဋိပက္ခ ရပ်ဆိုင်းရေး လုပ်ဆောင်ရန် အချက်များစွာ ကျန်ရှိနေသေးသော်လည်း မင့်ခ် သဘောတူ ညီချက်မှာ တိုးတက်မှုတစ်ရပ် ဖြစ်သည်ဟု ပြင်သစ်သမ္မတက မှတ်ချက်ပြုသည်။

ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များက သဘောတူညီချက်ကို လက်မခံနိုင်သည့် လက္ခဏာ များ ဆွေးနွေး ပွဲတွင်း ပြသခဲ့သော်လည်း နောက်ပိုင်းတွင် သဘောတူညီခဲ့သည်ဟု ပြင်သစ်သမ္မတက ဆက်လက်ပြောကြားသည်။

ဆွေးနွေးပွဲ ကျင်းပနေသည့် ကာလအတွင်း ခွဲထွက်ရေး သူပုန်များ၏ တိုက်ခိုက်မှု ပြင်းထန်လာခြင်းကြောင့် ယူကရိန် နိုင်ငံကို လက်နက်ထောက်ပံ့ပေးရန် လိုမလို သုံးသပ်နေသည်ဟု အမေရိကန်က ထုတ်ပြန်ခဲ့ပြီး ဥရောပတိုက်တွင် စစ်အေးကာလ တိုက်ပွဲပုံစံ လက်ဝေခံများကြား စစ်ပွဲ ပေါ်ပေါက်လာနိုင်သည်ကို စိုးရိမ်ခဲ့ကြသည်။

ခွဲထွက်ရေး သူပုန်များကို ရုရှားက လက်နက်နှင့် တပ်ဖွဲ့ဝင်များ ထောက်ပံ့လျက် ရှိသည်ဟုယူကရိန်းနှင့် နေ တိုး စစ်အုပ်စုက စွပ်စွဲထားသော်လည်း ရုရှားက ငြင်းဆိုထားသည်။

မင့်ခ်မြို့တော်တွင် ကျင်းပသည့် မာရသွန် ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှ ကြာသပတေးနေ့ နံနက်ပိုင်း ထိ ကျင်းပခဲ့ပြီး ရုရှား၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကရိန်း ခေါင်းဆောင်များ တက်ရောက်ခဲ့ကာ အပစ်အခတ် ရပ်စဲရေး ခေါင်းဆောင်များကြား သဘောတူညီသွားပြီ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List