Tuesday, September 02, 2014

စစ်ကိုင်းရှိ တက္ကသိုလ်သုံးခုမှကျောင်းသားများ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြ


အမျိုးသားပညာရေးဥပဒေမူကြမ်းအား စစ်ကိုင်းရှိ တက္ကသိုလ်သုံးခုမှ ကျောင်းသား၊ ကျောင်းသူများ စက်တင်ဘာ ၁ ရက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသတင်းရရှိသည်။ စစ်ကိုင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် သမ၀ါယမတက္ကသိုလ်(စစ်ကိုင်း)တို့ ရှေ့တွင် နံနက် ၁၁နာရီမှ စတင် ကာ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မုံရွာမြို့များရှိကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များက ဆန္ဒ ဖော် ထုတ်ခဲ့ကြခြင်းဖြစ်သည်။

‘‘အမျိုးသားပညာရေးဥပဒေ မူကြမ်းရေးဆွဲတာကျောင်းသား ကိုယ်စားလှယ်တွေ မပါဝင်ဘူး။ ကျွန်တော် တို့ရွေးချယ်ထားတဲ့ ပညာရှင်တွေမပါဝင်ဘူး။အဲဒီထဲ မှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး တွေလည်းလုံးဝ မပါဝင်ဘူး။အဲဒါ တွေမပါတာနဲ့ ကို ကျွန်တော်တို့ ကန့်ကွက်လို့ရနေပြီ’’ဟု စစ်ကိုင်း ခရိုင်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်သမ၀ါယမတက္ကသိုလ်(စစ် ကိုင်း)မှ ကျောင်းသားကိုမင်းထက်စိုးက ဆန္ဒထုတ်ဖော်ပွဲတွင်
ပြောကြားသည်။

ဆန္ဒဖော်ထုတ်ရာတွင် ကျောင်းသားထုအခွင့်အရေးရရှိ ရေး၊ ဗဟိုချုပ်ကိုင်မှု ကင်းလွတ်ပြီးကိုယ်ပိုင်အုပ်ချုပ် ခွင့်ရသော တက္က သိုလ်များပေါ်ထွက်ရေး၊မတရား ထုတ်ပြန်ထားသောကျောင်းတွင်း စည်းကမ်းများဖျက် သိမ်းရေးတို့ကိုလည်း တောင်းဆိုခဲ့ကြသည်။

‘‘ပညာရေးကို ဖိနှိပ်ချုပ်ကိုင် ထားပါတယ်။ ဒီအစိုးရက ပညာ မတတ်လို့ ပညာတတ်တဲ့လူတွေ ပေါ်ထွန်း လာပြီး တိုင်းပြည်ကိုအုပ် ချုပ်သွားမှာကြောက်လို့ သူတို့က ပညာမတတ်တဲ့အတွက်ပညာ ရေးကို ဖိနှိပ်နေ တာပါ။ အဲဒီလိုအ စိုးရမျိုးကို ကျွန်မတို့ကတစ်ခွန်းပဲ ပြောချင်ပါတယ်။ ကျွန်မတို့ ကျောင်းသား ပြည်သူကို အခြေမ ခံရင်၊  ကျောင်းသားပြည်သူသ ဘောမတူဘူးဆိုရင် ဘယ်လိုဥပ ဒေမူကြမ်းမျိုးပဲဖြစ်ဖြစ်ကျွန်မတို့ က ကန့်ကွက်သွားမယ်။အဲဒီလို ကန့်ကွက်ဖို့အတွက် ကျွန်မတို့က အမြဲတမ်းအဆင်သင့်ရှိပြီးသားပါ ပဲ’’ဟု    မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မအိ သဉ္ဇာမောင်ကပြောသည်။

အမျိုးသားပညာရေးဥပဒေ မူကြမ်းကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို တက္ကသိုလ် အသီးသီးရှိ ကျောင်းသားများ သမဂ္ဂအဖွဲ့များ က ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်းဖြစ်သည်။ထိုသို့ ကျောင်း သားများသမဂ္ဂအဖွဲ့များက ဆန္ဒ ဖော်ထုတ်နေ ကြသော်လည်း တ က္ကသိုလ်ကျောင်းသားထုအတွင်း အမျိုးသားပညာရေး ဥပဒေကြမ်း နှင့်ပတ်သက်၍ သိရှိနားလည်မှု နည်းပါးနေကြောင်း ရတနာပုံတက္ကသိုလ်မှ ကထိကဆရာတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List