Thursday, August 21, 2014

ဆက်သွယ်ရေးကွန်ရက်အဆင့်မြှင့်ရန် ကန်ဒေါ်လာသန်း ၁၀၀ ဂျပန်ထုတ်ချေးမည်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းနှင့် အင်တာနက်ဆိုင်ရာဆက်သွယ်ရေးကွန်ရက်များကို အဆင့်မြှင့် တင်နိုင်ရန် ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ခန့်ထုတ်ချေးပေးသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

‘‘ချေးငွေကတော့ ကန်ဒေါ်လာ သန်း ၁၀၀ လောက်ထုတ်ပေး သွားမယ်လို့ သိရတယ်။ ဘယ်လို ပုံစံနဲ့လုပ် သွားမယ်ဆိုတာက တော့ အခုမှဆွေးနွေး နေတုန်းပဲရှိ ပါသေးတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Internet Service Provider ဌာနမှ အင်ဂျင် နီယာချုပ်  ဦးမျိုးဆွေက  ပြော သည်။

ဂျပန်နိုင်ငံမှ ချေးငွေရရှိပါက ဆက်သွယ်ရေးကွန်ရက်တစ်ခုလုံးအတွက်လို အပ်သောအခြေခံ အဆောက် အအုံများတိုးချဲ့တည် ဆောက်ခြင်း၊ မိုဘိုင်းကွန်ရက်၊ ပြည်တွင်းအင်တာနက်ဆက် ကြောင်းများနှင့် ပြည်ပဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းများ စသည်တို့ကို အဆင့်မြှင့်တင်ခြင်းအပြင် ဆက်သွယ် ရေးကဏ္ဍဆိုင်ရာလုပ်ငန်းများကို တိုးချဲ့လုပ် ဆောင်သွားမည်ဖြစ်သည်။

‘‘လုပ်မယ်ဆိုရင်တော့ ဆက်သွယ်ရေးကဏ္ဍနဲ့သက်ဆိုင်တဲ့ လုပ်ငန်းအားလုံးကို အဆင့် မြှင့်တင်မှုတွေ လုပ်သွားမယ်။ ချေးငွေမရခင်ကာလမှာတော့ KDDI နဲ့ပေါင်းပြီးတော့ ကွန်ရက် အဆင့်မြှင့်တင်မှုတွေ အရင်လုပ် သွားပါမယ်’’ဟု ဦးမျိုးဆွေက ပြောသည်။

ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် KDDI နှင့် Sumi-tomo Cooperation တို့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွား မည်ဖြစ်သည့်အတွက်  လက်ရှိကွန်ရက်ချဲ့ထွင်မှုများကို    အဆိုပါကုမ္ပဏီများနှင့်    ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်သည်။

7Day News Journal 

No comments:

Post a Comment

My Blog List