အစိုးရပိုင် တရုတ် ဓာတ်သတ္တု ရှာဖွေရေး
အုပ်စု ကော်ပိုရေးရှင်း (MCC) က အာဖဂန် နစ္စတန် နိုင်ငံ အရှေပိုင်း လိုဂါ
ပြည်နယ်မှာရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ နီးပါးက ရှေးဟောင်း
ဗုဒ္ဓယဉ်ကျေးမှု အနုပညာလက်ရာတွေ ရှိတဲ့ သမိုင်းဝင် အမွေအနှစ် ဒေသကို
ဖျက်ဆီးပြီး ဓာတ်သတ္တု မိုင်း ရှာဖွေရေး လုပ် ငန်းတွေကို လုပ်ဆောင်ဖို့ 
စတင် နေတာကြောင့် နိုင်ငံတကာက ရှေးဟောင်း ယဉ်ကျေးမှုနဲ့  သုတေသန ပညာရှင်တွေ
၊ ဗုဒ္ဓဘာသာဝင်တွေ ၊ အာဖဂန် နစ္စတန်က မွတ်ဆလင်တွေ က ပြင်းပြင်း ထန်ထန် စတင်
ကန့်ကွက် နေကြပါပြီ ဖြစ်ပါတယ်။
လိုဂါ
က ရှေးဟောင်း သုတေသန နယ်မြေဟာ ဗုဒ္ဓခောတ် ပန်းချီ ပန်းပု လက်ရာ
အနုပညာတွေကို အများဆုံး တွေ့ရတဲ့ နေရာဖြစ် ပြီး ၊ ကြေးခောတ်က အသုံးအဆောင်
ပစ္စည်းတွေ ကိုပါ တွေ့ရှိ နိုင်တဲ့ သမိုင်း ၀င် ပိုးလမ်းမကြီး ပေါ်မှာ ရှိတဲ့
နေရာ ဖြစ်ပါတယ်။ အာဖဂန် နစ္စတန် နိုင်ငံရဲ့  မြို့တော် ကဘူးလ်မြို့ရဲ့ 
အရှေ့  တောင်ဘက် ၂၅ မိုင် အကွာမှာရှိတဲ့ မာစ်အိုင်နက် ရှေးဟောင်း
ယဉ်ကျေးမှု နယ်မြေဟာ ကမ္ဘာမှာ ရှေးအကျဆုံး ဗုဒ္ဓဘာသာ နယ်မြေ ဖြစ်ပါတယ်။
တရုတ်
MMC ကုမ္ပဏီ က Mes Aynak မှာ သတ္တု ရှာဖွေတူးဖော် နိုင်ရေးအတွက် ကျေးရွာ
ခြောက်ရွာ တောင်ကျော နှစ်ခု ၊ ရှေးဟောင် ဂူပုထိုးနဲ့ ဗုဒ္ဓဘာသာ
ထွန်းကားခဲ့စဉ်က သမိုင်းဝင် ရှေးဟောင်း ဘုန်းတော် ကြီးကျောင်း တွေကိုပါ
ဖျက်ဆီး ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ အမေရိကန် North Western တက္ကသိုလ် ၊
မီဒီလ် စာနယ်ဇင်း ပညာကျောင်းက ပါမောက္ခနဲ့  မှတ်တမ်း ရုပ်ရှင်
ဒါရိုက်တာလည်း ဖြစ်တဲ့ ဘရန် ဟဖ်မန်း က The Buddhas of Aynak ဆိုတဲ့
မှတ်တမ်း ရုပ်ရှင်ကားကို စွန့်စား ရိုက်ကူးခဲ့ပြီး တရုတ်က ဒီဒေသမှ ရှိတဲ့
ရှေးဟောင်း ဗုဒ္ဓဘာသာ နေရာတွေကို ဖျက်ဆီးပြီး ဓာတ်သတ္တု တူးဖော်မှုဟာ သဘာဝ
ပတ်ဝန်းကျင်ကိုပါ ပျက်စီးစေတယ်လို့  သူရဲ့  အိုက်နက်က ဗုဒ္ဓဇာတ်ကားထဲမှာ
ထောက်ပြခဲ့ပါတယ်။
မာစ်အိုင်နက် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဟာ
ကမ္ဘာမှာ ဒုတိယ အကြီးဆုံး ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် နယ်မြေ
ဖြစ်ပါတယ်။ အာဖဂန် နစ္စတန် အစိုးရက တရုတ် ကုမ္ပဏီ MCC ကို နှစ် ၃၀ လုပ်ခွင့်
ဒေ ဒေါ်လာ ၃ ဘီလျှံ နဲ့  အငှားချထားတာ ဖြစ်ပါတယ်။
ကန့်ကွက်မှုတွေ ဖြစ်လာတော့ MCC ကုမ္ပဏီ က ” စာချုပ်ချုပ်ဆိုချိန်မှာ အာဖဂန်
အစိုးရက ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဆိုတာ ထည့်မပြော ခဲ့ဘူးလို့ ဆို ပါတယ် “
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment