ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရအထက်တန်းကျောင်းတွင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ခွင့်လျှောက်လွှာ အပိုငွေများကောက်ခံခဲ့ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
ဘုရားသုံးဆူမြို့အထက ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကရင်ပြည်နယ်
ကြားအင်းဆိပ်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း လျှောက်လွှာကြေးတစ်စုံအတွက်
မြန်မာငွေ ၂၅၀ဝ-ကျပ်နှုန်းပေးသွင်းကြရသော်လည်း
ဘုရားသုံးဆူမြို့နယ်ခွဲတွင် မြန်မာကျပ်ငွေ ၇၀ဝ၀တန်ဖိုးနှင့်ညီမျှ သောထိုင်းဘတ်ငွေ၂၅၀ ကောက်ခံခဲ့ခြင်း
ဖြစ်သည်။
“ကျောင်းက ဒီတနင်္ဂနွေနေ့ဆို ကြာအင်းဆိပ်ကြီးကို
လျှောက်လွှာသွားတင်ကြတော့မယ်လို့ပြောတယ်၊ မနေ့ကအပြီးပေးသွင်းခဲ့ပြီးပြီ” ဟု
ကျောင်းသားမိဘတစ်ဦးက ပြောသည်။
တက္ကသိုလ်ဝင်တန်းလျှောက်လွှာများကို ဘုရားသုံးဆူမြို့မှ
ကြာအင်းဆိပ်ကြီးမြို့သို့ သွားရောက်ပေးပို့ရသည့် အတွက်
လမ်းခရီးဝန်ဆောင်ခစရိတ်ပါ အပိုကြေးငွေကောက်ခံခြင်းဖြစ်သည်ဟုလည်း
ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါလျှောက်လွှာများကို နေပြည်တော်ရုံးအမှတ် ၅၂-
မြန်မာနိုင်ငံစာစစ်(ရုံးချုပ်) နှင့် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ရှိ
မြန်မာနိုင်ငံစာစစ်အဖွဲ့(ဇွဲကပင်ဆောင်)၌ ယခုလစက်တင်ဘာ ၃
ရက်နေ့မှစတင်ရောင်းချခဲ့ပြီး လျှောက်လွှာပိတ်ရက်မှာ ယခုလ၂၈ ဖြစ်သည်ဟု
သတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သည်။
ဘရားသုံးဆူမြို့ အထကတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားဦးရေ ၈၀ ကျော်ရှိသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment