Monday, April 16, 2012
နှစ်သစ်အခါသမယမှာ ကံကောင်းခြင်းလက်ဆောင်တွေသယ်ဆောင်လာခဲ့သော မြန်မာပြည်
သင်္ကြန်အပြီး မြန်မာပြည်"အရပ်သား"အစိုးရအတွက်သတင်းကောင်းတပုဒ်ရှိနေပါတယ်။မြန်မာနိုင်ငံအပေါ်ဒဏ်ခတ်ပိတ်ဆို့ထားမှုကို သြစတေးလျက ရုပ်သိမ်းလိုက်ပါပြီ တဲ့။
သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် ယခင် စစ်အုပ်စု အ၀န်းအ၀ိုင်းထဲက လူပေါင်း ၂၆၀ ကျော်ရဲ့ ဘဏ္ဍာရေး နဲ့ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ သြစီနိုင်ငံခြားရေးဝန်ကြီး Bob Carr က ဒီနေ့ ပြောလိုက်တဲ့အကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
သို့သော် - စစ်လက်နက်ပစ္စည်း ရောင်းဝယ်ခြင်းကိုတော့ ဆက်ပြီး ပိတ်ထားပါတယ် တဲ့။
အခုရုပ်သိမ်းလိုက်တာက အရမ်းအိုကေမှာပါ။ သေနတ်နဲ့ ကျည်ဆံကတော့ အတိုင်းအတာတခုအထိ တခြားနေရာက ၀ယ်လို့ ရ၊ ကိုယ်တိုင်ထုတ်လို့ရနေတာပဲ မဟုတ်လား။
နှစ်သစ်မှာ သမ္မတကြီးတို့အတွက် စိတ်ချမ်းသာစရာတွေ ပေါ်လာပါပြီ။
သမ္မတကြီးတို့ဘက်ကလည်း အများပြည်သူ စိတ်ချမ်းသာအောင် လုပ်ဖို့ ကျန်နေပါသေးတယ်။
ပိတ်ဆို့ထားတာတွေ၊ ဖမ်းဆီးထားတာတွေ၊ တားမြစ် ကန့်သတ်ထားတာတွေကို နှစ်သစ်မှာ လျှော့ချလိုက်၊ ရုပ်သိမ်းလိုက်ရင်တော့ တကယ့် မင်္ဂလာပါပဲ။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment