Tuesday, August 28, 2012
ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ရခိုင်သို့ရောက်ရှိ
ရခိုင်ပြည် လွှတ်မြှောက်ရေး ပါတီ ထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းသည် အဖွဲ့ဝင် (၆) ဦးနှင့် အတူ ယနေ့တွင် တက်က နက်မြို့မှ တဆင့် မောင်တောသို့ ထွက်ခွာသွားကြောင်း သိရသည်။
ဒေါ်စောမြရာဇာလင်းက သူမ၏ ခရီးစဉ်နှင့်ပတ်သတ်ပြီး ခရီးမထွက်ခွာမည် ညနေပိုင်းက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောကြားသည်။
“ကျမက ၂၄ နှစ်ကြာ ရခိုင်ပြည်နဲ့ ဝေးနေခဲ့ရပါတယ်။ အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်လိုက်တဲ့အချိန်မှာရခိုင်ပြည်မှာဒုက္ခ ရောက်နေကြတဲ့ ပြည်သူတွေကို ကျမအနေနဲ့ အားပေး စကားပြော ချင်တာလည်းပါတယ်။ နောက်တခုက ကျမတို့ ရခိုင်ပြည် လွတ်မြောက် ရေး ပါတီက ပထမဆုံးအကြိမ် ဆက်သွယ်ရေးရုံးကို ဖွင့်လှစ်နိုင်ဖို့ အတွက်လည်း ပါဝင် တယ်။ ဒါကြောင့် ဒီခရီးစဉ်ကို သွားတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဒေါ်စောမြရာဇာလင်းမှာ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) ၏ အထွေထွေ အတွင်းရေးမှူး သာမက ဘင်္ဂလာဒေ့ခ်ျနိုင်ငံအခြေ စိုက်ရခိုင် အမျိုးသမီးအစည်းအရုံး၏ ဥက္ကဌ လည်းဖြစ်သည်။
“ ကျမ ခရီးစဉ်မှာ သမတဦးသိန်းစိန်ကိုလည်း တွေ့ဆုံခွင့်တောင်းထားပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်နဲ့လည်းတွေ့ဆုံခွင့် တောင်းထားပါ တယ်။ သူတို့နဲ့တွေ့ရဖို့ဆိုတာကလည်း သူတို့ရဲ့ အချိန်တွေအား မအားနဲ့ သက် ဆိုင်ပါ မယ်။ ပြီးတော့ ရတပ ပါတီက ခေါင်းဆောင်တွေ၊ ALD ပါတီက ခေါင်းဆောင် တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ စစ်တွေက မြို့မိမြို့ဘတွေနဲ့ ရသေ့တောင်က မြို့မိ မြို့ ဘတွေ နဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားပါတယ်” ဟု ဆိုသည်။
ဒေါ် စောမြရာဇာလင်းနှင့် အဖွဲ့အား ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့်နစကကွပ်ကဲရေးမှူးဗိုလ်မှူးကြီး အောင် နိုင်ဦးတို့မှ မောင်တောတွင် ဦးဆောင် ကြိုဆို မည်ဖြစ်ကြောင်း သူမ ခရီးစဉ်နှင့်ပတ်သတ်ပြီး ထုတ်ပြန်သည့် သတင်း ထုတ်ပြန် ချက် တစ်ခု တွင် ဖော်ပြ သည်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အဖွဲ့ သည် ယနေ့တွင် တက်ကနက်မြို့မှမောင်တောမြို့သို့ရောက်ရှိသွားပြီဖြစ်ကြောင်းမောင် တော ဒေသခံ တစ်ဦးက ပြောသည်။
“မနေ့ မောင်တော ဆိပ်ကမ်းမှာ ဒီက ရခိုင်အမျိုးသား- အမျိုးသမီတွေ၊ မြို့ကလူကြီးတွေ၊ ရတပ ပါတီက အမျိုးသမီးတွေနဲ့ ဌာနဆိုင်ရာ တွေ ကလည်း ကြိုဆိုကြပါတယ်။ ပြီးတော့ အောင်ဗလ ဆရာတော်ကြီး ကိုလည်း သွားပြီးကန် တော့ ခဲ့ပါတယ်” ဟု ဆိုသည်။
ယနေ့နံနက်ပိုင်းက ဒေါ်စောမြရာဇာလင်းနှင့်အဖွဲ့သည် မောင်တောမှ ဘူးသီးတောင်၊ ဘူးသီးတောင်မှ တဆင့် အမြန်ယဉ်ဖြင့် စစ်တွေသို့ ထွက်ခွာသွားပြီးဖြစ် သည်။
ဒေါ် စောမြရာဇာလင်းနှင့်အဖွဲ့ကို ကြိုဆိုရန် ယနေ့ နံနက်ပိုင်းက စစ်တွေမြို့တွင် လော်စပီကာဖြင့် မြို့ကို ပတ်ပြီး တိုက်တွန်းနေကြောင်း စစ် တွေမြို့မှ လူငယ်တဦးကပြောသည်။
ဒေါ် စောမြရာဇာလင်းမှာ ယခုနှစ် ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေး နွေးပွဲတွင် အဖွဲ့ဝင်တဦးအဖြစ် ပါဝင်ပြီး သွားရောက်ရန် စီစဉ်ခဲ့ သော်လည်း အကြောင်း အမျိုးမျိုးကြောင်း ခရီးစဉ်ကို ဖျက်သိမ်း ခဲ့ပြီး ယခုမှ သူမ၏ မြန်မာပြည် ခရီး စဉ်ကို စတင်နိုင်ခြင်း ဖြစ်သည်။
ဒေါ်စောမြရာဇာလင်းမှာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင်ပေါ် ပေါက်ခဲ့သည့် အရေးအခင်းကာလတွင် စစ်တွေမြို့၌ သပိတ် ခေါင်းဆောင်တ ဦးအ ဖြစ်ပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ဘင်္ဂလာဒေ့ခ်ျသို့ ထွက်ခွာလာခဲ့ပြီး တော်လှန်ရေး လုပ်နေ သူ အမျိုးသမီး ဖြစ်သည်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment