မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲ
အခမ်းအနားကို အင်ဒိုနီးရှားထက် ပိုကောင်းအောင် ဆောင်ရွက်နေကြောင်း
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက စက်တင်ဘာ ၂၄
ရက်နေ့တွင် ပြောကြားလိုက်သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊
ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ခမ်းနားကြီးကျယ်စွာဖြင့်
ဖွင့်လှစ်သွားမည်ဖြစ်ပြီး အရှေ့တောင်အာရှ (၁၁) နိုင်ငံမှ
နိုင်ငံအကြီးအကဲများ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ တက်ရောက်ရန်ရှိကြောင်း
သိရသည်။ ယင်းအခမ်းအနားကို အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး
ပထမပိုင်းတွင် အိုလံပစ်မီးရှုးတိုင်ကို မီးထွန်းညှိခြင်း၊
အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရခြင်းနှင့်
စပ်လျဉ်း၍ ရှင်းလင်းတင်ပြသွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတကို
ပြိုင်ပွဲဖွင့်လှစ်ကြောင်း ကြေညာပေးရန် ပန်ကြားခြင်း၊ ပါဝင်ယှဉ်ပြိုင်မည့်
နိုင်ငံပေါင်း (၁၁)နိုင်ငံမှ ထင်ရှားသည့် တေးသီချင်းများကို
မြန်မာ့ဆိုင်းဝိုင်းကြီးများက ဂုဏ်ပြုတီးခတ် သီဆိုမည့် အစီအစဉ်အပြင်
နိုင်ငံကျော်အဆိုရှင်များ၏ သီဆိုမှုများဖြင့် ခမ်းခမ်းနားနား တင်ဆက်ရန်
စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။ “ဒီလိုမျိုး တင်ဆက်နိုင်ဖို့ လွန်ခဲ့တဲ့
သုံးနှစ်လောက်ကစပြီး ပြည်ထောင်စု ဝန်ကြီးက စဉ်းစားလာခဲ့တာပါ။ ခမ်းနားအောင်
ဆောင်ရွက်နိုင်ဖို့၊ ဘေဂျင်းအိုလံပစ်၊ လာအို၊ အင်ဒိုနီးရှား
ဆီးဂိမ်းတွေကိုလဲ သွားရောက်လေ့လာခဲ့တယ်” ဟု ညွှန်ကြားရေးမှူးချုပ်
ဦးရန်နိုင်ဦးက ဆက်လက်ပြောကြားသည်။ ဒုတိယပိုင်း အစီအစဉ်များမှာ
မြန်မာနိုင်ငံ မြေပုံတွင် တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည်ကို
တရုတ်နိုင်ငံ၊ ဘေဂျင်းအိုလံပစ် အခမ်းအနားကို တာဝန်ယူခဲ့ကြသည့်
ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ
တိုင်းရင်းသားအကများဖြင့် ကပြတင်ဆက်မည့် အစီအစဉ်၊ ခေတ်အဆက်ဆက်
သရုပ်ဖော်ကကွက်များ၊ မင်းခမ်းမင်းနား အစီအစဉ်များကို ဒေဝါဝင်း၊
ရာဇာဝင်းများခင်း၍ စီချီစစ်တက် သရုပ်ဖော်မှု အစီအစဉ်များ ပါဝင်ကြောင်း
သိရသည်။ ယင်းသို့ တင်ဆက်ပြသသည့် အစီအစဉ်များနှင့် အပြီးသတ်
လေ့ကျင့်ရေးအတွက် အားကစားကွင်း ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍
ဖြေကြားရာတွင် “ဒီနှစ် ဒီဇင်ဘာမှာ ရာခိုင်နှုန်းအပြည့် ပြီးစီးမယ်လို့
သိရတယ်။ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် သွားရောက်ပြီး လေ့လာကြည့်ရှုပြီးပြီ”
ဟု ယင်းကပြောသည်။ အဆိုပါ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားကို
ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အပါအဝင် လူဦးရေ (၃၀၄၈)
ဦးဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ
ထင်ရှားကျော်ကြားသည့် အနုပညာရှင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ဝန်ကြီးဌာန တစ်ခုတည်းကတင် လူဦးရေ သုံးထောင်ကျော် သုံးထားတယ်။ နောက်
ပြင်ပပညာရှင်တွေတဲ့ ကျောက်ဆည်ဆင်အကကိုလဲ လူအင်အား အများကြီးနဲ့
ခေတ်မီနည်းစနစ်တွေ သုံးပြီး ရုပ်လုံးကြွအောင် ဖန်တီးထားတယ်” ဟု ယင်းက
ပြောပြခဲ့ကြောင်း သိရှိရသည်။
From : ရန်ကုန်တိုင်းမ်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment