Thursday, April 19, 2012

ကင်ဆာကု ဆေးသစ်တစ်မျိုး အီရန် သုတေသန ပညာရှင်များ တီထွင်


ဟားဗာဒ့် ဆေးတက္ကသိုလ်မှအီရန်သုတေသနပညာရှင်OmidFarrokhzadမှာပိုမို ကောင်းမွန်သည့်ကင်ဆာကုဆေးသစ်တစ်မျိုးကိုထုတ်ဖော် ပြသခဲ့ကယင်းမှာတိရစ္ဆာန်များတွင် ဖြစ်ပေါ်သည့်ကင်ဆာဆဲလ်များကိုစမ်းသပ်ကုသရာတွင်အောင်မြင်ခဲ့ကြောင်းသိရသည်။OmidFarrokhzadနှင့်၎င်း၏လုပ်ဖော်ကိုင်ဖက်များမှာနာနိုပမာဏအဆင့်အထိအဆိုပါဆေးကိုပြုလုပ်ခဲ့ခြင်းဖြစ်ကာယင်းဆေးမှာပုံမှန်ဓါတုကုထုံးများတွင်ဖြစ်တတ်သည့်ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ခြင်းမရှိကြောင်းလည်းpresstvသတင်းတွင်ဖော်ပြခဲ့သည်။
နာမည်ထင်ရှားသည်ဓါတုကုထုံးကုသမှုမှာကင်ဆာဆဲလ်များကိုသတ်ရုံသာမကကျန်းမာသောအခြားဆဲလ်များကိုလည်းပျက်စီးစေကြောင်းသိရသည်။ယခုကုထုံးမှာဓါတုကုထုံးမှ ဖြစ်ပေါ်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာခြင်းမရှိဘဲတိရစ္ဆာန်များတွင်စမ်းသပ်ချက်အရအဆိုပါ ဆေးမှာဓါတုကုထုံးထက်စာပါက၅၀၀မှ၁၀၀၀ရာနှုန်းအထိ ဘေးထွက်ဆိုးကျိုးနည်းပါးစေကြောင်းလည်း OmidFarrokhzadမှရှင်းလင်း ပြောကြားခဲ့သည်။ယခုဆေးကို ဆေးကုခန်းများတွင်စမ်းသပ်အပြီးတွင် ဈေးကွက်သို့ နောက်ထပ်ငါးနှစ်အတွင်း ရောက်ရှိလာမည့် ဖြစ်သည်ဟု၎င်းမှ ပြောခဲ့သည်။ဟားဗာဒ်တက္ကသိုလ်မှာယခုဆေးကိုကင်ဆာကုထုံးများအတွင်းပါရာဒိုင်းအရွေ့တစ်ခုအဖြစ်အသိအမှတ်ပြုခဲ့ကြောင်းလည်းpresstvသတင်းတွင် ဖော်ပြခဲ့သည်။

 Myanmar Express

No comments:

Post a Comment

My Blog List