Tuesday, December 23, 2014
ကချင်သုံးပါတီပေါင်းစည်းရေး ဒုတိယအကြိမ် အစည်းအဝေးဆွေးနွေးမှု မအောင်မြင်
ကချင်နိုင်ငံရေးပါတီသုံးခုပေါင်းစည်းနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက်အစည်းအဝေးကိုဒီဇင်ဘာ ၁၉ ရက်နေ့က မြစ်ကြီးနားမြို့ရှိ YMCA ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်းအောင်မြင်ခဲ့ခြင်းမရှိကြောင်း ကချင်ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ ပြောပြချက်အရသိရသည်။
ထိုတွေ့ဆုံညှိနှိုင်းပွဲတွင် ကချင်ပါတီများဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ ( Kachin DemocraticParty) ကချင် ပြည်နယ်ဒီမိုကရေစီပါတီ ( Kachin StateDemocracy Party) ကချင်အမျိုးသားဒီမိုကရေစီကွန်ရက် (KachinNational DemocracyCongress ) စသည့် နိုင်ငံရေးပါတီ သုံးပါတီ ဆွေးနွေးခဲ့သော်လည်း အထမြောက်အောင်မြင်ခြင်းမရှိကြောင်း၊ လာမည့် ၂၀၁၅ ခုနှစ်တွင် ကချင်လူထု၏ မဲများ ကစဥ့်ကလျား မပြန့်ကျဲစေရေးအတွက်ပေါင်းစည်းရေးကို အထူးတိုက်တွန်းကြောင်း၊ ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေးကော်မတီကဒီဇင်ဘာ ၁၉ ရက်နေ့ နေ့စွဲဖြင့်အချက်ငါးချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။
ကချင်ဒီမိုကရေစီပါတီ ဥက်္ကဌဦးကွမ်ဂေါင်အောင်ခမ်းက ““တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ပေမယ့်၊ကျွန်တော်တို့ KDP က လာမယ့်၂၀၁၅ ဇွန်လ ၅ ရက်နေ့ထိ သုံးပါတီပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းသွားမှာပါ””ဟုပြောသည်။
ပါတီသုံးခု ပေါင်းစည်းနိုင်ရေးကို ဇွန်လ၅ရက်နေ့ထိ ဆောင်ရွက်နိုင်ခြင်းမရှိလျှင် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မိမိတို့ကချင်ဒီမိုကရေစီပါတီအနေဖြင့် လူထုဆန်္ဒကိုဦးစားပေးသည့်အနေဖြင့် ပေါင်းစည်းရေးကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းကဒီဇင်ဘာ ၂၁ရက်တွင် ပြောခဲ့သည်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)ဥက်္ကဌ ဦးမနာမ်တူးဂျာက ဒီဇင်ဘာ ၁၉ ရက်နေ့တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် အချက်သုံးချက်ဖြင့်ဆွေးနွေးခဲ့ကြောင်း တစ်ပေါင်းတည်းပေါင်းစည်းရေး၊ ပါတီများဖျက်သိမ်းကာ ပါတီသစ်တစ်ခုဖွဲ့စည်းရေး၊ မဟာမိတ်အဖြစ်ပူးပေါင်းရေးတို့ဖြစ်ကြောင်း၊ မိမိတို့KSDP က ပထမအချက်မှာ မဖြစ်နိုင်ဟုဆွေးနွေးခဲ့ပြီး၊ ဒုတိယနှင့်တတိယအချက်ကို ဆွေးနွေးရန်ပြောဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဆက်လက်ပြောကြားသည်။
ထို့အပြင် ယင်းနေ့အစည်းအဝေးတွင် KNDC ကချင်အမျိုးသားဒီမိုကရေစီကွန်ရက်မှ ဆုံးဖြတ်ချက်ချမှတ်နိုင်သူများတက် ရောက်ဆွေးနွေးခဲ့ခြင်းမရှိကြောင်း၊ နှစ်ပါတီသဘောတူရုံဖြင့်လည်း ပါတီသုံးခုသဘောတူညီသည်ဟု ပြောဆိုရန်မဖြစ်နိုင်ကြောင်း ဒီဇင်ဘာ ၂၁ရက်နေ့တွင် Venus News Weeklyသို့ ပြောသည်။
KSDP ပါတီဥက်္ကဋ္ဌပြောဆိုချက်နှင့်ပတ်သက်၍ KNDC မှ ဦးအောင်လအား ဆက်သွယ်မေးမြန်းရာ ၄င်းမှာယင်းအစည်းအဝေးကိုတက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေးသည့်အကြောင်းအရာများကို မသိရှိကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့တွင်Venus News Weekly ၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
ယခု ဒီဇင်ဘာတွေ့ဆုံမှု မတိုင်မီ KDP / KSDP / KNDC ပါတီတို့သည် ၂၀၁၄ ခုနစ် ဖေဖော်ဝါရီ ၂၅ရက်နေ့က မြစ်ကြီးနားမြို့ စီတာပူနှစ်ခြင်းကျောင်းတွင်လည်း တစ်ကြိမ်တွေ့ဆုံခဲ့သည်။
Venus News
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment