မတ်လ(၂၇)ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းတွင် မီတာ(၂၀)အနက်
ရှိသည့် မြေကျင်းကြီးတစ်ခုထဲကို လုံခြုံရေးအမျိုးသား တစ်ဦး မတ်တပ်ရပ် နေစဉ်ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ အသက် (၂၅)နှစ်အရွယ် လုံခြုံရေးအမျိုးသားယန်စီဘင်းသည် ရှန်ဇီးမြို့ အိမ်ယာ ၀င်း တစ်ခုအတွင်းက လုံခြုံရေးဝန်ထမ်း တစ်ဦးဖြစ်ပြီးမြေကြီး ထဲကျွံကျ မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံတွင် ကွယ်လွန် သွားခဲ့ သည်။ အနီးပတ်ဝန်းကျင်နေရပ်ကွက်သူရပ်ကွက်သားများသည် အ ခင်းဖြစ်ပွားရာနှင့် အနီးရှိဆောက် လုပ်ရေးလုပ်ငန်းခွင်တရားမ၀င်မြေကြီးတူးဖော်မှုများကြောင့် ယခုလိုဖြစ် ပွားရခြင်းဖြစ်ကြောင်း အပြစ် တင်ပြောဆိုလျက်ရှိသည်။လက်ရှိအခြေအနေတွင်တာဝန်ရှိ သူများ က မြေကြီး ကျွံကျမှုဖြစ်ပွားရသည့် အကြောင်း အရင်းကိုရှာဖွေလျှက်ရှိပြီး အခင်းဖြစ်ပွားခဲ့သည့် အဆောက်အအုံ ကလူများကိုယာ ယီတည်းခို စရာစီစဉ်ပေးထားကြောင်း ရိုက်တာသတင်းဌာနက တင်ပြသွားသည်။
SkyNet TV Browser

No comments:
Post a Comment