Wednesday, August 20, 2014

တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရာတွင် ဒေါ်အောင်ဆန်းစုကြည် သက်သေအဖြစ် လက်မှတ်ရေးထိုးရန် NCCT ဆန္ဒရှိ



တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရာတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ် ခေါ်ရန် အစီအစဉ်ရှိကြောင်း တစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက သြဂုတ်လ ၁၈ ရက်တွင် ပြောကြား လိုက်သည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြုလုပ်ခဲ့သော ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC)၊ NCCT နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ လက်ရှိငြိမ်းချမ်းရေးဖြစ် စဉ်နှင့်ပတ်သက်၍ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအပြီး နိုင်ဟံသာက သတင်းထောက်များ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။

‘‘ရည်ရွယ်ထားပါတယ်။ အ ပစ်အခတ်ရပ်စဲရေးမှာ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့သက်သေအ ဖြစ် ပါဝင်လက်မှတ်ရေး ထိုးဖို့ပါ’’ ဟု နိုင်ဟံသာက ပြောသည်။

NCCT ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်ကလည်း ‘‘သူတို့ လို အဆင့်က ဘယ်နေရာမှာပါရ မလဲဆိုတာ အရေးကြီးပါတယ်။ ပါဝင်သင့်တဲ့ အချိန်ရောက်ရင် ပါ ၀င်လာမှာဖြစ်ပါတယ်။ နောက် Process တွေမှာ ဖိတ်ခေါ်ဖို့ ရှိပါ တယ်’’ ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် အသိသက်သေအဖြစ် ပါ ၀င်လက်မှတ်ထိုးရေး ဖိတ်ကြား ရန်အတွက် NCCT မှ အစီအစဉ် ရှိသော်လည်း အစိုးရပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် ညှိနှိုင်းရန် ကျန်ရှိနေသေးသည်ဟု NCCT က ပြောသည်။ နိုင်ငံရေးစေ့စပ် သည့်အခါတွင်လည်း ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် နိုင်ငံရေး ပါတီကိုယ်စား ပါဝင်လာမည်ဟု ဆိုသည်။

‘‘ဥက္ကဋ္ဌက ပြည်တွင်းငြိမ်း ချမ်းရေးမှာ သူကိုယ်တိုင်ပါဝင်ဖို့ ဆန္ဒရှိတယ်လို့ သုံးကြိမ်ပြောဖူး တယ်။ စိတ်ရှိတယ်ဆိုတာကို ပြောတာ သုံးခါလောက်ရှိပြီ။ ဒီ နေ့အထိ ဒေါ်အောင်ဆန်းစုကြည် ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖိတ် တာ မရှိသေးဘူး။ ပါတီတစ်ခုရဲ့ ဥက္ကဋ္ဌကို ဖိတ်စာနဲ့ တရားဝင်ဖိတ် တာ မရှိသေးဘူး။ စာနဲ့မဖိတ်ဘူး ဆိုရင် ဘယ်လိုလုပ်ပြီးတော့ အ သိအမှတ်ပြုလို့ ရမလဲ’’ ဟု ဆွေး နွေးပွဲသို့ တက်ရောက်လာသော ဒီချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ် ၀င်းက 7Day Daily အား ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမှုမရှိကြောင်း ဆိုရာ တွင် တစ်ဖက်တည်းကို ဆိုလိုခြင်း မဟုတ်ဘဲ UPWC နှင့် NCCT နှစ်ဖက်စလုံးက ဖိတ်ကြားလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြင်းဆန်မည်မဟုတ်ကြောင်း ဦး ဉာဏ်ဝင်းက ဆိုသည်။ ယခုအချိန် ထိ ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်း စုကြည် မလာရခြင်းမှာ နှစ်ဖက် အဖွဲ့အစည်းများက ဖိတ်ကြားမှု မရှိ၍ဖြစ်ကြောင်း ဒီချုပ်က တုံ့ပြန်ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန်က တိုင်း ပြည်ငြိမ်းချမ်းရေးအတွက် အင် အားစုအားလုံး ပါဝင်ဆောင်ရွက် ကြရန် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ သည့် သုံးနှစ်ပြည့်သည့်နေ့ဖြစ် သော သြဂုတ် ၁၈ ရက်တွင် အာ ဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပါ တီ၊ နိုင်ငံရေး ပါတီ ၁၁ ခု မဟာ မိတ်ဖွဲ့ထားသည့် ဖက်ဒရယ်ဒီမို ကရေစီမဟာမိတ်အဖွဲ့နှင့် တိုင်း ရင်းသားပါတီ ၃၀၊ စုစုပေါင်း ပါ တီ ၃၄ ခုနှင့် UPWC ၊ NCCT တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

7Day Daily

No comments:

Post a Comment

My Blog List