Wednesday, December 24, 2014

လိုင်ဇာဗိုလ်သင်တန်းကျောင်း တိုက်ခိုက်မှု နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးရန် သဘောတူ လာမည့်ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးရန် NCCT တိုက်တွန်း


ကေအိုင်အေ (KIA) ဌာနချုပ်အနီးရှိ လိုင်ဇာဗိုလ်သင်တန်း ကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြပြီး တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) က မြစ်ကြီးနားမြို့တွင် ပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း သတင်းရရှိသည်။

‘‘လိုင်ဇာကိစ္စဖြေရှင်းပေးဖို့ မြစ်ကြီးနားမှာလုပ်ဖို့ ကျွန်တော်တို့က အဆိုပြုတယ်။ အစိုးရဘက်က ရန်ကုန်မှာလုပ်ချင်တယ်။ ဇန်န၀ါရီပထမပတ်အတွင်းမှာ အကြောင်းပြန်မယ်လို့ အစိုးရဘက်က ပြော တယ်’’ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက တွေ့ဆုံမည့်နေ ရာညှိနှိုင်းမှုနှင့် ပတ်သက်၍ ပြောသည်။

NCCT အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT ဆွေးနွေးပွဲမတိုင်မီ လိုင်ဇာ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး လိုပြီး အစိုးရအနေဖြင့် ပူးတွဲ လုပ်ဆောင်လိုကြောင်း သတင်း ရရှိသည်။

‘‘NCCT နဲ့ UPWC ဆွေးနွေး ပွဲမှာ ထိပ်သီးခေါင်းဆောင်တွေ ပါမလာမှာစိုးလို့ မတိုင်ခင်လုပ်ချင် တာ’’ဟု ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့သည် ဒီဇင်ဘာ ၂၂ မှ ၂၃ ရက်အထိနှစ်ရက်ကြာဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာ ချုပ်တွင် ကျန်ရှိနေသော အချက် များ ဆွေးနွေးနိုင်ခဲ့ပြီး ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယခင်ဆွေးနွေးပွဲများ၌ တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာ ချုပ်မူကြမ်းတွင် နှစ်ဖက်သဘော မတူခဲ့သည့်အချက်များအား နှစ် ရပ်တာ ပြုလုပ်သောဆွေးနွေးပွဲ တွင် သဘောတူညီခဲ့ကြပြီး သက် ဆိုင်ရာ ခေါင်းဆောင်များသို့ ပြန် လည်တင်ပြပြီး အတည်ပြုချက် ရ ယူကြမည်ဖြစ်သည်။

ထို့ကြောင့် တစ်နိုင်ငံလုံး အ ပစ်အခတ်ရပ်စဲရေးစာချုပ်အား ၂၀၁၅ ပြည်ထောင်စုနေ့ (ဖေ ဖော်ဝါရီလ ၁၂ ရက်)တွင် လက် မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုး ပမ်းဆောင်ရွက်ရန် NCCT အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ် ထူးဝင်းက ပြောကြားခဲ့သည်။

ပူးတွဲ ထုတ်ပြန်ချက်တွင် ယခုဆွေးနွေးပွဲမှ ညှိနှိုင်းရရှိထား သော အချက်များကို သက်ဆိုင်ရာခေါင်းဆောင်များထံသို့ ပြန်လည် တင်ပြပြီး အတည်ပြုချက်များ ရ ယူကြမည်။ နောက်တစ်ကြိမ် နှစ် ဖက်ဆွေးနွေးပွဲကို ၂၀၁၅ ဇန်န၀ါရီလလယ်တွင် ပြန်လည်ကျင်း ပရန် နှစ်ဖက်မှ သဘောတူကြပါ သည်ဟု ဖော်ပြပါရှိသည်။

သို့သော် ယခုဆွေးနွေးပွဲသို့ တပ်မတော်မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိသကဲ့သို့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ နှင့် KIA ဒုစစ်ဦးစီးချုပ်တို့လည်း တက်ရောက်ခြင်းမရှိခဲ့ပေ။

7Day Daily

No comments:

Post a Comment

My Blog List