ဗျောက်အိုး နှင့် မီးရှူးမီးပန်းများကို ရောင်းဝယ်ဖောက်ကားခြင်း နှင့် ပစ်ဖောက်ခြင်းများကို ဥပဒေမှတားမြစ်ထားသော်လည်း ရောင်းဝယ်ဖောက်ကားသူများကေ၇ာင်းဝယ်နေကြပြီး ဗျောက်အိုးဖောက်နေ သူများလည်းပိုမိုများပြား လာသ ဖြင့်အေးချမ်းစွာနေထိုင်သော ပြည်သူများထိတ်လန့်ခြင်း ၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ ဗျောက်အိုး နှင့် မီးရှူးမီးပန်းပစ်ဖောက်သူများ တနေ့ထက်တနေ့များပြားလာသည်မှာ တစ်လနီးပါးခန့်ရှိပြီးဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါ စည်းကမ်းမဲ့ ဗျောက်အိုးဖောက်သူများအား ဥပဒေနှင့် အညီတားဆီးခြင်းမရှိ ၍ပိုမိုအတင့်ရဲစွာပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများမှ Hot News Journal သို့ပြောကြားသည်။ “ကျွန်တော်တို့သူငယ်ချင်းတစ်စု မော်လမြိုင်ကိုသွားတော့ ကမ်းနားလမ်း နဲ့ တော်ပေါ်တန်းလမ်းတွေမှာ ည (၇) နာရီလောက်ကစပြီးဗျောက်အိုးဖောက်တဲ့လူ အတော်များများကိုတွေ့ရတယ်။ ဗျောက်အိုးကိုလူတွေ အနားထိရောက်အောင်ပစ်ထည့်ပြီး ပေါက်ကွဲသံကြောင့် လန့်ပြီးအော်ဟစ်ကြတဲ့ သူတွေကိုကြည့်ပြီး သဘောကျနေကြတယ်။ ကျွန်တော်တို့အရှေ့က ဆိုင်ကယ်စီးသွားတဲ့ ကောင်မလေးနှစ်ယောက်ရဲ့ ဆိုင်ကယ်အောက်နားထိ အဲဒီလူတွေက ဗျောက်အိုးကိုပစ်ထည့်လိုက်တယ်။ “ဖျောင်း´´ဆိုတဲ့အသံလည်းကြားရော…အဲဒီကောင်မလေး နှစ်ယောက် လန့်ပြီးဆိုင်ကယ်မှောက်သွားတာ ဒူးတွေပြဲ ၊ တံတောင်ဆစ်တွေလဲ ကွဲသွားတယ်.. အဲဒီ ဗျောက်အိုးဖောက်တဲ့ သူတွေကို ကျွန်တော်တို့ လိုက်ဖမ်းတော့ ဒီကောင်တွေ ထွက်ပြေးသွားတယ်။ နှလုံးရောဂါရှိတဲ့သူသာဆို…. အဲဒီမှာတင်သေသွားနိုင်တယ်။ အများပြည်သူတွေကို အထိတ်အလန့်ဖြစ်စေတဲ့ ဗျောက်အိုးဖောက်သူတွေကို တာဝန်ရှိသူတွေ ကထိရောက်စွာအရေးယူသင့်တယ်။ စောင့်ဖမ်းသင့်တယ်။´´ဟုကိုရန်နိုင်လင်း နှင့် သူငယ်ချင်းများမှ ပြောသည်။ ဗျောက်အိုးသံကြောင့်ထိတ်လန့်သွားသူများအား ဟားတိုက်ရယ်မောခြင်း ၊ လှောင်ပြောင်သရော်ခြင်းများလည်းရှိနေ ကြရာမြန်မာ့ယဉ်ကျေးမှုကိုချိုးဖောက်မှုဖြစ်လာကြောင်းတွေ့ရသည်။ မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းနှင့် တော်ပေါ်တန်းလမ်းများသာမကပဲ ရပ်ကွက်များအတွင်း၌ လည်း ဗျောက်အိုးသံများ မီးရှူးမီးပန်းများဖြင့်ဆူညံနေပြီး၎င်းတို့မှ ထွက်လာသော ယမ်းနံ့များကြောင့် ပြည်သူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်းတို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဗျောက်အိုးဖောက်သူများ နှင့် ရောင်းချသူများကို အမြန်ဆုံးရှင်းလင်းဖယ်ရှား အရေးယူသင့်ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ စုံစမ်းသိရှိရသည်။
Friday, September 28, 2012
အရေးယူမှ စည်းကမ်းရှိတတ်တဲ့ မြန်မာလူမျိုးများ ဗျောက်အိုးဖောက်ခြင်းကို တားမြစ်သူမရှိ၍ ပိုမိုရဲတင်းစွာပြုလုပ်လာကြ

Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment