အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရေးသားတင်ပြနေသည့် မဇ္ဈိမ သတင်းဌာန၏
အင်တာနက် စာမျက်နှာများ သောကြာနေ့မှစ၍ DDoS တိုက်ခိုက်မှု ခံနေရသည်။
“မဇ္ဈိမဝက်ဘ်ဆိုက်သည် DDoS တိုက်ခိုက်မှု
ခံနေရပါသည်။ ဘာကြောင့် တိုက်ခိုက်သည်ကိုတော့ အယ်ဒီတာအဖွဲ့အနေဖြင့် တိတိကျကျ
အ တည်မပြုနိုင်သေးပါ” ဟု ထုတ်ပြန်ချက်အတွင်း ပါရှိသည်။ ထို့အပြင် “မဇ္ဈိမအနေဖြင့်
လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်အ တွင်း ဖြစ်ပွားခဲ့သည့်
ပဋိပက္ခသတင်း ဖော်ပြမှုနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုအချို့ ခံခဲ့ရပါသည်” ဟုလည်း ကြေညာချက်အတွင်း ဖေါ်ပြထား သည်။
သောကြာနေ့ ညနေပိုင်းမှ စတင်ခဲ့သော DDoS တိုက်ခိုက်မှုကြောင့် မဇ္ဈိမ၏
အင်တာနက် စာမျက်နှာများ ဖွင့်၍ မရတချက် ရတချက် ဖြစ် နေခဲ့ ပြီး စနေနေ့တွင်
မြန်မာနိုင်ငံတွင်း အပါအ၀င် အချို့နေရာများတွင် လုံးဝ ဖွင့်မရတော့သည်ကို
တွေ့ရှိလာရသည်။
DDoS ဟူခေါ်သည့် Distributed Denial of
Services တိုက်ခိုက်မှုသည် ဆာဗာပေါင်း များစွာမှ မဇ္ဈိမဝက်ဘ်ဆိုက်သို့
ဝင်ရောက်ကြည့်ရှုမှု များ ပြားစွာ ဖြစ်လေဟန် တချိန်တည်း ပို့လွှတ်၍
တိုက်ခိုက်သည့် နည်းလမ်း ဖြစ်သည်။
မဇ္ဈိမ အင်တာနက် စာမျက်နှာသို့ DDoS ပို့လွှတ်ကာ အများဆုံး လာရောက်
တိုက်ခိုက်မှု အများဆုံးနိုင်ငံမှာ မလေးရှားနိုင်ငံ ဖြစ်ပြီး အမေ ရိ ကန်မှာ
ဒုတိယ အများဆုံး ဖြစ်သည်။
အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက်လျက် ရှိနေသည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံအတွင်းမှလည်း ပို့လွှတ် တိုက် ခိုက် လျက်ရှိသည်ကို
တွေ့ရသည်။
မဇ္ဈိမ အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇
စက်တင်္ဘာလအတွင်း သံဃာတော်များ ဦးဆောင် သော လူထုဆန္ဒပြချိန်တွင်း၊ ၂၀၀၈ ခုနှစ်
နာ ဂစ် မုန်တိုင်း တိုက်ခတ်မှုအပြီးနှင့် ၂၀၁၀ ရွေးကောက်ပွဲနီး
ကာလများတွင်လည်း ယခုကဲ့သို့ DDoS တိုက်ခိုက်မှုမျိုး ကြုံခဲ့ရဖူးသည်။ အင်္ဂ
လန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက်လျက်ရှိနေသည်။
အိန္ဒိယနိုင်ငံ တွင်း တနေရာနှင့် မြန်မာနိုင်ငံအတွင်းမှလည်း
ပို့လွှတ်တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။
မဇ္ဈိမ အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သော
လူထုဆန္ဒပြချိန်တွင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ်
မုန်တိုင်းတိုက်ခတ်မှုအပြီးနှင့် ၂၀၁၀ ရွေးကောက်ပွဲနီးကာလများတွင်လည်း
ယခုကဲ့သို့ DDoS တိုက်ခိုက်မှုမျိုးကြုံခဲ့ရသေးသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment