Friday, August 31, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို ပေါင်းစည်းရန် သ၀ဏ်လွှာပေးပို့


နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို ပေါင်းစည်း၍   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် တစ်ခုထဲသို့ ပြင်ဆင်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန် သြဂုတ်လ ၂၉ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ထားသည်။ သ၀ဏ် လွှာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံး

စာအမှတ်၊ ၁၀၇(၅)/၈/သမ္မတရုံ

ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊သြဂုတ်လ ၂၉ ရက်

သို့
နာယက
ပြည်ထောင်စုလွှတ်တော်

အကြောင်းအရာ ။ ။ သ၀ဏ်လွှာပေးပို့ခြင်း

၁။ နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင်ဖူလုံရေးအတွက် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနများအဖြစ် တာဝန်ခွဲ၍ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်

၂။ လုပ်ငန်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု ထိရောက်ကောင်းမွန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းမှု လွယ်ကူစေရန်တို့ အတွက် အဆိုပါ ၀န်ကြီးဌာနနှစ်ခုအား ပေါင်းစည်း၍ ''လျှပ်စစ်စွမ်းအားဝန်ကြီးဌာန'' အဖြစ် ၀န်ကြီးဌာန တစ်ခုတည်းသို့ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လိုပါသည်။

၃။ ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုအားဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ညီချက် ရယူပေးနိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်။

သိန်းစိန်
နိုင်ငံတော်သမ္မတ

No comments:

Post a Comment

My Blog List